One sided love.....Please don't talk about it.

2.1K 208 0
                                    

Zawgyi

One sided love.....Please don't talk about it.

သူမရဲ့နေ့ရက်တွေဟာ အတော်လေးအေးချမ်းလာခဲ့တယ်။ တစ်ထပ်ခွဲရှိတဲ့ အိမ်လေးမှာ ယုယရယ် သူမရယ်ရှိနေပြီးတစ်ယောက်နဲ့တစ်ယောက်ဖေးမတယ်။ ကူညီတယ်။ အလုပ်ကပြန်လာရင်တစ်ယောက်တစ်လှည့်ညစာချက်ပြုတ်မယ်။ ရုပ်ရှင်ကြည့်ရင်းထမင်းစားကြမယ်။ တစ်ခါတစ်လေ နှစ်ယောက်သား အပြင်ထွက်ရုပ်ရှင်ကြည့်မယ်။

ပိတ်ရက်တွေဆို ထပ်ခိုးပေါ်က သူမအခန်းထဲမှာ နေမြင့်တဲ့အထိအိပ်မယ်။ နေ့လည်နေ့ခင်း စာဖတ်မယ် မဟုတ်လဲ သီချင်းနားထောင်လိမ့်မယ်။ တစ်ခါတစ်ရံအလုပ်က ကိစ္စကြီးပေါ်လာတဲ့အခါ အလုပ်ကိုပြေးမယ်။

တစ်ယောက်ကိုတစ်ယောက်ရင်ဖွင့်မယ်။ စနောက်မယ်။ တစ်ခါတစ်လေအကြံပေးမယ်။ တစ်ခါတစ်လေ အရင်ကသူငယ်ချင်းတွေနဲ့ ချိန်းကြမယ်။ တစ်ခါတစ်ရံ ကိုရေခဲတုံးစီနီယာကြီးအကြောင်း သူငယ်ချင်းတွေကိုပြောပြမယ်။ သူတို့က ရယ်ပြီးနားထောင်လိမ့်မယ်။

ပြီးတော့ ယုယရဲ့အချစ်​ရေးကိုစပ်စုမယ်။ သူမရဲ့နေ့ရက်တွေက အဓိပ္ပါယ်ရှိလာတယ်။ အသွားအပြန်ရှိတဲ့ချစ်ခြင်းမေတ္တာအချို့က သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ တိုးပွားလာခဲ့တယ်။

နှလုံးသားကို ပိတ်ထားခဲ့စဉ်က သူမအပေါ်ဂရုစိုက်သူတွေကို သူမမမြင်နိုင်ခဲ့သလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို မရနိုင်တဲ့သူဆီမှာ သူမရှာဖွေခဲ့တာကြောင့် နှလုံးသားဟာ အေးခဲနေခဲ့တယ်။ ဒါဟာ ထိုယောက်ျားရဲ့အမှားမဟုတ်တာသေချာလွန်းနေခဲ့ပြီး သူမကသာ ကပ်တွယ်ပြီးမျှော်လင့်လွန်းခဲ့တာဖြစ်မှန်းသူမနားလည်လာတယ်။

အရင်ဆုံး ကမ္ဘာပေါ်မှာ အခြားသူကိုမချစ်ခင် ကိုယ့်ကိုကိုယ်ချစ်ဖို့သင်ယူပါ။ ကိုယ့်ကိုကိုယ်တောင်မချစ်တတ်တဲ့သူဟာ အခြားတယောက်ကို မှန်ကန်တဲ့ချစ်ခြင်းနဲ့ ချစ်နိုင်မှာမဟုတ်ပါဘူးတဲ့။ ဒီအရာကို သူမနားလည်ချိန်ကစပြီး ကိုယ့်ကိုကိုယ်ချစ်တတ်လာတယ်။ လေးစားတတ်လာတယ်။

သူမအိမ်မက်အကောင်အထည်ဖော်ဖို့ကျောင်းတတ်စဉ်က သုံးခဲ့သမျှကိုပြန်စုတယ်။ဟိုတစ်ခါဖြစ်ပျက်ခဲ့တဲ့နှင်းဆီနီကိစ္စအတွက် ဟိုတယ်က VIP Promotion 10% ပေးလိုက်ရတာအတွက် သူမလစာထဲက နုတ်ခံရပေမဲ့ပေါ့။ အင်းပေါ့လေ။

One sided love is not loveWhere stories live. Discover now