One sided love, if we were never meet again!

1.9K 213 4
                                    


Zawgyi

သူမတွေးဖူးတယ်။ ထိုယောက်ျားနဲ့သာမဆုံခဲ့ရင်....

အချိန်ရဲ့ မှော်အဆန်ဆုံးအစွမ်းဟာ  မေ့တက်ဖို့ သင်ပေးခဲ့တာမဟုတ်ဘဲ အချို့သော အမှတ်တရတွေကို မေ့မရအောင် ရင်ထဲမှာ တံဆိပ်ခတ်ထားခဲ့တာပါ။ အမြဲတမ်းသတိရနေတာမျိုး မဟုတ်ပေမယ့်လည်း လွယ်လွယ်နဲ့မေ့မရနိုင်ပါဘူးတဲ့။

ချစ်တဲ့သူရဲ့ အချစ်ကို ပြန်ရအောင် ဘယ်နည်းနဲ့လုပ်ရမှန်းမသိတော့တဲ့အခါ..

ရှေ့ဆက်တိုးစရာလဲ လမ်းမရှိ..
နောက်ပြန်ဆုတ်ဖို့ခွင့်ပြုချက်လဲ ပါမလာတဲ့အခါ..သူမ လက်လွှတ်ခဲ့ဖူးတယ်။

နိဂုံးမရှိဘဲ အဆုံးသတ်သွားခဲ့ရတဲ့ ပုံပြင်တစ်ချို့လိုဘဲ သူမတို့တွေ့ဆုံချိန်တွေဟာ တိုတောင်းလှပေမယ့် ဆုံတွေနိုင်ဖို့ကို အစွမ်းကုန်ကြိုးစား ခဲ့ရတယ်။  ထို​ယောက်ျားနဲ့ အဝေးဆုံးနေရာကိုရောက်တဲ့နေ့တွေမှာ မေ့ဖျောက်နိုင်ပြီထင်ခဲ့ပေမဲ့ သူမတို့နှစ်ယောက်ကြားကံတရားကစီစဉ်ထားပြီးသားလို့ ထင်မိတယ်။

ဘယ်လောက်ကြိုးစားပေမဲ့ နီးစပ်ခွင့်ရှိချင်မှရှိလိမ့်မယ်။ တစ်သက်မှာ ဘယ်အချိန်ရောက်ရင် ဘယ်သူတွေနဲ့တွေ့ပြီး ဘာကိစ္စတွေဖြစ်လာမလဲ၊ ဘယ်အချိန်ရောက်ရင် ခွဲခွာသွားရမလဲဆိုတာ  အစကတည်းက သတ်မှတ်ပြီးသားဖြစ်ပါလိမ့်မယ်။

ဒီအချိန်မှာ​တော့အဆုံးသတ်သွားခဲ့လောက်ပါပြီ။ ဘဝမှာ ထိုယောက်ျားကြောင့် အပျော်ဆုံးအချိန်လေးရှိခဲ့တယ်။ တိုတောင်းပေမဲ့ သူမ ဆယ်စုနှစ်တစ်ခုစာ ရင်းနှီးပြီးရလိုက်တာမို့ တန်ဖိုးရှိပါတယ်။

အေးချမ်းတဲ့နေ့ရက်အချို့က ခပ်မြန်မြန်ဘဲကုန်ဆုံးသွားတယ်။ ဒီရက်တွေအတွင်း သူမစိတ်ကို ကြိုတင်ပြင်ဆင်ခဲ့တယ်။ အထူးသဖြင့် ယုယနဲ့တွေ့ဖို့။

အချစ်ဆိုတဲ့အရာကြောင့်နာကျင်မှုကို သူမအသားကျနေပေမဲ့ ဒီတစ်ခါ ရိုက်ခတ်မှုမှာ Friendship ပါနေခဲ့တယ်။ သူမတန်ဖိုးထားရတဲ့လူနှစ်ယောက်လုံးကို မနာကျင်စေဖို့က သူမ အတတ်နိုင်ဆုံးတိတ်တဆိတ်ဖြေရှင်းနိုင်လေ ကောင်းလေဖြစ်ခဲ့တယ်။

One sided love is not loveWhere stories live. Discover now