အပိုင်း(၁၂) uni

6K 371 62
                                    

စစ်သွင်မနက်ခင်းနိုးတာနှင့်မျက်နှာသစ်ပြီး
အောက်ထပ်သို့မနက်စာပြင်ရန်ဆင်းလာခဲ့လိုက် သည်။ မီးဖိုချောင်ထဲမှာတော့ ထုံးစံအတိုင်းကြီးမေနဲ့ အိမ်အကူကောင်မလေး ၂ယောက်ရှိသည်။ ဒီအိမ်က ဟင်းကိုထူးပြီးချက်စရာမလို စားမဲ့ အိမ်ကြီးရှင် ၂ယောက်ကလဲ အိမ်မှာမရှိသည်ကများသည်။ သူတို့သားတော်မောင်ကျတော့လဲ စစ်သွင်က သီးသန့်ပြင်ဆင်ပေးရသည်။

" ကြီးမေ နေ့လည်အတွက် ကျွန်တော်မှာတာတွေပါလား "

" အေးပါတယ်သား ရေခဲသေတ္တာထဲမှာ ၊ ခုချက် တော့မလို့လား "

" မချက်သေးဘူးကြီးမေ မနက်စာအရင်ပြင်မလို့ "

" အော်အေးအေး နွားနို့အစိမ်းလဲပါတယ်ရေခဲ
သေတ္တာထဲမှာပဲ "

" ဟုတ်ဟုတ်"

စစ်သွင်လဲ ကိုယ်လုပ်စရာရှိတာလုပ်လိုက်တော့သည်။ မနက်စာကို ထောပတ်လေးနဲ့ပေါင်မုန့်ကြက်ဥကြော်မည်။ နွားနို့ကို မလိုင်လေးနဲ့ကြိုမည်။ စစ်သွင် အားလုံးပြင်ဆင်ပြီးစားပွဲပေါ်
တွင်အဆင်သင့်တင်ထားခဲ့ကာဆက်နောင်ကိုနိုးရန်အပေါ်သို့တက်ခဲ့လိုက်သည်။

ဆက်နောင်အခန်းရှေ့ရောက်တော့ဒီအချိန်မနိုးမှာမှန်းသိ၍ အခန်းထဲတန်းဝင်ခဲ့လိုက်သည်။
ကုတင်ပေါ်တွင်တော့ လူကြီးသိပ်ဖြစ်ချင်တဲ့ကောင်လေးက ခြေကားရားလက်ကားရားဖြင့် စောင်တွေဖက်လုံးတွေကလဲကုတင်အောက်ကျလျက် အိပ်နေသည်မှာ ကလေးအတိုင်းပင်။ အိပ်နေတာတောင်မျက်နှာပေါ်က ချောမောမှုကလျော့မသွားပေ။ ပိုတောင်ချစ်စရာကောင်းသည် ဟု စစ်သွင်ထင်မိသည်။ စစ်သွင်လဲ ပြုံးကြည့်နေပြီးမှ စောင်တွေဖက်လုံးတွေကိုကုတင်ပေါ်အရင် တက်လိုက်သည်။ ပြီးသည်နှင့် ရေချိုးခန်းထဲဝင် ကာ သွားတိုက်ဆေးထည့်ပေးပြီး ရေပါချိုးရန် တစ်ခါထဲ ပြင်ပေးလိုက်သည်။

ပြီးသည်နှင့် မီးတွေ ဖွင့်တော့ အိပ်နေတဲ့ကောင် လေးက မျက်နှာရှုံ့မဲ့ကာ ခေါင်းအုံးကို ဆွဲယူ၍ သူ့မျက်နှာပေါ်တင်ပြီးပြန်အိပ်နေသည်။

" ကဲ ထတာ့ကောင်လေး "

" ....... "

စစ်သွင်ပြတင်းပေါက်လိုက်ကာတွေကို ဆွဲဖွင့်ရင်းအော်နိုးလိုက်သည်။ လေဝင်လေထွက်ကောင်းအောင်ပြတင်းပေါက်တွေပါ အကုန်ဖွင့်ထားလိုက်သည်။ ပြီးသည်နှင့် ကုတင်နားလာ၍
ဘေးတစ်စောင်းဝင်ထိုင်ကာ ပခုံးကိုကိုင်၍
လှုပ်နိုးလေသည်။

My Property (ongoing)Where stories live. Discover now