ep 37 (uni&zg)

527 29 12
                                    

uni

ဧကရာဇ် လရိပ်ဖုန်းထဲမှာ သူခေါ်မယ့်ဖုန်းနံပါတ်ကို ရှာလိုက်တော့ မှတ်ထားတယ့် contact nameကြောင့် သူမျက်နှာမဲ့သွားရ၏။

"Du. Du....."

📲 "ဟယ်လို "📲

📲"ဟယ်လို ဧကရာဇ် "📲

📲"ငါ့ညီကိုတစ်ယောက်ထဲ ထားပြီးသွားတာ တော်တော်မှပျော်ရဲ့လား?"📲

📲"အင်း အရမ်းပဲ"📲

📲" မင်း! ကျစ်! ထားလိုက်တော့ ငါတို့ 4ခွဲထွက်မှာ အမှီပြန်လာခဲ့ "📲

📲"ok ညီလေး"📲

ဖုန်းချသွားတယ့် လရိပ်ကြောင့် သူတကယ်ပင် လရိပ်ကို သတ်ချင်လာ၏။

'ဘာလို့လဲ လာတယ့်ယောကျ်ားလေးတွေထဲမှာ သူတစ်ယောက်ထဲ ဘာလို့ကြေကွဲနေရတာလဲ?'

"fck!!!!"

"အကိုဧကရာဇ်"

သူ့အသံက ကျယ်သွားလို့ထင်သည် ရှိုင်းထက်အောင်က ခပ်တိုးတိုးခေါ်လာ၏။

သူ ရှိုင်းထက်အောင်ကို ကြည့်လိုက်တော့ သူ့ကို 'တိုးတိုးနေ' ဆိုတယ့်အကြည့်နဲ့ကြည့်နေတာကြောင့် သူရှိုင်းထက်အောင်ကို စိုက်ကြည့်ပေးလိုက်သည်။

'သူကြီးသားလည်း၊ ဥက္ကာကောင်လေး သူတစ်ခုမှ ဂရုမစိုက် သူ့ကိုအမိန့်ပေးသလို လာလုပ်နေရင်တော့ ဘယ်သူမှကိုခံမှာမဟုတ် 'စစ်'ကတော့ ချွင်းချက် '

စစ် အကြောင်းတွေးမိတော့ ဧကရာဇ်မျက်နှာက ဝမ်းနည်းရိပ်သန်းသွားသည်။

ရှိုင်းထက်အောင် အကိုဧကရာဇ်ရဲ့ ဝမ်းနည်းရိပ်သန်းနေတယ့် မျက်နှာကြောင့် တောင်းပန်ကြည့်နဲ့ကြည့်လိုက်၏။

သူမနက်က ကိုကို့ဖို့ ဆန်ပြုတ်သွားယူတုန်းက ကိုဖိုးသားက မေပန်းချီဆိုတယ့် တစ်ယောက်နဲ့ ပြုံးကာရွှင်ကာ မုန့်စားနေသည်ကို တွေ့ခဲ့ရသည်မဟုတ်လား။

ဒီလိုအချိန်မျိုးမှာ ကိုယ့်ချစ်သူဆီက ကြင်နာမှုမရနိုင်ရင်တောင်မှ တစ်ခြားမိန်းကလေးနဲ့ ပြုံးကာရယ်ကာ အတူရှိနေတာကိုတော့ ဘယ်သူမှလိုချင်ကြမည်မဟုတ်။

ဧကရာဇ်က အိပ်ယာပေါ်မှာ အိပ်နေတယ့် ဥက္ကာကို့ကြည့်လိုက်ပြီး တိတ်တဆိတ်သာ ပြန်ထွက်သွားလိုက်သည်။

PhoeNyaWhere stories live. Discover now