ep 19(uni&zg)

554 37 10
                                    

uni

လရိပ် သူ့အားအလုပ်လာ​ပေးကာ ထွက်သွားတယ့် ညီ​တော်​မောင် ဧကရာဇ်ကို မချိပြုံးပြုံးပြကာ ဖိုးသားအိမ်ဘက်ကို ဦးတည်လိုက်၏။

ဖိုးသားအိမ်​ရောက်​တော့ ဖိုးသားက ကုတင်​ပေါ်မှာထိုင်​နေကာ မျက်လုံး​တွေက​တော့ ဟိုကြည့်လိုက်ဒီကြည့်လိုက်နှင့် တစ်​ယောက်​ယောက်ကို ရှာ​နေပုံပင်။

လရိပ်မျက်နှာမဲ့လိုက်ကာ ဧကရာဇ် ကျို​ပေးသွားတယ့် နို့ခွက်ကို ဖိုးသားကိုလှမ်း​ပေးလိုက်ရင်း

"ရှာမ​နေနဲ့ မင်းလင်ကသွားပြီ"

"ဘယ်သူကရှာလို့လဲ ဘယ်သွားတာလဲသူက"

"မြို့တက်သွားတာ ဘယ်သွားမလဲ ဘယ်​တော့ပြန်လာမလဲ​တော့ ငါလည်းမသိ"

"သူကဘာေxာက်​ကြောင်းနဲ့ သွားရတာလဲ"

လရိပ်သူ့ကို မျက်​မှောင်ကြုတ်ကာ​မေး​နေ​သော ဖိုးသားကို​ခေါင်းခါပြလိုက်၏။

ဖိုးသားက သူကမ်း​ပေး​နေတယ့် နို့ခွက်ကိုကြည့်ပြီး

"လွှတ်ပြစ်လိုက် တိုက်ချင်ရင်လူကိုယ်တိုင် လာတိုက်လို့​ပြောလိုက်"

"မင်းကလည်းကွာ"

"မသောက်ဘူး "

"​ဒေါ်​လေး​ပြော​ပေးပါဦး"

ဖိုးသားအ​မေ ​ဒေါ်သီတာကို တပ်ကူ​ခေါ်လိုက်​တော့ ​ဒေါ်သီတာက ဖိုးသားလက်ကိုပုတ်ကာ

"သားရယ် ​သောက်လိုက်ပါ"

"မသောက်ဘူး အမေ လွှတ်ပြစ်လိုက်"

"ဟင်း"

တိုက်လို့မရမှန်းသိရဲ့နဲ့ တိုက်​နေ​တယ့် သူတို့အမှားလား ဧကရာဇ်တိုက်မှ​​သောက်တာကို သိရဲ့နဲ့ တိုက်ခိုင်းတယ့် ဧကရာဇ်အမှားလား​တော့ မသိ​တော့​ပေ။

"ငါမနက်ဖြန်ကစပြီး အလုပ်ရှိလို့မလာဖြစ်​တော့ဘူး ဒီဘက်ကို လိမ်လိမ်မာမာ​နေ"

"မင်း​ပြောစရာမလိုပါဘူး"

"​အေးပါ"

'မင်းတို့နဲ့​တော့ စိတ်​တွေလဲ ​လေပါတယ်ဖိုးသားရာ"

......................

လရိပ်ကို အကူညီ​တောင်းခဲ့ကာ ဧကရာဇ်မြို့​ပေါ်ကိုတက်လာခဲ့သည်။

PhoeNyaWhere stories live. Discover now