# What is one sided love? #

2.2K 224 0
                                    

Zawgyi

အိမ်ထဲကလှမ်းကြည့်နေတဲ့ အမျိုးသမီးဟာ ကြော့ရှင်းပြီး လှပနေခဲ့တယ်။ ထိုအမျိုးသမီးရဲ့ မျက်နှာမှာ အပြုံးတစ်ခုတွဲခိုနေခဲ့တယ်။ အရှေ့ဘက် ဒန်းပေါ်မှာ ထိုင်နေတဲ့ သူမ မောင်ဝမ်းကွဲဟာ အေးစက်စက်နဲ့ အရာရာကို ဂရုမစိုက်လှပေမဲ့ ဘေးက အမျိုးသမီးလေးကို သဘောကျချိန်ကစပြီး ခံစားချက်တွေရှိတဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။

တစ်ဦးတည်းသောသမီးဖြစ်တဲ့ သူမအတွက် မောင်ဝမ်းကွဲကို စောင့်ရှောက်ရမဲ့သူအဖြစ် ငယ်ငယ်ထဲက ခံယူထားသလို မေမေ့အတွက်လဲ ရှိုင်းဟာ တစ်ဦးထဲသော တူလေးအဖြစ်ဂရုစိုက်ခဲ့တာကလဲ သူမအပေါ် အတော်လေး လွှမ်းမိုးခဲ့တယ်။

ပျော်ရွှင်စေချင်တယ်။ အိမ်တွင်းရေး ကတောက်ကဆတွေမရှိဘဲ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းစေချင်ခဲ့တယ်။ လမ်းမှားရောက်မှာ စိုးကြောက်ခဲ့တယ်။ ဘယ်သူကထင်မှာလဲ မိန်းကလေးတယောက်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားမယ်လို့။

ရှိုင်းက သူ့နည်းလမ်းနဲ့သူ မိန်းကလေးကို ချစ်တယ်။ စောင့်ရှောက်တယ်။ သူမကိုလဲ ပြောပြခဲ့တယ်။ဖျော့တော့တဲ့ အညိုရောင်မျက်ဝန်းတွေနဲ့ မိန်းကလေးအကြောင်း။  တော်တယ်။ ထက်မြက်တယ်။ ဒါပေမဲ့ မိန်းက​လေးရဲ့ရွေးချယ်မှုတွေကတော့ ခန့်မှန်းရခက်တယ်။ အထူးသဖြင့် သိသာလွန်းတဲ့ မျက်ဝန်းတွေ။ မကြိုက်တဲ့ဘာသာရပ်၊ အတတ်ပညာတစ်ခုခုကိုလုပ်နေချိန်မှာ အေးစက်စက်နဲ့ စူးလတ်နေခဲ့ပြီး ပျော်မွေ့တဲ့ ဘာသာမှာတော့ ဖျော့တော့ပြီး ကွေးညွတ်လှပတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ မကြိုက်တာကို ရွေးချယ်တာ များနေပြန်ကော။

ထိုမိန်းကလေး​ကို လွှမ်းမိုးတဲ့အရာဟာ အတော်လေး အားကြီးသလို ရွေးချယ်တဲ့ အရာတွေကိုလဲ သူမအတော်လေးရင်းနှီးကျွမ်းဝင်နေခဲ့တယ်။ပြီးတော့ သူမချစ်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်ကို သတိရလာစေတယ်။

ရှိုင်းကမိန်းကလေးရဲ့တဇွတ်ထိုးဆန်တဲ့အပြုအမူတွေကို ချစ်သတဲ့။ ခေါင်းမာတဲ့စိတ်ဓာတ်ကို သဘောကျသတဲ့။ စီနီယာကိုသဘောကျတဲ့စိတ်ကြောင့် ကြိုးစားနေတဲ့သူကို မြတ်နိုးသတဲ့။

One sided love is not loveWhere stories live. Discover now