One sided love is not love, it's the past that I'll never forget

2K 213 1
                                    

Zawgyi

တဖက်သတ်အချစ်က အချစ်မဟုတ်ဘူး။သူမရဲ့မေ့ဖျောက်ဖို့ခက်တဲ့အတိတ်ဟောင်းတစ်ခုဖြစ်တယ် သူမအတွက် ထိုအတိတ်ဟောင်းက လွတ်မြောက်ဖို့ ၆နှစ်အချိန်ယူခဲ့ရတယ်။ သူမအိမ်မက်ကိုတွေ့အောင်ရှာခဲ့တယ် ပြီးတော့ထိအိမ်မက်ပေါ်မှာ မြှုပ်နှံခဲ့တယ်။

၂၈နှစ်၊ သူမ ၂၈နှစ်ပြည့်ချိန်မှာ သူမကျောခိုင်းခဲ့တဲ့ ထိုယောက်ျားရှိတဲ့မြေပေါ်ပြန်ရောက်လာခဲ့တယ်။ လွန်ခဲ့တဲ့ ၆နှစ်အတွင်း သူမရဲ့အိမ်မက်နောက်ကို စိတ်ရောကိုယ်ပါလိုက်ခဲ့တယ်။  Decoration and Event ပိုင်းကို သူမ တစိုက်မတ်မတ်လုပ်ခဲ့တယ်။ လေ့လာခဲ့ပြီး ဘွဲ့တခုရလာခဲ့တယ် ပြီးတော့ အချိန်ပိုင်းအလုပ်သင် ပြီးတော့ Officer နောက်တော့ သူမကိုယ်သူမ အလုပ်တွေရှုပ်စေခဲ့ပြီး အချစ်ရေးကိုမေ့လျော့စေခဲ့တယ်။

သိသိသာသာတိုးတတ်လာတဲ့အရာကပေါင်းသင်းဆက်ဆံရေးဖြစ်ပြီး သူမမှာ သူငယ်ချင်းများလာခဲ့တယ်။ အရင်က အဆက်အသွယ်ဖြတ်ထားခဲ့တဲ့သူတွေကို ပြန်လည်ဆက်သွယ်ပြီး သူမဘဝဟာ အတော်အတန်ပြောင်းလဲလာခဲ့တာကြောင့် သူမတည်ငြိမ်ခဲ့ပြီထင်ခဲ့ပေမဲ့

တိတ်ဆိတ်သွားတဲ့အချိန်တွေမှာ......
အလုပ်ပါးသွားပြီး အနားယူချိန်တွေမှာ....
ပြီးတော့ ထိုယောက်ျားနှစ်သက်တတ်တဲ့တစုံတခုကိုတွေ့တိုင်းမှာ...
သူမ ငြိမ်သက်သွားခဲ့ပြီး အတိတ်က သူမချစ်ခဲ့တဲ့ထိုယောက်ျားကိုသတိရမိတယ်။
တဖက်သတ်အချစ်တဲ့ ပထမဆုံးအချစ်မို့မေ့ရန်ခက်တဲ့အတိတ်ဟောင်းတစ်ခု။

"ဂရေ့စ်...."

ခေါ်သံစူးစူးတစ်ခုကြောင့်သူမအတွေးစ ပျက်သွားခဲ့တယ်။ ယုယဟာ ကတိတည်စွာဘဲ သူမကိုလာကြိုနေခဲ့ပြီး ကလေးဆန်စွာဖြူစင်တဲ့အပြုံးတစ်ခုဟာ သူမနှုတ်ခမ်းမှာ ရှိနေခဲ့တယ်။

ယုယဟာ သူမနိုင်ငံခြားမှာရှိစဉ်က အခန်းတူနေ ကောင်မလေးတစ်ယောက်ဖြစ်ပြီး နှစ်နှစ်ပိုစောကာ မြန်မာပြည်ကိုပြန်ခဲ့သူဖြစ်တယ်။ သူမ ကျောင်းတတ်ဖို့သွားစဉ်ကအတော်လေးခင်ခဲ့ရတဲ့ညီမလေးဖြစ်ပြီး သူမပြန်လာစဉ်မှာလဲ အစစကူညီမည်ဖြစ်ကြောင်းတဖွဖွပြောခဲ့တဲ့ ကလေးမလေး၊ သူမထက် ၂နှစ်လောက်ငယ်တဲ့ ထိုကလေးမလေးဟာ တတ်ကြွပြီး ဖြူစင်တယ် သူမအပေါ် အဖော်မင်တဲ့သူဖြစ်ပြီး သူမကလဲ ထိုမိန်းကလေးအပေါ်သံယောဇဉ်ကြီးခဲ့တယ်။

One sided love is not loveWo Geschichten leben. Entdecke jetzt