အပိုင်း(၁၅) uni

4.8K 299 74
                                    

မနက်ခင်းလင်းရောင်ခြည်မပြည့်အဝမရခင်အချိန်ကတည်းက ဆက်နောင်နိုးနေလေပြီ။ဒီနေ့လိုကျောင်းပိတ်ရက်တွေဆို နေဖင်ထိုးတောင်မထတဲ့ ဆက်နောင်က ဒီနေ့တော့ တက်ကြွစွာ ဖြင့်သာယာတဲ့မနက်ခင်းလေးကိုနိုးထလာသည်။ မျက်လုံးနှစ်လုံးပွင့်တာ နဲ့နှုတ်ခမ်းထက်အပြုံးတို့ပန်ဆန်လျက် ကြည်လင်တောက်ပနေသည်။

" ဆက်နောင် မင်းတော်တော်တက်ကြွနေပါလား အချစ်ရဲ့စွမ်းအားကြောင့်ထင်တယ် ဟိဟိ "

ဆက်နောင်ကတော့တစ်ယောက်ထဲပြော၍ အူမြူးနေတော့သည်။ နာရီကြည့်တော့ ၇နာရီသာရှိသေးသည်။ သူလဲအလျင်အမြန်ထကာတစ်ခါတည်းရေချိုးပစ်လိုက်သည်။ ပြီးတာနဲ့
အဝတ်အစားလဲကာ ရေမွှေးပုလင်းလိုက်မှောက် ကျမတတ်ဖြန်းလိုက်တော့သည်။ အခန်းထဲကမထွက်ခင် ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာ သူ့ကိုသူခေါင်းစခြေဆုံးကြည့်လိုက်သေးသည်။

မိုးမကုန်သေးသဖြင့် မိုးအေးနေတာကြောင့်
လည်ဝိုင်း hoodie လေးနဲ့ jean ဘောင်းဘီအပြာကိုတွဲဝတ်ထားကာ shoe အဖြူရောင်ပါစီးထားသဖြင့် အလွန်ပင်ကြည့်ကောင်းနေလေသည်။ မဟော်ဂနီရောင်ဆံပင်တို့ကို ခပ်အုပ်အုပ်ဖီးထားသောကြောင့် ချောမောမှုနဲ့အတူ ချစ်စရာကောင်းမှုတို့ပါ တွဲရှပ်နေလေသည်။ ဆက်နောင် သူ့ကိုသူ ကျေနပ်စွာကြည့်ပြီးမှ အောက်ထပ်က
စစ်သွင်အခန်းဆီ သို့ဆင်းခဲ့လိုက်သည်။

ဒေါက်ဒေါက် .... ဒေါက်ဒေါက် ....

" ကိုကို "

" ကိုကိုရေ "

မနက်စောစောစီးစီးထ၍ပြုံးရွှင်နေသော သူတို့အကိုငယ်လေးအား ဝန်ထမ်းများကြည့်ကာ အံ့ဩနေကြရသည်။ ဝတ်ထားတာကလဲ မင်းသားတောင်အရှုံးပေးရလောက်သည်။ ခုလိုကျတော့လဲ အကိုလေး မျက်နှာလေးက အကြည့်လွဲချင်စရာတောင်မရှိ။ ဒီအိမ်မှာ ရေးစစ်သွင်ရောက်ကတည်းက အေးချမ်းနေသည်။ခုလဲခပ်ချွဲချွဲလေသံဖြင့် ရေးစစ်သွင်အခန်းရှေ့တွင် ကိုကို ဟုခေါ်နေသော သူတို့ အကိုငယ်လေးကိုငေး
ကြည့်နေကြလေသည်။

" ကျွန်တော်ဝင်လာပြီနော် "

တော်တော်နဲ့တံခါးမဖွင့်သဖြင့် ဆက်နောင်အခန်းထဲဝင်ခဲ့လိုက်သည်။ ကုတင်ပေါ်တွင် ငြိမ်သက် စွာအိပ်ပျော်နေသော သူ့ရဲ့အေးချမ်းရာလေးကိုတွေ့လိုက်ရသည် ။ ဗိုက်ပေါ်တွင် စာအုပ်လေး ၁အုပ်တင်ထားပြီး အိပ်ပျော်နေတာကြည့်ခြင်းအားဖြင့် ညက စာအုပ်ဖတ်ရင်းနောက်ကျမှအိပ် ပျော်သွားပုံရသည်။ဆက်နောင်အနားသို့တိုးသွားလိုက်ပြီး ဘေးက ထိုင်ခုံကို ဆွဲယူကာ ပြောင်းပြန်ထိုင်လိုက်သည်။ထိုင်ခုံဘောင်ပေါ်မေးထောက် ပြီးသူ့ရဲ့ရွှေရင်အေးမျက်နှာလေးကိုပြုံးကာငေးကြည့်နေမိသည်။

My Property (ongoing)Where stories live. Discover now