uni
6 days ago
ဒီနေ့က ရွာကထိန်အတွက် သူတို့ 'ဂယ်ဘဲ ' သီချင်းနဲ့ကကာ အလှူခံပေးရမယ့်နေ့ပင်။
ဧကရာဇ်ကိုတော့ ဟို field tripတွေရောက်တယ့် နေ့ထဲက ဆေးခန်းမသွားခိုင်းဘဲ အိမ်မှာနေခိုင်းထား၏။
ခါတိုင်းဆို သူအဖေ့ကိုပြောပြီး ဒီရွာကနှင်ထုတ်လို့ရပေမယ့် အခုတစ်ခါမှာတော့ သူ့အဖေ ဦးထွဋ်ခေါင်က သူ့သူငယ်ချင်းသား ပါတယ်ဟုဆိုကာ တစ်ပတ်ဒီမှာနေခိုင်းကာ ကျန်တယ့်သုံးပတ်တော့ တစ်ခြားရွာမှာ သွားနေဖို့ပြော၏။
ဒီနေ့တော့ ဧကရာဇ်က သူမိုက်ကိုင်ပြီး အလှူခံပေးပါ့မယ်ပြောပြီး ဖိုးသားအား ခွင့်တောင်းနေ၏။
"ဖိုးသား နော် ငါလည်းလိုက်ချင်လေကွာ ရိူင်းထက်အောင်လည်း လာမှာပဲကို "
"မရပါဘူး "
"မင်းကလည်းကွာ "
"အင်း အင်း လိုက်ခဲ့ ဒါပေမယ့် maskတပ်ပြီးမှ လိုက်ရမယ်"
"ok"
"ဖိုးသား လက်ရှည်ထပ်ဝတ် "
"ပူတယ်ကွ "
"ဝတ်စမ်းပါကွာ "
"ပြီးရော ပြီးရော မင်းကအရမ်းစိုးမိုးတာပဲ "
အပေါ်တက်သွားတယ့် ဖိုးသား ကျောပြင်ကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ကိုယ်က စိုးရိပ်လို့ပြောတာလေ စစ်ရယ်"
ဖိုးသား ပြန်ဆင်းလာတော့ maskတပ်ထားတယ့် ဧကရာဇ်ကိုမြင်တော့ အလိုမကျတယ့်စိတ်လေး ဖြတ်ပြေးသွားသည်။
maskအနက်တပ်ပြီး shirt လက်ရှည်မီးခိုးရောင်နဲ့ ပုဆိုးဝတ်ထားတယ့် ဧကရာဇ်က maskကြောင့်ပိုပြီး ကြည့်ကောင်းသွား၏။
maskတပ်ထားတာတောင် ထင်ရှားတယ့် visualက ပျောက်မသွားပေ။
မြင်နေရတယ့် မျက်ခုံးတစ်စုံ၊ မျက်လုံးတစ်စုံကတောင် ညို့ှယူလွန်းလှ၏။
"ဘာဖြစ်နေတာလဲ ရုပ်က "
"ဘာမှမဖြစ်ဘူး ငါတိမ်တိုက်နဲ့ မတွေ့တာဖြစ်ကြာပြီလေ ဒီနေ့တိမ်တိုက်လာမှာ တွေးမိသွားလို့"
YOU ARE READING
PhoeNya
Romantikaငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...