အပိုင်း(၆) zawgyi

2K 34 4
                                    

Zawgyi ကဖတ်မရတဲ့အခါတွေရှိလို့မရရင် ပြောပေးပါနော်

စစ်သွင် ဒီနေ့ အလုပ်ရှုပ်နေလေသည်။ လူဆိုးကောင်လေးက မနက်စာကို အုန်းနို့ခေါက်ဆွဲစားချင်သည်ဟုဆို၍ ကျောင်းချိန်၈ နာရီအမှီပြင်နေရလေသည်။ ဆိုင်ကဝယ်ထားပေးမည်ဆိုတော့လဲမဟုတ် ၊ သူကိုယ်ချက်ရမည်ဟု အမိန့်ထုတ် လေသဖြင့် စစ်သွင်မှာ ချက်နေလေသည်။ ဒီနေ့နဲ့ဆို လူဆိုကောင်လေး ကျောင်းပြန်တက်ရတာ ၁ပတ်ပြည့်လို့ တနလ်ာနေ့ ကျောင်းတက်ရက်ပင် ရောက်ပြီ ။ စစ်သွင်လဲ ကောင်လေးဆီမှအနိုင် ကျင့်ရတာတွေ ကျင့်သားကျလေပြီလို့တောင် ပြောရမည်၊ သူ့ကို bar မှာထားခဲ့တဲ့ ကိစ္စကြောင့် အလုပ်ထွက်ပြီထင်နေသော ကောင်လေးက စစ်သွင်အလုပ်မထွက်တော့ " ခဗျားကတော်တော်အကြောတင်းတဲ့သူပဲ " ဆိုပီးအပြောခံလိုက်ရသေးသည်။

စစ်သွင်ပြင်ဆင်ပြီးသည်နှင့် စားပွံပေါ်တွင် လူ၃ယောက်စာ ပြင်စားထားလိုက်သည်။ အကိုကြီးနဲ့ အမက မနေ့က ပြန်ရောက်လာသဖြင့် သူတို့အတွက်ပါ မနက်စာပြင်ထားလိုက်သည်။ အချိန်ကလဲ ၇ နာရီထိုးပြီမို့ စစ်သွင်ကောင်လေးကို ပြင်ဆင်ပေးဖို့ အပေါ်တက်ခဲ့လိုက်သည်။ သူအခန်းထဲဝင်လိုက်တော့ ရေချိုးခန်းမှ
ကောင်လေးကထွက်လာသည်။ စစ်သွင်လဲအမြန်ပင် dressing room ထဲဝင်၍ ကျောင်းဝတ်ဆုံထုတ်၍ ကောင်လေးဝတ်သည်ကိုကူညီပေးလိုက် သည်။အကုန်ပြင်ဆင်ပြီးသည်နှင့်

" ကောင်လေး အောက်မှာပဲစားမယ်မို့လား "

" အင်း .... ရော့ "

ဆက်နောင်ကပြောပြီးသည် နှင့်လွယ်အိတ်ကို ပစ်ပေးကာ အခန်းထဲမှအရင်ထွက်သွားလေ
သည်။ စစ်သွင်လဲ နောက်က လိုက်ရသည်။
အောက်ရောက်တော့ ဦးကောင်းခန့်နောင် နှင့်ဒေါ်နှောင်းဝတီ တို့က ရောက်နှင့်လေသည်။
ဦးကောင့်ခန့်နောင်က အလယ်ဝင်ထိုင်နေခြင်းဖြစ်ကာ ဒေါ်နှောင်းဝတီက ဘယ်ဘက်ခြမ်းတွင်ထိုင်လေသည်။ ဆက်နောင်လဲ ညာဘက် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လျက် ဆက်နောင်ထည့်ပေးသော အုန်းနို့ခေါက်ဆွဲကိုသာထိုင်စားနေလိုက်သည်။

(A/N - ဒီနေရာမှာတစ်ခုပြောချင်တာက
ရေးစစ်သွင်က အိမ်အကူမဟုတ်ပါဘူးနော် ၊ ဆက်နောင်အတွက် သီးသန့် အထိန်းတော်ပါ ၊ မြင်သာအောင်ပြောရရင် အတွေးရေးမှူးသဘောမျိုးပါ ၊ ဆက်နောင်အတွက်ပဲ အလုပ်လုပ်ပေးရတာပါ ၊ ခုလဲ အစားစာထည့်ပေးရတာက ဆက်နောင်အတွက်ပါပဲ၊ သူ့မိဘတွေကိုက အိမ်အကူတွေထည့်ပေးတာပါ )

My Property (ongoing)Where stories live. Discover now