ep 14(uni&zg)

733 35 13
                                    

uni

ဧကရာဇ် ဖိုးသားကို​နောက်မှာထားခဲ့ကာ ​ဒေါ်​လေးစိန်တို့အိမ်ကို လမ်း​လျှောက်လာခဲ့သည်။

'ဟား ညဧကရာဇ် ညဧကရာဇ် မင်းကကိုယ့်ဘာကိုယ်အထင်ကြီး လွန်းနေတာပဲ မင်းကမစားနဲ့လို့ပြောတိုင်း မစားရအောင်  မင်းကို်ယ်မင်းသူ့ရည်းစားများမှတ်နေတာလား'

အတွေးနဲ့အတူ နဂိုတည်နေတယ့်မျက်နှာက ပိုတည်သွား၏။

သူအိမ်ထဲဝင်သွားတော့ ​ဒေါ်​လေးစိန်က ရိူင်းထက်နဖူးကိုစမ်း​နေကာ ဥက္ကာကလည်း ရိူင်းထက်​ဘေးနားက​နေ ​ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ​ထိုင်ကြည့်​နေ၏။

"ဒေါ်လေး ဘာဖြစ်လို့လဲ"

သူ့အသံကြားတော့ ဥက္ကာမျက်လုံးက အရောင်လက်သွားကာ ချက်ချင်းလှည့်ကြည့်လာ၏။

"ဧကရာဇ် ရိူင်းထက် အန်နေလို့"

ဧကရာဇ်က ဥက္ကာတို့ရဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်၏။

" အန်တာပဲလား ဘာဖြစ်သေးလဲ"

ရိူင်းထက် ကိုကို့ရဲ့စိုးရိမ်​နေတယ့်ပုံစံ​ကြောင့် မ​ပြောချင်တာ​ကြောင့် ​ဒေါက်တာညဧကရာဇ်ကို တစ်ချက်ကြည့်လိုက်သည်။

"ဥက္ကာ ဆေးသေတ္တာသွားယူလာခဲ့"

"အေး ခဏ"

ဥက္ကာသွားတော့မှ ရိူင်းထက်က အနည်းငယ်နာကျင်နေတယ့်ပုံနဲ့ ဗိုက်ကိုဖိထား၏။

"ဗိုက်ထဲမှာတင်းပြီး ​အောင့်​နေတယ်"

ဧကရာဇ်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ့ရဲ့ထိုင်နေတယ့်ပုံစံကိုပြင်ပေး၏။

"ခါးကို မတ်ထား "

ဥက္ကာပြန်လာတော့ ရိူင်းထက်ရဲ့ဗိုက်ပေါ်ကို ကိုင်ထားတယ့်လက်က ခုံပေါ်ပြန်ရောက်သွား၏။

ကိုကို့ရဲ့စိုးရိမ်နေတယ့် မျက်နှာကိုကြည့်ပြီး ရိူင်းထက်အားတင်းကာပြုံးပြလိုက်၏။

"ကျွန်တော်ဘာမှမဖြစ်ပါဘူးကိုကိုရဲ့"

" ချွေးတွေထွက်နေတယ်​လေ ရိူင်းထက်ရာ"

ဥက္ကာအကျီၤလက်နဲ့ ရိူင်းထက်နဖူးပေါ်က ချွေးကိုသုတ်ပေးတော့ ဧကရာဇ်ကဆေးကဒ်တွေ ကြည့်နေရာမှတစ်ချက် မော့ကြည့်လာ၏။

PhoeNyaWhere stories live. Discover now