အပိုင်း(၂) (uni & zg )

9.2K 387 18
                                    

Unicode

ဆက်နောင် အတန်းရှေ့ရောက်တော့ ၁၀ နာရီခွဲလေပြီ ၊ ဒုတိယ အချိန် bio ဆရာမကစာသင်နေသည်။

" excuse me teacher "
(ခွင့်ပြုပါဆရာမ)

ဆက်နောင်အသံကြားတော့ အကုန်လုံးရဲ့အာရုံက အတန်းအပြင်သို့ရောက်သွားကြသည်။ ဆက်နောင်အနောက်တွင် ရှိုင်းထက်မြတ်ကရပ် နေလေသည်။ဆရာမက ဆက်နောင်အားလှမ်းကြည့်ကာ

" ဘယ်အချိန်ရှိပြီလဲ မာန်ဆက်နောင် "

ဆရာမအပြောကို ဆက်နောင်က စိတ်ရှုပ်သလိုဆံပင်များအားဖွလျက်

" နာရီမေ့ခဲ့လို့ sorry teacher ခနဟု" ပြောကာအတန်းထဲဝေ့ကြည့်လျက် ရှေ့ဆုံးတန်းက စာကြမ်းပိုးမှန်ကြောင်ထံအကြည့်ပို့လိုက်ပြီး

" ဟျောင့်မှန်ကြောင် ဘယ်နှစ်နာရီထိုးပြီလဲ "

ထိန်လင်းဟိန်းမှာ သူ့ဘေးတွင်တံခါးဘောင်ကိုမှီကာ လက်ပိုက်လျက်မေးငေါ့မေးနေသော ဆက်နောင်အား တစ်ချက်ကြည့်ပြီးသတွေး
ပင်မျိုချလိုက်ရသည်။ " ကြောက်လိုက်တာ "

" ဟို .... ၁၀ နာရီ ခွဲပြီးပါပြီ "

" ၁၀ နာရီခွဲပြီးပြီတဲ့ တီချယ် ကျုပ်ဝင်လို့ရပြီလား "

ဆက်နောင်ဟာ ပြောပြီးသည်နှင့်ရှိုင်းထက်
မြတ်ထံမှ လွယ်အိတ်အားဆွဲယူကာ အတန်းထဲ
ဝင်ဖို့အလုပ်

" နေအုန်း"

ဆရာမ၏တားမြစ်သံကြောင့်ဆက်နောင်ဘာလဲဆိုသောအကြည့်ဖြင့်မေးဆတ်ပြလိုက်သည်။

" မင်းလုပ်ချင်တာ လုပ်မယ်ဆိုရင် အခြားအချိန် တွေသွားလုပ် ငါ့အချိန်တော့ဒါမျိုးစည်းပျက်
ကမ်းပျက်လုပ်တာကိုလက်မခံနိုင်ဘူး ကျောင်းသားဖြစ်ပြီးဆံပင်အရောင်ကလဲဆိုးလာတယ် ကျောင်းလဲနောက်ကျတယ် ဒါစာသင်ခန်း ဇရပ်...."

" ဟိုးထားဟိုးထား stop "

ဆက်နောင်က ဆရာမပြောနေတုန်းပင် လက်ကာပြကာ နားထဲလက်ထည့်လျက်ခါထုတ်လိုက်
သည်။

" အဲတော့လိုရင်းက ခုအတန်းထဲကိုမဝင်ရဘူး မို့လား အိုကေဒီလောက်ဆိုရပြီ နားညီးမခံနိုင်လို့ပါ "

My Property (ongoing)Where stories live. Discover now