uni
"ကို အဖြောင့်ကြီးက crush ဟောင်းလေးအတွက် စိတ်မကောင်းဖြစ်နေတယ် ထင်တယ်"
ခပ်ထေ့ထေ့ပြုံးပြီး ပြောလိုက်တယ့် ရှိုင်းထက်အောင်ကြောင့် သူကြောင်ကာ ကြည့်နေမိ၏။
သူ သတိပြန်ဝင်လာတာတော့ ရှိုင်းထက်အောင်က သူ့ဘက်ကိုတစ်ချက်မှ လှည့်မကြည့်ဘဲ တစ်ခြားသူတွေနဲ့သာပြောနေ၏။
"တောင်!"
စာဝင်လာတယ့်အသံကြောင့် လရိပ်ချက်ချင်းပင် ပြုံးမိသွားကာ ဖုန်းကောက်ကိုင်လိုက်၏။
သို့သော်သူမျှော်နေသူမဟုတ်။
ဧကရာဇ်က voice messageပို့လာတာပင်။
"လရိပ် မနက်ဖြန်ကမ်းခြေသွားမလို့ 3နာရီလောက် ငါအခန်းတွေရော ကားပါခေါ်ပြီးသွားပြီ ခုနကပြောဖို့မေ့သွားလို့ ငါတို့5ယောက်ပဲ တစ်ခြားသူတွေလည်းပြောလိုက်ဦး"
voice messageဆုံးတော့မှ ရှိုင်းထက်က ဖြတ်ပြောလာသည်။
"ဘာလို့ အကိုညဧကရာဇ်က အသက်ရှူသံတစ်အားပြင်းနေရတာလဲ"
ဖိုးသားကတော့ တစ်ခုခုတွေးနေတယ့်ပုံပင်။
"ဖိုးသား ခုနကတစ်ယောက်က မင်းနဲ့လက်ထပ်ထားတယ့်တစ်ယောက်လား"
"အင်း"
မင်းခန့် လရိပ်နဲ့တော့ ထန်းရည်ဆိုင်မှာ ခဏခဏတွေ့ဖူးပေမယ့် ညဧကရာဇ်ကိုတော့ ပထမဆုံးတွေ့ဖူးတာပင်။
"ဘာဖြစ်လို့လဲ"
လရိပ်ရဲ့အမေးကို မင်းခန့်က စပ်ဖြဲဖြဲဖြင့်
"ငါအရောက်နှေးသွားတယ် ပြောမလို့ပါကွာ မတော်လိုက်ရတယ့် ယောက်ဖကြီးရဲ့"
မင်းခန့်စကားအဆုံး ဖိုးသားရဲ့ တည်နေတယ့်မျက်နှာက မင်းခန့်ဘက်လှည့်လာကာ
"မင်းအဲ့လိုအခြေမြစ် မရှိတယ့် စကားတွေဆက်ပြောမယ်ဆိုရင် ပြန်တာပိုကောင်းမယ်နော် မင်းခန့်"
"အေးပါကွာ မင်းကလည်း စတာကို ဒါနဲ့ ဥက္ကာမင်းနဲ့ ရှိူင်းထက်အောင်က ဘာတွေလဲ"
"မင်းက ဘယ်လိုလုပ်သူ့ကို သိတာလဲ"
"သူ့ရွာရောက်ဖူးလို့ပါကွာ ငါမေးတာသာဖြေစမ်းပါ"
YOU ARE READING
PhoeNya
Romanceငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...