One sided love is secret? May be!

2K 217 5
                                    


Zawgyi

သူမငိုကြွေးရင်း လန့်နိုးလာခဲ့တယ်။ သူမရဲ့လက်တွေက တစ်စုံတစ်ခုကို မြဲမြဲဆုပ်ကိုင်ထားခဲ့တယ်။အမြင်အာရုံတွေကဝေဝါးပြီး မိုးသံသဲ့သဲ့က နားထဲတိုးဝင်လာတယ်။ အိမ်မက်ဆိုးမက်နေခဲ့တာဘဲ။

မျက်လုံးကိုပွတ်သပ်လိုက်ပြီး သူမ ကြိုးစားထလိုက်သည်။ တစ်ကိုယ်လုံးချွေးတွေနင့်နေတာကြောင့် ကျောပြင်တစ်ခုလုံးရွှဲစိုနေလို့။

"Grace နိုးပြီလား"

သူမဘေးက လှုပ်ရှားမှုကို ခုမှသတိထားမိသည်။ သူမတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာက လက်ကြီးကြီးတစ်ခု။ နဖူးပေါ်က ပုဝါစိုစိုကို သူမစမ်းမိလိုက်သည်။

ဝမ်းနည်းမှုအချို့လှိုက်တတ်လာတာကြောင့် ကျလတ်စမျက်ရည်နဲ့ပေါင်းပြီး သူမငိုသည်။ မျက်ရည်တွေက ပေါက်​ပေါက်ကျလာပြီး တရှုံ့ရှုံ့ငိုသံက ပတ်ဝန်းကျင်ကိုပျံ့သွားသည်။

"ဘာဖြစ်လို့လဲ။ နေလို့ဘယ်နေရာအဆင်မပြေဘူးလဲ ။ ဆရာဝန်ခေါ်ပေးရမလား "

သူမခေါင်းခါရင်း မျက်ရည်ကို ကြိုးစားသုတ်သည်။ အရင်ထဲက ဒီလိုကိစ္စမှာ နလန်ထူဖို့ ခက်ခဲခဲ့တာပါ။ နာကျင်ပြီး အပြင်းဖျားတိုင်း အိမ်မက်ဆိုးတွေဟာ သူမဆီရောက်လာပြီး နိုးထချိန်တိုင်းမှာ အထီးကျန်မှုက သူမကိုထွေးပွေ့တယ်။

ခပ်ဖွဖွလေး သူမခေါင်းကို ထိတွေ့မှု။ ဖြည်းဖြည်းချင်း သူမကိုထွေးပွေ့လိုက်တဲ့ရင်ခွင်ဟာ နွေးထွေးလွန်းတာကြောင့် သူမ ပိုမိုငိုကြွေးမိတယ်။

"ဘာမှမဖြစ်ဘူး။ အဆင်ပြေသွားလိမ့်မယ် "

ခပ်တိုးတိုးအသံက အနည်းငယ်တုန်ပြီး အက်နေခဲ့တယ်။ သူမပုခုံးကို ခပ်ဖွဖွပုတ်တဲ့လက်တစ်စုံဟာ နှစ်သိမ့်မှုကိုအပြည့်အဝပေးနိုင်တယ်။ အတော်လေးအကြာမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြန်တယ်။

ညအိပ်အဝတ်အစားသစ်တစ်စုံကိုသူမရှေ့မှာလာချတယ်။

"ကိုယ် ရေဝတ်သွားလဲလိုက်ဦးမယ်"

ခပ်တိုးတိုးပြောပြီး ထထွက်ကာ အခန်းတံခါးပါပိတ်ပေးသွားခဲ့တယ်။ ရွှဲစိုနေတဲ့အကျီကို သူမလဲပြီးနောက်မှာ ခပ်သဲ့သဲ့မိုးသံကိုနားထောင်ရင်း သူမ အိပ်ပျော်လုဆဲဆဲဖြစ်သွားပြန်တယ်။ ခပ်အေးအေးအထိအတွေ့တစ်ခုက နဖူးပေါ်ရောက်လာပြီး သူမပုခုံးပေါ်
မှာတော့ခပ်ဖွဖွ ခပ်မှန်မှန်ပုတ်ပေးတဲ့နှစ်သိမ့်မှုတစ်ခု။ အာ့နောက် သူမနှစ်ခြိုက်စွာအိပ်ပျော်သွားတော့တယ်။

One sided love is not loveWhere stories live. Discover now