ep 31(uni&zg)

447 30 1
                                    

Uni

ဧကရာဇ် အနည်းငယ်မူးနေတယ့် ခေါင်းကိုကိုင်ကာ ထလိုက်၏။

ဘေးနားကိုကြည့်လိုက်တော့ အိပ်ယာခင်းက ကျေနေလေသည်။

'စစ် ညက ဒီမှာအိပ်တာလား '

သူတို့ကုတင်ဘေးက စားပွဲပေါ်မှာ အဝတ်စနဲ့ရေဇလုံတွေ့တော့ သူမျက်လုံးအိမ်ထဲမှာ လှုပ်ရှားသွားရ၏။

သူ့ပုံစံအတိုင်းဆို ညက အသေအချာ အဖျားတက်မှာပင်။

စစ်က အပူကျအောင်လုပ် ပေးထားတာလား။

"ဖြောင်း!"

ဧကရာဇ် အတွေးလွန်နေတယ့် သူ့ပါးသူရိုက်ချလိုက်ကာ

'စစ်က မင်းကိုမုန်းနေတာလေ ရူးနေတာလား လရိပ်တို့လုပ်ပေးသွားတာနေမှာပေါ့'

ဧကရာဇ် အတွေးတွေပျောက်သွားအောင် ခေါင်းခါလိုက်ပြီး ရေချိူးခန်းထဲဝင်သွားလိုက်သည်။

အစကတော့ မျက်နှာသစ် ၊ သွားတိုက်ပဲလုပ်မလို့ပေမယ့် ခေါင်းကနောက်ကျိနေတာကြောင့် ရေချိုးပြီး ခေါင်းပါလျှော်လိုက်၏။

အကျီ်လဲပြီး နာရီကြည့်လိုက်တော့ 11နာရီ  ခေါင်းကိုတော့ အရင်ကအတိုင်း မသုတ်ဘဲ အောက်ဆင်းလိုက်သည်။

'အရင်ကလဲ သူသုတ်နေကြမဟုတ် အင်း စစ်သုတ်ပေးနေကြ သူခေါင်းလျှော်ထားတယ့်အချိန် စစ်တွေ့ရင် 'မင်းကကွာ'ဆိုပြီး သုတ်ပေးနေကြပင်။ စစ်မရှိတယ့်အချိန်တော့ သူဒီတိုင်းထားလိုက်၏။ ဘာပဲဖြစ်ဖြစ် သူကဆံပင်တိုတာပဲ ခဏလေးနဲ့ ခြောက်သွားမှာ'

.................

ဖိုးသား အောက်ထပ်မှာ မျက်နှာမသာမယာဖြင့် ထိုင်နေသည်။

သူ့နားမှာတော့ လရိပ် ရှိုင်းထက် ဥက္ကာ အပြင် မေပန်းချီလည်းရှိနေ၏။

" ငါထင်သားပဲ ဟိုနေ့ကတည်းက မင်းတို့ရန်ဖြစ်လိမ့်မယ်လို့ "

"ကျစ် လရိပ် တော်တော့"

"ဘာကိစ္စကြောင်​့ ဖြစ်ကြတာလဲ"

"ဒီလိုပါပဲ အလုပ်သမားက အလုပ်သမားလိုမနေလို့ နည်းနည်းဆုံးမပေးလိုက်တာ "

"အဟက်"

လရိပ်ရဲ့လှောင်သံက မနေ့ညက ကိစ္စကို အခဲမကြေသေးမှန်း သိသာ၏။

PhoeNyaWhere stories live. Discover now