One sided love is not love, It's crush, infatuation, obsession.

2.5K 224 0
                                    


Zawgyi



တစ်ဖက်သတ်အချစ်ဟာအချစ်မဟုတ်ဘူး။ ဒါဟာ ကြေကွဲနာကျင်ခြင်း....။အရူးအမူးစွဲလမ်းခြင်းဖြစ်တယ်။


တစ်စုံတစ်ယောက်ကိုနှစ်သက်တဲ့အခါ သဘောကျတဲ့အခါ အချစ်စစ်မှန်ရင် ဘယ်သောအခါမှ တစ်ဖက်ထဲမရှိဘဲ အသွားအပြန်ရှိသတဲ့...။ အချစ်မှာ စိတ်ရှည်ခြင်း၊ နားလည်ခြင်းတွေရှိပြီး အချစ်စစ်ကြောင့် လူနှစ်ဦးဟာ အတတ်အကျတွေရှိတဲ့ လောကဓံကိုအတူတူဖြတ်ကျော်နိုင်ခဲ့တာတဲ့....။


သူမထိုယောက်ျားကိုဆန္ဒရှိစွာရွေးချယ်ခဲ့တယ်။ ထိုယောက်ျားရဲ့ ဖြစ်တည်မှုကို လက်ခံတယ်။ အဆိုးဆုံးအခြေအနေရောက်ရင်တောင်ထိုယောက်ျားကို သူမလက်လွှတ်မှာမဟုတ်ဘူး...။ဒါပေမဲ့ ဒီလိုဆုံးဖြတ်ချက်တွေဟာအပြန်အလှန်မဟုတ်ခဲ့တဲ့အခါ...တစ်ခါတစ်လေမှာ စွန့်ကြဲရောက်ရှိလာတဲ့နွေးထွေးမှု တစ်ခုတစ်လေနဲ့ သူမ မကျေနပ်နိုင်တော့တဲ့အခါ.... နာကျင်မှုတွေက တဆစ်ဆစ်နဲ့နှလုံးသားကိုခြေမွခဲ့တယ်။


ထိုယောကျာ်းရဲ့ဘ၀မှာ တစ်ဦးတစ်ယောက်ကိုဘဲ လက်ခံနိုင်တယ်ထင်ပါရဲ့....။ သူမရဲ့ဖြစ်တည်မှုကို လက်ခံနိုင်စွမ်းမရှိခဲ့....။ သာမာန် လက်အောက်ငယ်သားတစ်ယောက်လို ကျောင်းသူတစ်ယောက်လို ပြီးတော့ အလိုလိုက်ခံရတဲ့ ညီမတစ်ဦးလိုကလွဲရင် ဘာမှပိုမလာခဲ့....။


ပျားရည်Green Tea ဟာ အရင်ကလို ထိုယောက်ျားကြိုက်တဲ့အရာဖြစ်လာတယ်။ လျစ်လျူရှုခံရတဲ့ ဆက်ဆံရေးတစ်ခုဟာ ပြန်လည်ကောင်းမွန်လာခဲ့တယ်။ သူမရဲ့မျှော်လင့်ချက်တွေ အနည်းငယ်တောက်ပလာပြန် တယ်။ အချစ်.... တစ်ခါတစ်လေ အချစ်လို့ ထင်ရလောက်တဲ့အထိ နူးညံ့တယ် နွေးထွေးတယ်။ ဒါ့ကြောင့် သူမ အထင်မှားချင်လာတယ်။


ဒါတွေဟာ မုန်တိုင်းမလာခင်လေပြေလေးနဲ့ အစပြုသလိုပေါ့...။ တစ်ခုသော ညနေဘက်ရုံးဆင်းချိန် မိုးဖွဲလေးတွေရွာကျချိန်မှာ ရင်းနှီးနေတဲ့ ဖိနပ်သံတစ်ခုကိုကြားလိုက်ရတယ်....။ သိပ်လှတဲ့ ဆံနွယ်တွေက မိုးရေအနည်းငယ် စိုစွတ်လို့ သူမမျက်လုံးတွေမနည်းငယ်ရဲနေခဲ့လို့...။ထိုယောက်ျားရဲ့ ချစ်ရပါသော အမျိုးသမီးဟာ ဖြုလျော်လျော် မျက်နှာနဲ့ သူမတို့ရုံးကိုရောက်လာခဲ့တယ်...။

One sided love is not loveWhere stories live. Discover now