အပိုင်း(၃) uni & zg

8.8K 401 30
                                    

ဒေါက်ဒေါက်ဒေါက်

" အကိုလေး ... "

ဒေါက်ဒေါက်ဒေါက်

" အကိုလေးရှင် "

ဒေါက်ဒေါက်ဒေါက်

" အေးးး...ဝင်ခဲ့"

ဆက်နောင်မှာ ကျောင်းနားထားရသဖြင့်ဒီတစ်ပတ်လုံးဆိုင်ကယ် တစ်စီးနှင့်လျှောက်လိမ့်နေခြင်းဖြစ်သည်။ မနေ့ညက club အသစ်ဖွင့်သဖြင့်သွားလေရာ အိမ်ပြန်နောက်ကျသည်။မနက်ခင်းကလဲမလန်းမဆန်းနိူးလာရ၍နေ့လည်စားစားပီးပြန်အိပ်နေခြင်းပင်။ ခုလဲမထူးမခြင်းတံခါးခေါက်နေသောကြောင့်စိတ်ကတိုလာရသည်။
ဝင်ခိုင်းလိုက် ပြီးမှ တစ်ခုခုနဲ့ပစ်ပေါက်ရန်
သူ့ခေါင်းရင်းကိုလက်နှင့်စမ်း၍ရှာဖွေနေလိုက် သေးသည်။ ၁ပတ်လောက်လေး မသောင်းကျန်းလိုက်တာနဲ့ အချိုးမပြေတော့ဘူးတွေ.ကြသေးတာပေါ့ဟုတွေးကာ ဘေးက စားပွဲတင် နာရီအားကောက်ကိုင်ထားလျက် တံခါးဖွင့်သည်နှင့်ပစ် ပေါက်လိုက်ရင်းတစ်ခါတည်းအော်ဟစ်ပစ်လိုက် လေသည်။

" ငါအိပ်နေတာကို လာနိုးရဲတဲ့ထိ အတော်လေး သတ္တိတွေရှိနေကြတာလား "

" အမလေးတော့ "

အိမ်အကူကောင်မလေးမှာ သူ့ထံတည့်တည့်ပစ်
ဝင်လာသော စားပွဲတင်နာရီကြောင့်မျက်စိစုံမှိတ်ကာငယ်သံပါအောင်အော်လိုက်ရသည်။ သို့ပေမဲ့ နာကျင်မှုက ရောက်မလာသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ဘေးက လူက လှမ်းဖမ်းထားလိုက်ခြင်းဖြစ်သည်။ ကောင်မလေးမှာ ဘေးကလူအားမော့ကြည့်လိုက်တော့ နှုတ်ခမ်းလေးတွန့်ရုံမျှပြုံးပြလာသည်။

" ဟူးးးအမလေးတော်သေးလို့ငါ့နဖူးမကွဲတာ ကယ်တင်ရှင်လေးကြောင့် ချောလိုက်တာ နတ်သားလေးများလား " ဟုတွေးရင်း

" ကျေး... ကျေးဇူးတင်ပါတယ် "

ဟုထစ်ထစ်ငေါ့ငေါ့ပြောလိုက်ရသည်။ နတ်သားလေးကလဲခေါင်းငြိမ့်ကာအသိအမှတ်ပြုသည်။ ပြီးမှသူတို့ကိုစိုက်ကြည့်နေသော မျက်ဝန်းတွေဆီအကြည့်ပို့လိုက်ကာ

" တောင်းပန်ပါတယ်အကိုလေး အိပ်နေမှန်းမသိလို့ပါ ဘကြီးမြင့်က ဒီက အထိန်းတော်အသစ်ကို အကိုလေးအခန်းကိုပို့ဖို့မှာခဲ့လို့ပါ "

My Property (ongoing)Where stories live. Discover now