အပိုင်း(၁၄)uni

5.2K 305 102
                                    

ထုံးစံအတိုင်းစစ်သွင် မီးဖိုချောင်တွင် မနက်စာ
ပြင်နေလေသည်။ အကုန်ပြင်ဆင်ပြီးတာနဲ့ ဆက်နောင်ကိုနိုးရန်သူ့အခန်းဆီတက်ခဲ့လိုက် သည်။ မနက်တိုင်းလုပ်နေကျလိုပင်အခန်းထဲရောက်တာနဲ့ ရေချိုးဖို့ရာအဆင်သင့်ပြင်ဆင်ပေးပြီးရင်တော့ ဆက်နောင်ကိုနိုးရန်ပင်။

" ကောင်လေး ထတော့ "

ခေါင်းမူးခြုံထားသော စောင်ကို ဆွဲလှန်တော့ အတင်းပြန်ဆွဲထားသည်။ စစ်သွင်ပြန်ဆွဲထားတဲ့ လက်တွေကို ခပ်ဆတ်ဆတ်လေးရိုက်ချလိုက် တော့

" အ "

" မှတ်ပီလား ထတော့ ကျောင်းနောက်ကျတော့
မယ်"

" အကိုကလဲဗျာ "

ဆက်နောင်မှာမနေ့ညကလဲ မနက်၃နာရီကျော်မှသာပြန်အိပ်ပျော်သဖြင့် အိပ်ရေးလုံးဝမဝပေ။ ခုလဲမထပဲ စောင်ကြီးပတ်ပြီး ကုတင်ပေါ်တင်ဟိုဘက်လိမ့်ဒီဘက်လိမ့်လုပ်နေလေသည်။

" မနက်ဆို သိပ်နိုးရခက်တာပဲ ထတော့နော်
ကောင်လေး "

" ......."

" ဒီအဝတ်တွေက ဘယ်ချိန်ကချွတ်ချထားတာလဲ၊ မင်းကို ကိုယ်ဘာပြောထားလဲ တွေ့တဲ့နေရာချွတ်မချပဲတောင်းထဲထည့်ပါလို့ "

စစ်သွင်ကတော့ ပွစိပွစိပြောရင်းလိုက်သိမ်းနေလေသည်။ ဆက်နောင်လဲ နားညီးလာသဖြင့်
ဆက်မအိပ်နိုင်တော့ပဲ ထထိုင်ကာခေါင်းကို ကုပ်လျက် မျက်နှာက မဲ့ရွဲ့နေတော့သည်။
ပီးတာနဲ့ စောင်တွေဆောင့်အောင့်စွာဖယ်ပြီးမတ် တပ်ထရပ်လေတော့သည်။ ခုထိမျက်လုံးကကောင်းကောင်းမပွင့်သေးပဲမတ်တပ်ကြီးရပ်လျက် လက်ခုံဖြင့်မျက်လုံးကိုပွတ်သတ်နေသည်။

" ဟော ဘယ်တုံးက အကျီတွေက ချွတ်ထားတာလဲ အဲကွန်းကလဲအအေးဆုံးဖွင့်ထားပြီး အကျီကမပါ ဘောင်းဘီကမပါ မင်းတော့ အဆုတ်အအေးပတ်တော့မယ် "

" ဟင် "

ဆက်နောင်ခုမှ သူ့ကိုသူကြည့်မိတော့အပေါ်ပိုင်းဗလာနဲ့ boxer အတိုလေးသာဝတ်ထားသည်။ညကအဖြစ်အပျက်တွေကို သတိရလာပြီး ပူထူသွားတော့သည်။ သူညက အိမ်မက်တွေမက်ပြီး အကို့ကို ....

My Property (ongoing)Where stories live. Discover now