ep 23(uni&zg)

503 36 1
                                    

uni

ဧကရာဇ် ရွာထိပ်က ခုံအဖွဲ့တွေကို ခြံထဲ​ခေါ်လာပြီး တစ်ခါတည်း တစ်တန်းလေးခုံစီကာ ခြံအပြည့်စီခိုင်းလိုက်သည်။

ပိုက်ဆံတစ်ခါတည်း ရှင်းပေးလိုက်ပြီး ခုံတွေကတော့ သဘက်ခါမနက်မှလာသယ် ခိုင်းလိုက်၏။

"Ding!"

"ဟယ်လို ကိုသော်ဇင်"

"ဧကရာဇ်ရေ အမိုးလုပ်မယ့်လူတွေ ရွာထိပ်မှာ ရောက်နေပြန်ပြီ"

"ဟုတ် ကိုသော်ဇင် ကျွန်တော်သွားခေါ် လိုက်မယ်"

အမိုးလုပ်မယ့်လူတွေကို ခေါ်လာပြီး ခြံအပြည့်အတိုင်း​ပေးပြီး ချုပ်ထားတယ့်မိုးကာကို သေချာကာကြည့်ခိုင်းလိုက်ကာ အဆင်ပြေပြီဆိုမှ အကာကိုပြန်ဖြုတ်ပြီး ခြံနောက်ဘက်မှာထားလိုက်သည်။

ပြီးတော့ ချက်ပြုတ်မယ့်လူတွေအတွက် ယာယီတဲတစ်ခု ဆောက်ခိုင်းလိုက်၏။

နေပူရင်တော့ အပင်ရိပ်နဲ့ဘာမှမဖြစ်ပေမယ့် မိုးရွာရင်တော့ အဆင်မပြေတာမလို့ အမိုးလုပ်ရခြင်းပင်။

မိုးကာခရော ယာယီတဲဖို့ပါ ပိုက်ဆံရှင်းပေးပြီး အထာနပ်သွားတယ့် ဧကရာဇ်က ကိုသော်ဇင် ဖုန်းမခေါ်ခင် ရွာထိပ်မှာ စောင့်နေလိုက်၏။

ခနကြာတော့ light truckကားနဲ့ရောက်လာတယ့် အိုးခွက်ပန်းကန်တွေ။

ဧကရာဇ် နေရာလိုက်ပြကာ ငှါးခတစ်ခါတည်း ရှင်းပေးလိုက်၏။

အသား​တွေက​တော့ မနက်ဖြန်မနက်မှ လာပို့ခိုင်းထားသည်။

​ခုံ​တွေ ပန်းကန်​တွေ ​နေရာချတာနဲ့တင် ညနေ6နာရီကျော်သွား၏။

solar မီးတိုင်တွေ ခြံပတ်ပတ်လည် ထွန်းလိုက်ပြီး ခြံမှာ​စောင့်အိပ်ဖို့ လူရှာဖို့ပြင်ပြီးမှ သတိရသွားကာ သူ့ရဲ့​မ​တော်ရ​သေးတယ့် ​ယောက္ခထီးကို ဖုန်း​ခေါ်လိုက်သည်။

"ဟယ်လို ဦးလေး"

"အေးပြောလေ သား "

"ခြံထဲက လူတွေက အခုချိန်အလုပ်ရှိသေးလား"

"မရှိတော့ဘူး သား ဘာဖြစ်လို့လဲ"

"သားခြံမှာ ဒီနေ့ညအစောင့် သဘောနဲ့ထားချင်လို့ အလကားမ​နေခိုင်းပါဘူး"

PhoeNyaWhere stories live. Discover now