One sided love is not love,Its heartbreak

2.9K 250 0
                                    

Zawgyi

တစ်ဖက်သတ်အချစ်ကအချစ်မဟုတ်ဘူး။ နှလုံးသားနာကျင်မှုတစ်ခုဘဲဖြစ်တယ်။
အချစ်ဆိုတာ တစ်ယောက်ကပေးပြီး တစ်ယောက်ကယူတာဖြစ်ပြီး အပေးအယူဟာအပြန်အလှန်ဖြစ်မှပျော်ရွှင် စရာကောင်းသတဲ့။ သူမကချည်းပေးနေချိန်မှာ အခြားတစ်ဘက်ကသူ့ရဲ့တုံ့ပြန်မှုမရှိရင်။ တစ်စုံတစ်ယောက်ကမျှော်လင့်ချက်တစ်ခုနဲ့ စောင့်နေခဲ့ပြီး နောက်တစ်ယောက်က ဒီအချစ်ဆိုတဲ့ခေါင်းစဉ်ကို ရှောင်ဖယ်နေခဲ့ရင်။ တစ်စုံတစ်ယောက်အတွက် သူမ ဘာမဆိုလုပ်ခဲ့ပြီး ထိုသူက ဒါလေးကိုတောင် မသိခဲ့ရင်။ တစ်စုံတစ်ယောက်ရဲ့နာကျင်စွာငိုကျွေးမှုဟာ အခြားသူရဲ့ ပျော်ရွှင်စရာဖြစ်နေခဲ့ရင်.....။
တိတ်ဆိတ်မှု။အခြားစားပွဲဝိုင်းတွေက ဆူညံသံတွေကလွဲလို့ သူမတို့ကြားမှာတိတ်ဆိတ်နေခဲ့တယ်။ သူမပြုံးလိုက်သည်။ သိပ်နှစ်လိုဖွယ်ရာအပြုံးတစ်ခုဟာ ခပ်နွမ်းနွမ်းမျက်နှာပေါ်မှာ။
သူမရဲ့ ပန်ဒိုရာ သေတ္တာလေးပွင့်သွားခဲ့ပြီ။ (၈)နှစ်တာမပြောဖြစ်ခဲ့တဲ့စကားတစ်ခွန်းကို ဒီနေ့သူမရဲရင့်စွာပြောနိုင် ခဲ့ပြီ။ ဒါဟာဂုဏ်ယူစရာဘဲမို့ သူမဂုဏ်ယူစွာပြုံးလိုက်တာမဟုတ်လား။
"အင်း.....တကယ်လို့ နောက်(၅)နှစ်လောက်ထိ ဒီစကားကို အခုလို ရဲရဲဝံ့ဝံ့ပြောနိုင်မယ်ဆိုရင် အဲ့အချိန် ယုံကြည်ပေးနိုင်မယ်ထင်တယ်။ ခုချိန် သမီးက ငယ်သေးတယ်။ (၉)တန်းနှစ် ဆယ်ကျော်သက်ရဲ့ ပထမဆုံး စွဲလန်းမှုက ခုထိ ပါလာတာဖြစ်နိုင်တယ်။ သေချာသုံးသပ်ကြည့်ပေါ့"
သူမတ်တပ်ထရပ်လိုက်တော့ သူမမော့ကြည့်လိုက်တယ်။ သူမသဘောကျတဲ့ လက်ဖ၀ါးကြီးကြီးတစ်ခုက ခေါင်းပေါ်ကိုရောက်လာတယ်။ သူမပြုံးနေဆဲဘဲ။
"ကဲ...ဆရာသွားတော့မယ်။ ပြန်တော့။နောက်ကျနေပြီ"
ကျောခိုင်းလှည့်သွားတဲ့အထိ သူမပြုံးပြီးစောင့်နေခဲ့တယ်။
"လိုက်ပို့မယ်ဆို....ဒီတိုင်းထွက်သွားလို့ရလား"
သူပြန်လှည့်ကြည့်လာတဲ့အထိ သူမရဲ့ ခပ်ယဲ့ယဲ့အပြုံးကရှိဆဲဘဲ။
"အခြေအနေကမတူတော့ဘူးကလေးမ။ အခွင့်အရေးမယူသင့်ဘူးမှတ်လား"
ထိုစကားသံက တိုးပေမဲ့ သူမပြတ်ပြတ်သားသားကြားလိုက်ပါတယ်။
"အခြေအနေတွေမတူတော့ဘူးဆရာ၊ သမီးက အခု လုံးဝ ဆရာ့နောက်ကို သိသိသာသာလိုက်တော့မှာ ဒါ့ကြောင့်အခွင့်အရေးအပြည့်အ၀ ယူနိုင်သလောက်ယူတော့မယ်"
"ခေါင်းကြောမာတဲ့ကလေး"
ထိုယောက်ျားက ခပ်တိုးတိုးပြောပြီး ထွက်သွားသည်။ သူမကလဲနောက်ကနေထပ်ကြပ်မကွာ။
ထိုညက သူမအိမ်ရှေ့ထိလိုက်ပို့ခဲ့သည်။ ရှက်အမ်းအမ်းမျက်နှာထားတစ်ခုက ထိုယောက်ျားရဲ့မျက်နှာမှာ။ သူမအရမ်းကိုငိုက်မြည်းနေခဲ့ပေမဲ့ ကားပေါ်မအိပ်မိအောင်အတော်ကြိုးစားခဲ့သည်။
မမျှော်လင့်ခဲ့ဘူး။ ဒီလိုနေ့ရောက်လာမယ်လို့။ သူမထိုညမှာဆုံးဖြတ်ချက်ချလိုက်သည်။ ရှေ့ဆက်တိုးဖို့ဘဲလိုတယ် နောက်ပြန်ဆုတ်ရိုးထုံးစံမရှိ....။
နေ့ရက်တွေက သိသိသာသာပြောင်းလဲခြင်းမရှိလည်ပတ်နေခဲ့တယ်။ တစ်ခုဘဲ သူမရဲ့ Green Tea လေးဘယ်တော့မှ တို့ထိခြင်းမခံရတော့။ သူမနဲ့ ထိုယောက်ျားရုံးဆင်းချိန်ဘယ်တော့မှမတူတော့။ ရှောင်ဖယ်ခံရခြင်းဆိုတဲ့စကားကို သူမသိသိသာသာနားလည်လာတယ်။ ဒါပေမဲ့ ထိုယောကျာ်းရဲ့ အခြားသူတွေ ကြောင့်ဖြစ်လာတဲ့အပြုံးတွေနဲ့ သူမ ခရီးဆက်ခဲ့တယ်။ ထိုယောကျာ်းရဲ့ တောက်ပတဲ့မျက်ဝန်းတွေက သူမရဲ့ခွန်အားဖြစ်နေဆဲဘဲ။ အသဲကွဲခြင်းနာကျင်ခြင်း။ သူမဘ၀မှာဘယ်တုန်းကမှမရှိခဲ့။ သူမရဲ့ရည်ရွယ်ချက်က ထိုယောက်ျားဖြစ်တာမလို့။

One sided love is not loveWhere stories live. Discover now