One sided love is not love

17.3K 397 14
                                    

Zawgyi


ခုချိန်ထိလင်းနေတဲ့အခန်းကိုတစ်ချက်လောက်လှမ်းကြည့်ပြီး နာရီတစ်ချက်ပြန်ကြည့်မိလိုက်တယ်။ ည(၈)နာရီခွဲ ထိုယောက်ျားအတွက် Green Tea နွေးနွေးလေးလုပ်ပြီး သွားပို့ဦးမှဆိုတဲ့ အတွေးတစ်ခုနဲ့ သူမထရပ်မိလိုက် တယ်။ ညတိုင်းညတိုင်း ဘယ်တော့မှစောစောရုံးမဆင်းတတ်တဲ့ ထိုယောက်ျား၊ ဘ၀မှာ သူမအတွက် တစ်ဦးတည်းသော မှီတွယ်ရာ...။


"ဆရာ ခဏနားလိုက်ပါဦးလား"


သူမ Green Tea ကိုပျားရည်ရောထားတဲ့ ခွက်ကိုစားပွဲပေါ်ဖြည်းညှင်းစွာချပြီးပြောလိုက်သည်။


"အင်း ထားခဲ့လိုက်"


သူမကို မကြည့်ဘဲ ပြောလိုက်တဲ့စကားတစ်ခု။ ခန့်ညားလှတဲ့ သူ့မျက်နှာက အနည်းငယ်နွမ်းနေသယောင် ယောင်။ ဒါပေမဲ့ သူ့မျက်ဝန်းတွေက တောက်ပနေဆဲ။ ကြိုးစားနေဆဲ။တံခါးကိုဖြည်းဖြည်းချင်းပိတ်ပြီး သူမ နာရီကိုတစ်ချက်ထပ်ကြည့်လိုက်သည်။ ပြန်တော့မှပါ။ မဟုတ်ရင် ကားမရှိဘဲနေလိမ့်မယ်။


ကွန်ပျူတာကို ပိတ်လိုက်ပြီး မီးကိုတစ်ချက်စစ်လိုက်သည်။ ခပ်ဝေးဝေးက ဖြာကျနေတဲ့အခန်းကလွဲလို့ အရာအားလုံးမှောင်မဲလျက်။ သူမခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။


"Good Night"


ညနက်တဲ့ထိလုပ်ဦးမှာပေါ့....။တစ်ခါတစ်လေကျန်းမာရေးဂရုစိုက်ဖို့သူမမှာချင်ပေမဲ့ ခေါင်းမာတဲ့သူ့ကို မပြောနိုင်ဘူးဆိုတာ သူမနားလည်တယ်။ ညနေခင်းရုံးဆင်းချိန်အလွန်ကကြားခဲ့တဲ့စကားအရ နက်ဖြန် သူ့ကောင်မလေးနဲ့ချိန်းထားသေးတယ်။ သူမနောက်ကလိုက်ရဦးမှာပေါ့လေ။



(၈)တန်းနှစ်။ ထို(၈)တန်းနှစ်မှာဘဲ သူမဘ၀ပြောင်းလဲခဲ့တယ်။ တစ်ရက်ကျောင်းမှာစာသင်နေတုန်း ဆရာမတစ် ယောက်က သူမကို အခန်းပြင်ခေါ်ထုတ်ခဲ့တယ်။ ပြီးတော့ ထို နာကျင်ဖွယ်သတင်းတစ်ခုကို စာနာစွာပြောခဲ့ တယ်။ ထိုနေ့ကစပြီး သူမ မိဘမဲ့ဖြစ်ခဲ့တယ်။


(၉)တန်းနှစ်မှာ သူမ ထိုယောက်ျားကို စတွေ့ခဲ့တာ။အချိန်ပိုင်းကျောင်းဆရာအဖြစ်။ သူမကိုစတွေ့ချိန်မှာ သူမလက်ထဲမှာ ဘီယာတစ်ဗူးရှိခဲ့တယ်။ အမြဲဆေးလိပ်နံ့နံနေတဲ့ သူမ။ ဘာရယ်မဟုတ် နောင်တမရှိ ငယ်ဘ၀ကို ဖြတ်သန်းချင်ရုံစိတ်ရှိတဲ့ သူမ။ အရာရာစူးစမ်းလိုသောသူမ။

One sided love is not loveWhere stories live. Discover now