အပိုင်း(၁) uni & zg

16K 525 25
                                    

Unicode

ဒုန်း.....

အုန်း....

ကြီးမားထည်ဝါလှသော စံအိမ်ကြီးအတွင်းတွင် မနက်ခင်းလင်းရောင်ခြည်သန်းသည်နှင့်တစ်ပြိုင်နက်ပစ္စည်းများ ပစ်ပေါက်သံများ အော်ဟစ်သံများ ဆူညံလေတော့သည်။ ဤသည်ကား
နေ့တိုင်းဖြစ်နေသောဖြစ်စဉ်တစ်ခုသာ
တစ်နည်းအားဖြင့် "သက်ထက်မြိုင်" စံအိမ်ကြီးရဲ့ မနက်ခင်းအသေးစားစစ်ပွဲလေးတစ်ခုပင်။

" အကုန်လုံး ဘယ်ရောက်နေကြတာလဲ.. ဟမ်
ခုချက်ခြင်းလာကြစမ်း "

စံအိမ်ကြီးရဲ့ အပေါ်ဆုံး ၃ ထပ်မှ ဒေါသတကြီးအော်ခေါ်သံကြောင့် အိမ်အကူများမှာပြာယာခပ် လျက် အပြေးတက်လာကြရတော့သည်။

" ဘယ်သူအမှားလုပ်ပြန်ပီလဲဟယ် ဒီနေ့ဘယ်နှစ် ယောက်အလုပ်ထုတ်ခံရမလဲမသိတော့ဘူး"

သူ့ထက်ငါဦးအောင်အပြေးအလွှာလာနေကြသော အိမ်အကူများက တစ်ယောက်ကိုတစ် ယောက်ကြည့်ကာ ပြောဆိုနေကြလေသည်။

" အေးဟယ် ငါတော့ အကိုလေးကြောင့်နဲ့
နှလုံးရောဂါရတော့မယ် "

အိမ်အကူ မိန်းကလေး ၇ယောက် နှင့် ယောကျာ်းလေး ၈ယောက်တို့မှာ အော်ဟစ်နေသူ၏
အခန်းရှေ့တွင် အစီအရီရပ်နေလိုက်ကြတော့
သည်။ ထိုအထဲမှ အိမ်တော်ထိန်းကြီး ဦးမြင့်ဟန် မှာ အလုပ်သမားအားလုံးရဲ့ရှေ့တွေ မတ်တပ်
ရပ်နေသည်။

ထိုစဉ်အခန်းထဲမှ တံခါးဖွင့်ကာ ထွက်လာသူ
အကျီဝတ်မထားပဲ အောက်တွင် style plant အနက်ကိုသာဝတ်ထားသည်။ ခါးထောက်လျက် တည်တင်းနေသော မျက်နှာကျောနှင့် ကြောက်စရာကောင်းစွာ အလုပ်သမားများအားစိုက်ကြည့်နေလေသည်။ အသက်နှင့်မလိုက်စွာ မြင့်မားသောအရပ်နှင့်အတူ ချောမောခန့်ခြားလွန်းလှတဲ့ မျက်နှာနှင့်ဆန့်ကျင်စွာ ဒေါသအငွေ့အသက်တွေနဲ့ မျက်ထောက်နီကြီးနှင့် စိုက်ကြည့်နေသူဟာ
"သက်ထက်မြိုင် " စံအိမ်ကြီး၏ အရှင်သခင်
"THM" group ၏အမွေဆက်ခံသူ
" မာန်ဆက်နောင်" သာဖြစ်သည်။

" သားလေး ဘာဖြစ်လို့လဲ ဦးမြင့်ကိုပြောပါ"

တိတ်ဆိတ်နေသောရပ်ဝန်းအား ဦးမြင့်က စကားစလိုက်ကာမေးမြန်းလေသည်။

My Property (ongoing)Tempat cerita menjadi hidup. Temukan sekarang