အပိုင်း(၁၃) uni

5.4K 342 60
                                    

" ကောင်လေး ကျောင်းမှာအိပ်မနေနဲ့နော် စာလိုက်လုပ် နေ့လည်စာကိုယ်လာပို့ပေးမယ်၊ အော်ပြီးတော့ ရန်လုံးဝမဖြစ်ရဘူးနော် ၊ စာမေးပွဲကနီးနေပြီ ကျောင်းနားရ
ရင်မကောင်းဘူး "

ဒါကတော့ ဆက်နောင် ကျောင်းမသွားခင်နာကြားရသော စကားလုံးများပင်။ စစ်သွင် နဲ့ ဆက်နောင် ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း ဆက်နောင်က မသိရင် သူ့သားအတိုင်းပင် ၊ အသေးစိတ်ကအစ အကုန်လိုက်
လုပ်ပေးကာ ဂရုစိုက်ပေးသည်။ ဆက်နောင်အကို
တစ်ယောက်ရလိုက်သလိုခံစားနေရသည်။ဒီလိုနွေးထွေးမှုတွေမခံစားရတာကြာပီမို့လား။ စစ်သွင်ဂရုစိုက် မှုတွေမှာ တဖြည်းဖြည်းအသားကျလာကာ စစ်သွင်စကားဆို နားထောင်လာတတ်ပြီး လူလိမ္မာလေးဖြစ် လာလေပြီ။ ခုလဲ သီတင်းကျွတ်ကျောင်းမပိတ်ခင် လပတ်စာမေးပွဲဖြေရမည်ဖြစ်သဖြင့် မှာနေခြင်းပင်။

" ဟုတ်ကဲ့ပါ ကိုပွစိရယ် ကျွန်တော်သိပါပြီ "

" ကောင်စုတ်လေး "

စစ်သွင်က အူယားစွာဖြင့် ဆက်နောင်ခေါင်းလေးအားဖွဖွပုပ်လိုက်သည်။

" ကဲဒါဆို သွားတော့ "

" ဟုတ် အကို "

ဆက်နောင်တို့ကားလေးထွက်သွားသည်အထိလိုက်
ကြည့်ပြီးမှအိမ်ထဲသို့ပြန်ဝင်ခဲ့လိုက်သည်။

" မောင်စစ်သွင် "

စစ်သွင် နေ့လည်အတွက် ဟင်းချက်ရန်မီးဖိုချောင်ထဲ
ဝင်တော့မည်အပြုအပေါ်ထပ်မှဆင်းလာသော ဦးမြင့်ကလှမ်းခေါ်သဖြင့် ဦးမြင့်ဆီလျှောက်လာခဲ့လိုက်သည်။

" ဟုတ် ဦးမြင့် "

" လာကွာ ဧည့်ခန်းထဲသွားရအောင်ပြောစရာလေးရှိလို့"

" ဟုတ်ကဲ့ "

ဦးမြင့်နဲ့အတူဧည့်ခန်းဆီသို့လာလိုက်ပြီး မျက်နှာချင်းဆိုင်နေရာယူလိုက်ကြသည်။ ပြီးခါမှဦးမြင့်ကစကားစပြောလေသည်။

" သားငယ်လေးကို စစ်သွင် စာသင်ပေးနေတာ ၂လရှိပြီနော် "

ဟုတ်သည်၊ သူတို့နှစ်ယောက်ပြေလည်ပြီးနောက်ပိုင်း စစ်သွင်ချော့မော့ကာ စာသင်ခဲ့ရသည်။ ကောင်လေးကလဲ လိမ္မာစွာဖြင့်စာလိုက်သင်ရှာသည်။သူအကြိုက်လဲ
ဂိမ်းတော့ပြန်ဆော့ပေးရသည်လေ။

My Property (ongoing)Where stories live. Discover now