အပိုင်း(၉) uni

7.3K 518 61
                                    

နဒီဝင့်လွှာမွေးနေ့ကို ဆက်နောင်၊ ထက်မြတ်၊ စစ်သွင် တို့သုံးယောက်တူတူလာခဲ့ကြလေသည်။နဒီဝင့်လွှာတို့ကလဲ လူချမ်းသာတွေဖြစ်သဖြင့် သူတို့ခြံထဲတွင်သာ စားပွဲဝိုင်းများခင်း၍ ပြုလုပ် ကြသည်။ ဆက်နောင်တို့ကားရပ်ထားခဲ့လိုက်ကြပြီး ပွဲလုပ်နေရာဆီလျှောက်လာလိုက်သည်။ သူနောက်တွင်စစ်သွင်နဲ့ ထက်မြတ်က ကပ်လိုက် လာသည်။ သူတို့ပွဲနားရောက်သည်နှင့် လူအားလုံးရဲ့အာရုံက ဆက်နောင်ဆီရောက်လာကြသည်။ ဆံပင်နီညိုရောင်တို့ကို ဂျယ်ဖြင့်လှန်တင် ထားကာ polo shirt ကို style pant ထဲထည့်ဝတ် ထားသောသူ၏ပုံစံက မင်းသားအတိုင်းပင် ချောမောလှသည်။ နဒီဝင့်လွှာသူ့ကိုမြင်သည်ပြေးလာကာ ဆက်နောင်လက်ကိုချိတ်ဆွဲလျက်

" ဟာ ဆက်နောင် နင်လာတယ်ပေါ့နော် ငါဝမ်းသာလိုက်တာ နင်လာမှငါ့ပွဲကပြည့်စုံသွားတာဟသိရဲ့လား "

" အင်း ၊ ကိုထက်မြတ်"

ဆက်နောင်က ထက်မြတ်ဘက်လှည့်ပြီးခေါ်လိုက်ရာထက်မြတ်က ချက်ခြင်းပင်ဆက်နောင်
လက်ထဲ ပါဆယ်ဘူးလေးထည့်ပေးလေသည်။

" ရော့ "

" ငါ့အတွက်လက်ဆောင်ပါပြင်လာတာပေါ့ "

မျက်လုံးများဝင်းလက်ကာ ပြောလာသော နဒီဝင့်လွှာက တကယ်ကိုလှပလွန်းသည်။ အဖြူရောင် ဂါဝန်ပေါင်တိုလေးနှင့်ဒီပွဲမှာထွန်းလင်းနေသည်။

" အင်း "

" ကျေးဇူးပဲနော် လာ သူရိန်တို့လဲရောက်နေပြီ သူတို့ဝိုင်းမှာပဲထိုင်လိုက်တော့ ၊ အော်ဒါနဲ့သူတို့က "

နဒီဝင့်လွှာက စစ်သွင်တို့ကိုကြည့်၍မေးခြင်းပင်။

" ငါ့လူတွေ "

" အော်ဒါဆို သူတို့ကိုဟိုဘက်မှာပဲနေရာပေးလိုက်မယ်နော် "

နဒီဝင့်လွှာပြသည့်နေရာသည် သူ၏ ဝန်ထမ်းများအတွက်ထားရာနေရာပင်။

" ငါနဲ့တစ်ဝိုင်းထဲထိုင်လိမ့်မယ် ဖြစ်လား "

အဆင့်အတန်းခွဲခြားချင်သော နဒီဝင့်လွှာက တစ်ချက်တွေဝေသွားသည်။ ပြီးခါမှ ဆက်နောင် မျက်နှာထားကြောင့်

My Property (ongoing)Where stories live. Discover now