One sided love is not love, it is just a cursed

2.3K 215 12
                                    

Zawgyi

သူမရဲ့တစ်ဖက်သတ်အချစ်ပြီးဆုံးသွားခဲ့ချိန်မှာ သူမရှေ့က အမျိုးသားရဲ့ ပန်ဒိုရာသေတ္တာဟာ မမျှော်လင့်ဘဲ ပွင့်အံလာခဲ့တယ်။

" ဂရေ့စ်....  ဒီလိုအချိန်ကို လူတွေက ပွဲ့လန့်တုန်းဖျာခင်းတယ်လို့ခေါ်တယ်။ မင်းလဲ အဲ့ဒီလိုမြင်နေနိုင်မှာဘဲ ကိုယ်တွေးတယ်။

မင်းနာကျင်နေတာကို သိတယ်။ ခုချိန် မင်းနှလုံးသားက အခြားသူတစ်ယောက်ကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ဘူး ဒါကို ကိုယ်နားလည်တယ်။ ချက်ချင်းလဲ လက်ခံစရာမလိုသလို ငြင်းပယ်စရာလဲ မလိုဘူး။ မင်းကို ကိုယ်လိုအပ်ကြောင်း သိစေချင်ရုံဘဲ။

အပေါ်က အကြောင်းပြချက်တွေထက် ကိုယ်မင်းကို လိုအပ်တယ်။ အထူးသဖြင့် မင်းပျော်ရွှင်နေတာကိုပိုလိုအပ်တယ်။ မင်းကိုအကြိမ်ကြိမ် ရှာပြီးခဲ့ပြီ။နောက်ဆုံးကိုယ့်နားကိုရောက်လာရုံရှိသေးတာမို့ ထပ်ပြီးပျောက်ကွယ်မသွားစေချင်တော့ဘူး။ ကျေးဇူးပြုပြီး..."

" ဘယ်ထဲကလဲ "

" မင်းပထမနှစ် ပထမဆုံးရက် ဘာ့ကြောင့် ဒီကျောင်းကို ရွေးချယ်သလဲဆိုတာ ထဖြေခဲ့တယ် "

" ကျွန်မဘာဖြေခဲ့သလဲ "

"  စီနီယာတစ်ယောက်ကို အားကျလို့ပါတဲ့ "

မဲ့ပြုံးတစ်ခု သူမမျက်နှာမှာတွဲခိုတယ်။

" သေသေချာချာကြီးမှတ်မိနေတာဘဲ"

"သေသေချာချာကြီးကိုမှတ်မိနေခဲ့တာပေါ့ "

" ဂျီအမ်အဲ့အချိန်တုန်းက ဒုတိယနှစ်ဘဲ ဘယ်လိုလုပ်....."

ပထမနှစ်တွေရဲ့ ပထမဆုံးနေ့မှာ ဒုတိယနှစ်တွေ ကျောင်းမဖွင့်သေးဘူး။ ဒါကို သူမသေချာသိတာကြောင့် ပြန်မေးဖို့လုပ်ခဲ့ပေမဲ့ ဂျီအမ်က သူမကို သိသိသာသာပြုံးပြခဲ့တယ်။

" ဒုတိယနှစ်မလို့ မင်းကို သေချာ သတိထားမိခဲ့တာ။

ဒုတိယနှစ်က ကိုယ့်အတွက်အခက်ခဲဆုံးနှစ်မလို့"

One sided love is not loveWhere stories live. Discover now