ep 18(uni&zg)

717 36 26
                                    

uni

ဧကရာဇ်​နောက်ကို လိုက်သွားတယ့် ဖိုးသား​ကျောပြင်ကို ကြည့်​နေတယ့် မျက်ဝန်းနှစ်စုံက​တော့ ခိုင်မာ​တယ့်ဆုံးဖြတ်ချက်​တွေ ဖြတ်​ပြေးသွားကြ၏။

အိမ်ထဲမှာ​ဒေါ်​လေးစိန်နဲ့ စကား​ပြော​နေတုန်း ဖိုးသားကရောက်လာကာ ဘာမပြောညာမပြောနဲ့ ဧကရာဇ်လက်ကိုဆွဲကာ အိမ်နောက်ဖေးခြံထဲကို ခေါ်သွား၏။

ကုက္ကိုပင်​အောက်မှာရပ်လိုက်ပြီး ဧကရာဇ်လက်ကို ​ဆောင့်လွှဲချလိုက်သည်။

"မင်းဘယ်လိုတွေ ဝတ်လာတာလဲ ညဧကရာဇ်!"

"လူလိုဝတ်လာတာလေ"

"တောက်စ်! ညဧကရာဇ်!!! "

"ငါ့ကိုလာအော်မနေနဲ့ ငါ့ခန္ဓာကိုယ်ပေါ်မှာ ဘာဝတ်ဝတ် မင်း​ေxာက်ကြောင်းမဟုတ်ဘူး"

"ဟ ဘာလို့ငါ့အကြောင်းမဟုတ်ရမှာလဲ မင်းကငါ့သူငယ်ချင်း​လေ"

"ဘယ်သူငယ်ချင်းက အဲ့လောက်ထိ ကြည့်ပြောတာမင်းမြင်ဖူးလို့လဲ ဟိုနေ့ကမင်းပြောသလိုပဲ ေxာက်ကြောင်းမရှိေxာက်ကြောင်း ရှာမနေနဲ့"

"ငါမင်းကိုဘယ်တုန်းက ေxာက်နဲ့နှိုင်းဖူးလို့လဲ"

ဧကရာဇ်က စကားပြန်မပြောတော့ဘဲ သူ့ကိုတစ်ချက်ကြည့်ကာ အိမ်ထဲသို့ဝင်သွား၏။

ဖိုးသား သူ့ဖုန်းကိုပြန်ရှာကြည့်​တော့ မ​နေ့က callတွေထဲမှာ ထိပ်ဆုံးကဖြစ်တယ့် 'ဧကရာဇ်' ဆိုတယ့်နမည်ကို ဘေးမှာcrownပုံစံနဲ့ မှတ်ထားတယ့် callတစ်ခု။

'ကျစ် အဲ့တာဆိုမနေ့က ငါပြောလိုက်တာ ဧကရာဇ်ပဲ တောက်စ်! '

တကယ်တော့ဖိုးသားက တစ်ခြားသူထင်လို့ အဲ့လိုပြောလိုက်ရခြင်းပင်။

ဖိုးသားအပြင်ဘက်ကို ပြန်ထွက်လာ​တော့ ဧကရာဇ်က ဥက္ကာတို့ ရိုှင်းထက်တို့နဲ့ ပြုံးကာရယ်ကာ စကား​ပြော​နေကြသည်။

"ဧကရာဇ်!!!"

" လရိပ်နဲ့ ကိုစက်ပိုင်လာလေ"

"မလာတော့ဘူး ဥက္ကာရေ မမှောင်ခင်ပြန်ရမှာမို့လို့ "

ဧကရာဇ် စီနီယာ့ဆီသွားလိုက်​တော့ စီနီယာက အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်ပြီး ဧကရာဇ်ကို​ပေးလိုက်သည်။

PhoeNyaWhere stories live. Discover now