အပိုင်း(၁၀) uni

7.6K 565 105
                                    

၁၀ရက်ဆိုတဲ့အချိန်ဟာ ဆက်နောင်အတွက် တော့ အလွန်ပင် အထီးကျန်စွာ နှင့် ပင်ပန်းစွာဖြတ်သန်းနေရသည်။ ထိုနေ့ပွဲတွင်ဖြစ်ပြီးနောက် ဆက်နောင်၂ရက်လောက်ကျောင်းမသွားပဲ အခန်းတွင်းသာအောင်းကာ ငူငူငိုင်ငိုင်ဖြစ်နေရသည်။ သွားခေါ်မယ် သွားမခေါ်ဘူး နှင့် ချီတုန် ချတုန်ဖြစ်နေရသည်။ သူအမှားကြီးမှားမှန်းသိပေမဲ့ သွားပြန်ခေါ်ပြီးတောင်းပန်ဖို့ တွန့်ဆုတ်နေမိသည်။ စစ်သွင်ကို ရင်မဆိုင်ရဲတာလဲပါသည်။ သူကျူးလွန်ခဲ့သည်က လူတစ်ယောက်သေသွားစေနိုင်သည်အထိပင်။

အခုလဲ ဆက်နောင် မနက်သာကျောင်းသွား၍ နေ့လည်အိမ်ပြန်ရောက်နေသည်။ ဝရံတာတွင် ဆေးလိပ်သောက်နေမိသည်မှာ ကျောင်းမှပြန်ရောက် ကတည်းကပင်။ ဆေးလိပ် ၁ဝက်လောက်ကုန်မှ သူအခန်းထဲ ဆက်မနေချင်တော့သဖြင့် အောက် ထပ်သို့ဆင်းလာလိုက်သည်။
အောက်ထပ်တွင်ရောက်တော့ ဧည့်ခန်းထဲအဝင်
သူ၏ အမေသည် စာရင်းများစစ်နေပုံရသဖြင့် မဝင်တော့ပဲ ပြန်လှည့်ထွက်မည်အလုပ်

" သား ဒီကိုခနလာအုံး "

*စိတ်ရှုပ်နေရတဲ့ထဲ ဘာတွေထပ်ရှုပ်အုံးမလို့လဲကွာ*

ဆက်နောင် မလာချင်လာချင်နဲ့ပဲ ဒေါ်နှောင်းဝတီနဲ့ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

" ကျောင်းမှန်အောင်မတက်ဘူးဆို ၊ ၉ တန်းမို့အောင်ဖို့ဘာမှပူစရာမလိုပေမဲ့ ၁၀ တန်းကတော့ မေမေ တို့လဲ မကယ်နိုင်ဘူးနော် "

" ဆယ်တန်းမအောင်လဲ ဘာမှမဖြစ်ဖူး
ပိုက်ဆံတွေရှာနေတယ်ဆို ဒါဆိုဘာပူစရာရှိလဲ "

ဆက်နောင်က မထီမဲ့မြင်ပြုလျက် ဟာသတစ်ခုလိုပြန်ပြောလေသည်။

" ဘွဲ့ရပညာတတ်ဆိုတဲ့ ဂုဏ်ကရှိသေးတယ်လေ ဆက်နောင် ၊ မေမေတို့ မျိုးရိုးက အကုန်ပညာ
တတ်တွေချီပဲ ၊ ပညာတတ်မှလဲ လူလေးစား
ခံရမှာ "

" ဟာဗျာ ဘာတွေတရားလာချနေတာလဲ ဘယ်တုန်းက အဲလိုဆုံးမချင်စိတ်တွေပေါ်လာတာလဲ "

ဟုတ်သည်၊ ခုမှဘာတွေလာပြောနေတာလဲ ဆက်နောင်ဒီလိုနေလာတာကြာလှပြီ ၊ ပုံမှန်ဆို အိမ်မှာ မျက်နှာခြင်းဆိုင်ဆုံဖို့တောင်မလွယ်တာ
ခုမှ စိတ်ရှုပ်နေပါတယ်ဆို ဘာတွေလာပြောနေ
မှန်းမသိ။

My Property (ongoing)Where stories live. Discover now