အပိုင်း(၅) uni

7.1K 450 20
                                    


ဒီနေ့နဲ့ဆို စစ်သွင် အလုပ်ဝင်တာ ၁၀ရက်ကျော်လေပြီ ၊ အိမ်ရှင်လင်မယားလဲ uk ကို ခရီးသွားကြသည်။ စစ်သွင်ညဘက်တွေ အိပ်ရေးပျက်ရတာလဲ ၁ပတ်ရှိပြီ ၊ နေ့ဘက်တွေလဲ မနေရပါ ၊ ကောင်လေးပညာပြသမျှ ခံပြီးရင်းခံနေရလေသည်။ ညဘက်တွေ ၂/၃ နာရီထိဂိမ်းဆော့တဲ့ကောင်လေးက ၁၀ နာရီဆိုအိပ်ယာ
ဝင်တဲ့သူ့ကို အနိုင်ကျင့်သည်။

" ရေခပ်ခဲ့ "

" ကော်ဖီ ဖျော်ခဲ့ "

" အသီးလှီးခဲ့ "

တစ်ချို့ညတွေဆို 24 နာရီဖွင်တဲ့ဆိုင်ကနေ ည ၂ နာရီကြီးကို မုန့်သွားဝယ်ခိုင်သေးသည်။စစ်သွင် ဝယ်ခိုင်းသည်အထိ မပြောလိုပါ ဝယ်လာပေးတာလေးတော့ စားစေချင်သည် ဒါပေမဲ့မစားပဲ
အမှိူက်ပုံးထဲတန်းလွတ်ပစ်သည်။ စစ်သွင် စိတ်
ပန်း လူပန်းဖြစ်ကာ ဒီနေ့တော့ဖျားပါဖျားလေနေသည်။ ညကအဖျားတက်၍ ဆေးသောက်ပြီး
အိပ်လိုက်တာ ခုမနက် စကားပြောဆက် က  ဆက်နောင်အသံကြားမှနိုးလာရတော့သည် ။ စစ်သွင်လဲမူးနေတဲ့ခေါင်းကို ခပ်ဖွဖွ ဖိလျက်
ထကိုင်ရသည်။

" ရေးစစ်သွင် ခေါ်နေတာမကြာဘူးလား "

" အဟွက် ... အင်းကောင်လေး ဘာလိုလို့လဲပြောလေ "

စစ်သွင်အသံပင်ကောင်းကောင်းမထွက်နိုင်ပါ။

" ဘယ်အချိန်ရှိပြီလဲ ကျုပ်မနက်စာ မစားရတော့ဘူးလား ခဗျားတာဝန်ခဗျားမေ့နေလား "

စစ်သွင်အချိန်ကြည့်လိုက်တော့ ၁၀ နာရီပင်ရှိပြီ၊ သူတော်တော်အိပ်ပျော်သွားတာပဲ၊ တော်သေး
သည်က မနေ့ညကဆေးသောက်ထားသည့်
အပြင်မနက်ကျတော့လဲအိပ်ရေးဝသဖြင့်
ကိုယ်ပူတော့ကျသွားသည်။ မနေ့ညက သူနေမကောင်း၍ မနက်စာကို ကြီးမေကို ပြင်ပေးဖို့အကူအညီတောင်းခဲ့သေးသည်။

" ကောင်လေး ခုထိမစားရသေးဘူးလား ကိုယ်
သိပ်နေမကောင်းလို့ ဒီနေ့တစ်ရက်ကြီးမေကို
ပြင်ပေးဖို့ပြောထားပါတယ် "

" မလိုချင်ဘူး ခဗျားတာဝန် ခဗျားပဲယူ ကျုပ်
နာရီဝက်ပဲစောင့်မယ် ခုချက်ခြင်းပြင်ပြီးလာပို့"

" ဟိတ် ... ကောင်လေး "

တီ.....

ကျသွားတဲ့စက်လေးကိုကြည့်ရင်း စစ်သွင်သက် ပြင်းအသာချမိသည်။ ဒီကလေးသူ့ကိုဘာကြောင့်မုန်းနေလဲ စဉ်းစားလို့ကိုမရပါ။ ဒီရက်ပိုင်းတွေအတွင်းကောင်လေးခိုင်းသမျှ သူအပြုံးမပျက် လုပ်ပေးခဲ့သည်မဟုတ်လား၊ ကိုယ့်တူအရွယ် လေးမို့ရော အထီးကျန်ပြီး မေတ္တာငတ်နေတဲ့ကလေးမို့ တကယ်ဂရုနာသက်ကာ ဂရုစိုက်အလိုလိုက်ပေးချင်မိခြင်းသာ၊ ဒါကိုကောင်လေးက
သူလုပ်နေတာတွေကို အသိအမှတ်မပြုခဲ့ပါ ။
ခုလဲ နေမကောင်းတာကို သိပ်အနိုင်ကျင့်ချင်တဲ့ကောင်လေးက သူ့အားခိုင်းနေလေသည်။

My Property (ongoing)Where stories live. Discover now