အပိုင်း (၄) zawgyi

3.4K 50 2
                                    

❗️Zawgyi ကတစ်ခါတစ်လေဖတ်မရတာတွေဖြစ်တတ်လို့မရရင်မန့်မှာပြောပေးပါနော် ❤️

ရေးစစ်မနက် ၆ နာရီကတည်းကနိုးလေသည်။ ဒါဟာသူ့အတွက်ပုံမှန်နိုးချိန်ဖြစ်သဖြင့် မျက်နှာသစ်သွားတိုက်ပြီးတာနှင့်ကောင်လေးအတွက်မနက်စာပြင်ပေးရန်အောက်ထပ်သို့ဆင်းလာခဲ့လိုက် သည်။

အောက်သို့ရောက်တော့ အိမ်အကူကောင်မလေးများမှာ သန့်ရှင်းရေးလုပ်သူ ၊ ဘုရားပန်းလဲသူ ၊ မီးဖိုချောင်ဝင်သူနှင့် အစီအရီအလုပ်ရှူပ်နေကြလေသည်။ စစ်သွင်ကိုတွေ့သည်နှင့် ပြုံးပြနှုတ် ဆက်ကြလေသည်။ စစ်သွင်လဲအသိအမှတ်ပြုကာပြန်လည်နှုတ်ဆက်လိုက်သည်။ တကယ်ဆိုကိုယ်လဲဒီအိမ်ကဝန်ထမ်းပေမဲ့ရာထူးအလိုက် လေးစားမှုပြုကြလေသည်။
စစ်သွင်မီးဖိုချောင်ထဲဝင်လာလိုက်တော့ ကြီးမေ က ကောင်မလေးတစ်ယောက်နဲ့အတူ မနက်စာလုပ်ဖို့ပြင်နေလေသည်။ ကြီးမေဆိုတာ ဦးမြင့်နဲ့အတူအလုပ်ဝင်ခဲ့တဲ့ အိမ်တော်ထိန်းဒေါ်မေမြင့်
ပင် ၊ ရွာပြန်နေ၍ မနေ့ကမှပြန်ရောက်သည်ဟုသိရသည်။

" အထိန်းတော်လေး ဘာလိုလို့လဲ မနက်စာစားတော့မလား "

" ရပါတယ်ကြီးမေ ကျွန်တော်မဆာသေးပါဘူး ခုက ကောင်လေးအတွက် မနက်စာလာပြင်တာပါ"

" အော် သားသားကမနက်စာမစားဘူး အထိန်းတော်လေးရဲ့ ကြီးမေတို့လဲပြောလို့မရပါဘူး
ကွယ် ဖွားဖွားကြီးဆုံးပီးကတည်းက ကလေးက ခုလိုတွေဖြစ်သွားတာ ၊ ဒါကြောင့်လဲအစာအိမ်
ခနခနနာပီးဆေးရုံရောက်ရတာ ကြီးမေတို့တော့ သားသား ကို သိပ်သနားတာပဲ ၊ အကိုကြီး နဲ့ မမလေးတို့ကလဲ သူတို့အလုပ်နဲ့သူတို့ဆိုတော့ ကလေးကိုဂရုမစိုက်နိုင်ကြဘူးလေ ၊ သူတို့လင်မယားတောင်အိမ်မှာထမင်းစားတာရှားတယ် စားမယ်ဆိုလဲ ကြိုအသိပေးမှကြီးမေတို့ကပြင်ပေးရမှာ ဒီနေ့တော့ အကိုကြီးတို့ မနက်စာစားကြမှာမို့ပြင်နေတာလေ "

ကြီးမေကမျက်နှာမကောင်းစွာနဲ့ပဲ ပြောပြလာလေသည်။ စစ်သွင်လဲ မနေ့ကမှအလုပ်စဝင်တာဆိုတော့ သေချာအလုံးဆုံတော့ မသိသေးချေ။ ပထမဆုံးအလုပ်ကတော့ကောင်လေးကို
စားချိန်မှန်အောင် ကျွေးရမည်ပင်။

My Property (ongoing)Where stories live. Discover now