အပိုင်း(၇) uni

6.7K 429 28
                                    

နေသူရိန် Center သို့ရောက်နေလေသည်။ ကျောင်းပိတ်ရက်လေးအပြင်ထွက်ဖို့ခေါ်သည်ကို
ဆက်နောက်မလိုက်သဖြင့် ရှိုင်းထက်မြတ်ကို ချောဆွဲလာခဲ့လိုက်သည်။ ဒီ Center က
သူကြိုက်တဲ့ brand ဆိုင်အများစုရှိသဖြင့် ခနခန လာဖြစ်သည်။ အခုလဲ ဆိုင် page တွင် အသစ်ရောက်တဲ့ ဘောင်းဘီ နှင့် ဖိနပ်များ
တင်ထားသဖြင့် လာဝယ်ခြင်းပင်။

" အကိုရှိုင်းထက် လာလေ "

သူရိန်က သူ့နောက်မှလိုက်နေသော ထက်မြတ်ကို လှမ်းခေါ်လိုက်တော့ အနားသို့ရောက်လာလေ
သည်။ သူဝယ်မဲ့ဆိုင်က ၅လွှာမှာဖြစ်သဖြင့် ဓာတ်လှေကားနှင့်မတက်ပဲ စက်လှေကားနှင့်သာတက်ပြီး ကျန်အလွှာတွေကိုလဲ လျှောက်ပတ်
ကြည့်နေခြင်းသာ

" အကို အဆင်ပြေတယ်မို့လားဆက်နောင်နားနေရတာ "

" ဟုတ် အကိုလေးအဆင်ပြေပါတယ်ဗျ"

" ကျွန်တော့်ကို ပုံမှန်ပဲဆက်ဆံပါ ကျွန်တော်က အကို့ထက်အများကြီးငယ်တာပဲ ပြီးတော့ ခုအကို့ကိုခေါ်လာတာကလဲ တစ်ယောက်ထဲသွားရမှာပျင်းလို့ သူငယ်ချင်းအနေနဲ့ခေါ်လာတာ ပီးတော့ကျွန်တော့်ကိုသူရိန်လို့ပဲခေါ်ပါ"

" ဟုတ်ပါပြီသူရိန် "

" အကိုက ခုနောက်ဆုံးနှစ်နော် ဟုတ်လား "

" အင်းဟုတ်တယ် အဝေးသင်တက်လိုက်တာလေ ဒီအလုပ်က အချိန်ပိုင်းထက်လစာရောနေရစားရတာရောပိုအဆင်ပြေလို့"

" ဆက်နောင် ဒဏ်တော့ အတော်ခံရတယ်မို့လား"

" အင်း ကိုယ့်ထက် ကိုစစ်သွင်က ပိုခံရတယ် အကိုလေးက ကိုစစ်သွင်ကိုတော့ တော်တော်လေးအနိုင်ကျင့်တယ် "

ထက်မြတ်ကပြောရင်းနဲ့မှ သူရိန်မျက်နှာလှမ်းကြည့်၍ အားနာနာနှင့်အရှက်ပြေပြုံးကာ ဂုပ်အားပွတ်နေလိုက်သည်။ သူ့သူငယ်ချင်းအရင်းကြီးရှေ့မှာ မကောင်းကြောင်းသွားပြောနေသည်မို့လား။

" ဟားဟား ဘာမှမဖြစ်ပါဘူး အကိုရာ
ဆက်နောင်က ကိုစစ်သွင်အပေါ်တော့တကယ်
လွန်ပါတယ် "

ထိုအခါမှ ထက်မြတ်လဲ တော်ပါသေးသည်ဟုတွေး၍ သက်ပြင်းချရလေသည်။ ဒီကောင်လေးတွေကသိပ်လွယ်တာမဟုတ်၊ တော်သေးသည်က သူရိန်က ဆက်နောင်လိုတော့မဟုတ်ပေ ၊ သူ့ဘာသာသူဆိုအေးဆေးပဲနေကာ လူလိမ္မာလေးပင် ဆက်နောင်နဲ့တွေ့မှသာ ဆိုးသွားရခြင်းသာ ။

My Property (ongoing)Kde žijí příběhy. Začni objevovat