One sided love is not love that you can possess

1.9K 209 0
                                    

Zawgyi

သူမအသိစိတ်ဝင်လာတဲ့အခါမှာ ခပ်အေးအေးလေအချို့က သူမမျက်နှာတစ်ဝိုက်မှာ.... အသက်ရှုကြပ်တာအနည်းငယ်သက်သာသွားခဲ့တယ်....။ သိပ်ရင်းနှီးတဲ့တေးသွားတစ်ခုက ကြားတယ်ဆိုရုံလေး။ ဘေးမှာတော့ သူမမျက်နှာကို တစ်ချက်တစ်ချက်လှည့်​ကြည့်နေတဲ့ ဂျီအမ်...။

"တောင်းပန်ပါတယ်။ တစ်နေရာမှာချထားပေးခဲ့ပါ။ ကျွန်မအလုပ်လုပ်နိုင်မယ်မထင်ဘူး"

သူမအားလျော့စွာဆိုမိတယ်။ ဘာကိစ္စကြောင့်အပြန်ဝင်ခေါ်လဲမသိပေမဲ့ ဟိုတယ်ပြန်ပြီးအလုပ်လုပ်ရလောက်တဲ့အထိ သူမအခြေအနေကောင်းမနေခဲ့။

"အလုပ်မရှိပါဘူး"

တုံးတိတိအဖြေက နဲနဲတော့ သိမ်မွေ့နေခဲ့တယ်။

"ကျွန်မအိမ်ပြန်မှာမဟုတ်ဘူး"

ဟုတ်တယ်။ သူမအိမ်ပြန်လို့မရဘူး။ သူမယုယကိုရင်မဆိုင်ရဲဘူး။ သူမစိတ်တွေရှင်းလင်းစွာမတွေးနိုင်သေးခင်ထိ ယုယနဲ့မတွေ့ချင်သေးဘူး။

ပီယာနိုတေးသွားက ခပ်တိုးတိုး....ဖြည်းဖြည်းချင်းသူမအကြိုက်ဆုံးအပိုဒ်ကိုရောက်လာခဲ့တယ်။ သူမ နားထဲမှာ ယုယရဲ့ကိုကိုခေါ်သံ.... ထိုယောက်ျားရဲ့ အဓိပ္ပါယ်ဖွင့်ကခက်တဲ့မျက်ဝန်း။ နှုတ်ခမ်းတွေတုန်ယင်လာတာကြောင့်သူမကိုက်ချလိုက်တယ်။ မျက်ရည်တွေကအဆီးအတားမရှိ။ ရင်ဘတ်ထဲ နာကျင်ရသမျှအော်ပစ်လိုက်ချင်ပေမဲ့ သူမ မအော်ရဲ။

လက်ချောင်းတွေက ဆုတ်ချေရလွန်းလို့နာကျင်နေပြီး နှုတ်ခမ်းတွေက ထုံကျင်လာခဲ့တယ်။ သူမပင်ပန်းလွန်းလို့အိပ်ချင်ပေမဲ့ မအိပ်နိုင် သို့သော်နိုးနိုးကြားကြားလဲမရှိ။ ငိုနေတဲ့မျက်ရည်တွေအတွက်သူမရှက်သည်။ ရှက်စရာကောင်းလွန်းလို့ သူမ သုတ်ပေမဲ့ မကုန်ခမ်းနိုင်ခဲ့။

အိမ်မက်ယောင်နေသူတစ်ယောက်လို သူမရဲ့အပျော်ဆုံးအချိန်ကို ပြန်တွေးမိလာသည်။ သူမကို ချစ်တယ်တဲ့....

သူမဘာမှမတုံ့ပြန်ရသေးခင်မှာဘဲ သိပ်လှတဲ့ထောင်ချောက်ထဲ နက်နက်ရှိုင်းရှိုင်းဆင်းသက်ခဲ့ပြီးပြီ။ သူမရဲ့ စိတ်ကူးအတွေးတွေထဲမှာ ထိုယောကျာ်းနဲ့ရှေ့ဆက်မဲ့အနာဂါတ်ကို ပုံဖော်ခဲ့ပြီးပြီ။ သူမ သဘောကျရတဲ့မျက်ဝန်းတွေဟာ သူမကြောင့် တောက်ပစွာပြုံးနေလိမ့်မယ်ဆိုတဲ့အတွေးဟာ သူမကိုအပျော်ဆုံးလူသားဖြစ်စေခဲ့ပြီးပြီ။

One sided love is not loveWhere stories live. Discover now