အပိုင်း(၁၈)uni

4.6K 343 80
                                    

ည ၁၂ ထိုးသည်အထိဆက်နောင်အိပ်ယာမဝင်သေးပါ။ နီးကပ်လာသော စာမေးပွဲကြီးအတွက်
အားသွန်ခွန်စိုက်ကြိုးစားနေရသည်။အရင်ကလိုသာဆိုအောင်ပြီးရောသာနေဖြစ်မှာပင်။ခုကတော့မရတော့ပါ စစ်သွင်ကို ကတိပေးသလို ၅ဘာသာပါအောင်ကြိုးစားရမည်။

အရင်ရက်တွေကဆို စစ်သွင်ပါမအိပ်ပဲစာကူလုပ်ပေးနေကြပေမဲ့ ဒီနေ့တော့ ခေါင်းမူးနေသဖြင့် စောစောအိပ်ယာဝင်သွားလေသည်။ ဆက်နောင်ကတော့ မအိပ်ပဲဇွဲရှိရှိစာဆက်လုပ်နေခြင်းသာ။ ဒီနေ့သူအပြီးလုပ်ရမဲ့ မေးခွန်းဟောင်းတွေတွက်ပြီးတော့မှနားဖြစ်သည်။ အချိန်က ၁နာရီထိုးနေပြီပင်။ဆက်နောင် စားပွဲမှ ထကာ အကျောဆန့်ပြီး ကုတင်ပေါ် ပြစ်လှဲလိုက်လေသည်။

" အားးညောင်းလိုက်တာကွာ "

ည၈နာရီကတည်းက ၅နာရီဆက်တိုက်မနားတန်းလုပ် လိုက်ရသဖြင့် အတော်ပင် ညောင်းညာကိုက်ခဲနေတော့သည်။မနက်ကျောင်းမသွားရလို့သာတော်တော့သည်။ စာမေးပွဲကပ်လာသဖြင့် ကျောင်းမသွားပဲ အိမ်မှာနေ
ချင်လဲဖြစ်သည်။ ဆက်နောင်ကတော့ အိမ်မှာနေချင် သူဖြစ်သဖြင့် အိမ်မှာပဲ စစ်သွင်နားအမြဲကပ်နေတတ် ကာနေဖြစ်၏။ ကုတင်ပေါ်တွင် အကျောဆန့်ပြီးတာနဲ့ ခေါင်းအုံးလေးကိုင်ကာ စစ်သွင်အခန်းသို့ဆင်းလာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ ကုတင်ပေါ်တွင် အေးချမ်းစွာ
အိပ်ပျော်နေသော စစ်သွင်ကြောင့် ခြေသံဖွဖွနင်းကာကုတင်ဆီလျှောက်လာလိုက်ပြီးတစ်ဖက်သို့နေရာဝင် ယူလိုက်သည်။ ပြီးသည်နှင့် စစ်သွင်ဘက် တစ်ခြမ်းစောင်းလှဲအိပ်ကာ တစ်တောင်ဆစ်ဖြင့်ထောက်ထား၍ လက်ဖဝါးပေါ်မေးတင်လျက်စစ်သွင်ကိုငေးကြည့်နေမိသည်။

" ကိုကို ကသိပ်လှတာပဲ "

ဆက်နောင် အသံတိုးဖွဖွဖြင့်ဆိုမိလေသည်။
မျက်လုံးများမှေးစင်းကာ အိပ်ပျော်နေသော
စစ်သွင်မျက်နှာလေးမှာ အတော်ပင်ချောမောလှပနေလွန်းသည်။ မျက်တောင်ရှည်များ နဲ့ သွေးကျောလေးများ ဖြတ်ပြေးနေသော ပါးလေးတွေကလဲ ဆွဲဆောင်မှုရှိလွန်းသည်။ ပါးလေးတွေမှတစ်ဆင့် နှုတ်ခမ်းဖူးဖူးဆီ ဆက်နောင်အကြည့်ရောက်သွားလေသည်။ ဆိုးဆေးများပင်မလို နဂိုနီရဲနေသော နှုတ်ခမ်းပါးများက ဆက်နောင်ကို လွန်စွာ စိတ်ရှုပ်ရှားစေသည်။

My Property (ongoing)Where stories live. Discover now