One sided love should have an ending, Right?

2.4K 225 10
                                    

Zawgyi

လောကမှာ မပြီးဆုံးတဲ့စားသောက်ပွဲ၊ မရပ်နားတဲ့စစ်ပွဲဆိုပြီး မရှိပါဘူး။  အဲ့လိုဘဲ အဆုံးမသတ်နိုင်တဲ့ခံစားချက်ရယ်လို့ဘယ်ရှိပါ့မလဲ။ တစ်နေ့တော့ ရပ်နားပြီးဆုံးရတာချည်းဘဲလေ။

ဝန်ထမ်းအိမ်ယာမှာ နေဖို့လျှောက်ထားခဲ့ပေမဲ့ ဂျီအမ်ရဲ့ အစ်မဝမ်းကွဲ မမေနှင်းအိမ်မှာ  ၃လနေဖို့ သူမကတိပေးလိုက်ရတယ်။ အမှန်ကတော့ သူမကို တစ်ယောက်ထဲနေဖို့ စိတ်မချသေးကြတာပါဘဲ။

ဘဝမှာ အခြားသူအတွက် စဉ်းစားစရာမရှိတော့တဲ့နောက်မှာ သူမအတော်လေး ပေါ့ပါးသွားခဲ့တယ်။ ကိုယ့်အကြိုက်ကို နားလည်လာတယ်။ ကိုယ့်စိတ်ကို သတိထားမိလာတယ်။

မနက်စောစောထမယ်။ မမေနှင်းလုပ်ပေးတဲ့ မနက်စာကို အလုပ်ကိုယူသွားမယ်။ ဂျီအမ်နဲ့ တူတူမနက်စာစားကြမယ်။ တစ်နေ့တာ စုစုနဲ့ ကတောက်ကဆ အသေးအမွှားတွေဖြစ်မယ်။ လက်ပေါက်ကပ်တဲ့ ဂျီအမ်နဲ့ ငြင်းခုန်မယ်။ လှပတဲ့ ပွဲအခမ်းအနားတွေကိုဖန်တီးမယ်။ နောက်ကျတဲ့ ညတွေမှာဆို ဂျီအမ်က သူမကို အိမ်ပြန်ပို့လိမ့်မယ်။ စနေ တနဂ်နွဆေို အခန်းထဲမှာ စိတ်ကြိုက်စာဖတ်တာလုပ်နိုင်သလို့ ဖူးဖူးလာလည်တဲ့နေ့လည်ခင်းတွေမှာ တူတူဆော့ကစားပေးနိုင်တယ်။

သူမကို လိုအပ်ပါတယ်လို့ ဖွင့်ပြောခဲ့သူကတော့ မသိလိုက်မသိဘာသာဘဲ သူမနားမှာ ရှိနေလိမ့်မယ်။ တောင်းဆိုမှုမရှိ ထိုလူ့နားမှာ စိတ်သက်သာစွာနေနိုင်တဲ့ခံစားချက်မျိုး။ လုံခြုံပြီး နွေးထွေးတယ်။ တဆက်ထဲမှာဘဲ မိသားစုလိုခံစားရတယ်။

မမေနှင်းနဲ့ သူမနဲ့ကတော့ ခပ်တန်းတန်းဆက်ဆံရေးမှာ ရှိခဲ့တယ်။ ထိုအမျိုးသမီးက လှပပြီး လက်ပေါက်ကပ်တဲ့ အပျိုကြီး မမရယ်လို့သူမတို့ကျောင်းမှာထဲက နာမည်ကြီးခဲ့တာမဟုတ်လား။ ဒါပေမဲ့ သူမနဲ့ အိမ်ရှင်အိမ်ငှားဆက်ဆံရေးထက်တော့အနည်းငယ် ပိုပိုသာသာရှိခဲ့ပြီး သူမစိတ်ကြိုက် လွတ်လပ်စွာနေနိုင်တာကြောင့် သဘောကျခဲ့တယ်။

ဘဝက အစောထဲက ဒီလိုဆို ဘယ်လောက်ကောင်းလိုက်မလဲ။

၁လ ဆိုတဲ့ အချိန်က ခဏလေးနဲ့ ကုန်ဆုံးသွားခဲ့တယ်။ လစာထုတ်ရက်ညနေမှာ သူမကို ဂျီအမ်က ညစာတူတူစားဖို့ ဖိတ်ခေါ်တယ်။ ဘာမှ ကြီးကြီးကျယ်ကျယ်မျိုးမဟုတ်ဘဲ ပေါ့ပါးပြီး စိတ်ကြိုက်စားလို့ရတဲ့ တရုတ်ဆိုင်လေးမှာ သူမတို့ ညစာစားကြတယ်။ စကားပြောကြတယ်။ ပြီးတော့ သူမကို အိမ်လိုက်ပို့တယ်။ ဒီလိုခံစားချက်က ပေါ့ပါးပြီးလတ်ဆတ်တယ်။ ရင်ထဲမှာ တလှပ်လှပ်နဲ့ သူများအရိပ်အခြည်ကြည့်နေခဲ့တဲ့ ယခင် ဒိတ်တွေနဲ့ ခြားနားတယ်။ သူမသဘောကျတဲ့ဟင်းပွဲအချို့နဲ့ ဂျီအမ်သဘောကျတဲ့ ဟင်းပွဲအချို့ပေါင်းစပ်ထားတဲ့ ညစာမျိုး။ သူမရဲ့အညိုဖျော့ဖျော့မျက်ဝန်းတွေက ကွေးညွတ်နေတဲ့အထိ လှပနေခဲ့တယ်။

One sided love is not loveWhere stories live. Discover now