ep 29(uni&zg)

426 31 11
                                    

uni

ဧကရာဇ် သူ့ရှေ့က မြင်ကွင်းကြောင့် လက်သီးဆုပ်လိုက်မိ၏။
ဖိုးသားနဲ့ ပုခုံးချင်းထိကပ်လုမတတ်ကပ်ကာ လမ်းလျှောက်နေတယ့် မေပန်းချီ

သူနဲ့ဆိုရင်တောင် အနည်းဆုံးတော့ နှစ်ပေဝေးပြီးလျှောက်၏။

'အဟက် ညဧကရာဇ် မင်းက သူ့အတွက်ဘာကောင်မလို့ မင်းကိုအရေးပေးရမှာလဲ ဟား'

ဖိုးသားက ရည်းစားဟောင်းတွေကို ပြတ်သွားတယ့်အချိန် လှည့်တောင်မကြည့်တော့ပေ။

မေပန်းချီကတော့မတူ။ မေပန်းချီနဲ့တော့ ပြုံးလိုက် ရယ်လိုက်နဲ့ ။

ဧကရာဇ်က ခေါင်းခါလိုက်ကာ သက်ပြင်းချမိသွား၏။

"ဟက်"

ဧကရာဇ် သက်ပြင်းချသံကြောင့် ဖိုးသားက လှောင်လိုက်ပြီး ဧကရာဇ်နားကိုလျှောက်လာရင်း အနားကပ်လိုက်ကာ

"ဘာလဲ ညဧကရာဇ် ဒါလေးနဲ့တင် နာကျင်နေပြီလား
ငါက စတောင်မစရသေးဘူးရယ်"

ဧကရာဇ်က အနည်းငယ် ညို့မှိုင်းနေတယ့် မျက်နှာနဲ့

"ငါ တီတီ့ဆီသွားလိုက်ဦးမယ် "

ဖိုးသားက အရေးမလုပ်သလိုနဲ့ မေပန်းချီနားသာ ပြန်ကပ်သွား၏။

ဧကရာဇ် ဖိုးသားကျောကုန်းကို ငေးကြည့်ပြီးမှ တီတီ့ဆီ သွားလိုက်လေသည်။

'စတောင် မစရသေးဘူးလားစစ်ရယ် '

ဖိုးသားနောက်ကို လှည့်ကြည့်လိုက်တော့ ဧကရာဇ် မရှိတော့တာမလို့ မေပန်းချီနားက ပြန်ခွာလိုက်သည်။

"ဆောရီး  ပန်းချီ ငါမရည်ရွယ်ပါဘူး"

"ရပါတယ် သူငယ်ချင်းတွေပဲ ဘာမှမဖြစ်ပါဘူး"

"နင်ကတော့ရတယ် လရိပ်ကတော့ရ မယ်မထင်ဘူး"

"ဘာဖြစ်လို့လဲ  လရိပ်က"

ဖိုးသား မသိချင်ယောင်ဆောင်နေတယ့် မေပန်းချီကို ကြည့်ပြီး ခေါင်းခါပြလိုက်သည်။

သူကတောင် မသိချင်ယောင်ဆောင်မှတော့ ကိုယ်ကလည်းမသိချင်ယောင် ဆောင်ပေးရမှာပေါ့

.............

"လာ သား အမေတို့က သားကိုစောင့်နေတာ"

PhoeNyaWhere stories live. Discover now