ep 11(uni&zg)

714 39 12
                                    

uni

ဧကရာဇ် ရွာပြန်​ရောက်​​တော့ အိမ်တန်းမပြန်​သေးဘဲ ​ဆေးပစ္စည်း​တွေကို ​သွားသိမ်းဖို့ ​ဆေးခန်းကိုထွက်လာခဲ့သည်။

​ဆေးခန်း​ရှေ့​ရောက်​တော့ နှင်း​ဝေက ​ကောင်မ​လေးတစ်​ယောက်ကို တွဲထားပြီးရပ်​နေ​လေသည်။

​ဘေးနားက ​ကောင်မ​​လေးကြည့်လိုက်​တော့ ​ခြေ​ချင်းဝတ်ကိုကိုင်ကာ မျက်နှာရှုံ့မဲ့​နေ၏။ ဒီရွာက​တော့ဟုတ်ပုံမ​ပေါ်​ပေ။

"နှင်းဝေ ဘာကိစ္စရှိလို့လဲ"

"doctor လာမှလာပါ့မလားလို့ နှင်း​ဝေတို့က​စောင့်​နေတာ ဒီမှာ​လေ ​ဒေါ်​လေးစိန် ငှါးထားတယ့်နတ်အဖွဲ့က နတ်​ခေါင်းစွဲရဲ့သမီး​လေ ​​ချော်လဲပြီး ​ခြေချင်းဝတ်လိမ်သွားလို့ "

"အော် ဝင်ခဲ့လေ"

ဧကရာဇ်က ​သော့ဖွင့်ပြီး အထဲအရင်ဝင်ကာ ပစ္စည်း​​တွေကို ​ဘေးကကုတင်​ပေါ်တင်ထားပြီး လက်အိတ်ဝတ်လိုက်သည်။

ပြီးတာနဲ့ခုံမှာထိုင်နေတယ့် နတ်အဖွဲ့ကကောင်မလေးရဲ့ ခြေထောက်ကိုကြည့်လိုက်တော့  ထမီကိုခြေမျက်စိဖုံးတယ့်အထိ ဝတ်ထားတာမလို့ မမြင်ရပေ။

"ညီမ ညီမ"

သံသာ အဖေက ရွာဘက်ကိုသွားမယ်ပြောတာကြောင့် အဒေါ်တွေပါခေါ်ပြီးလိုက်လာခဲ့လေသည်။ ရွာအခြေနေမသိဘဲ ဖိနပ်ကို ကတီပါအမြင့်တွေပဲယူလာတာမလို့ ရွာရောက်တယ့်အချိန် ခြေချလိုက်တာနဲ့ လမ်းတစ်လျှောက်လုံး  မညီတယ့်​မြေ ၊ ချိုင့်​တွေ ၊ ခဲ​တွေက ဆီးကြို​နေ​လေသည်။ အစတုန်းက​တော့ အ​ဒေါ်​တွေနဲ့ ​လျှောက်တာမလို့ အဆင်​ပြေ​ပေမယ့် အ​ဒေါ်​တွေက နတ်ပွဲ​ပေးတယ့်အိမ်မှာ အလုပ်ကူလုပ်​ပေးဖို့ကျန်ခဲ့ပြီး သံသာက​တော့ သူကြီးအိမ်မှာတည်းဖို့ သူကြီးသမီးနှင်း​ဝေ ​ခေါ်ရာ​နောက်လိုက်သွားချိန်မှာ​တော့ ​​ခြေချော်ကာ ခြေချင်းဝတ်လိမ်သွားတာကြောင့် ဆေးခန်းကိုလာတော့လဲ ဆရာဝန်ကမရှိတယ့်အပြင် ခြေထောက်ကပါ တဆစ်ဆစ်နာနေတာမလို့ စိတ်ညစ်ကာ မျက်နှာရှူံ့မဲ့နေ၏။

ခဏကြာ​တော့ သူကြီးသမီးနှင်း​ဝေရဲ့ ​ဆရာဝန်ကို​ပြော​နေတယ့် အသံကြားလိုက်ရ​တော့ စိတ်တိုပြ​ီး​ပြောမယ်အလုပ် ကြည့်လိုက်​တော့ shirtလက်ရှည်အဖြူနဲ့ ပုဆိုးကို ဝတ်ထားတယ့် ထိုအမျိုးသားရဲ့ရုပ်ရည်ကလည်း တည်တည်ကြည်ကြည်နဲ့ သူ့လိုplayboy တွေကိုအရမ်းမုန်းတယ့်သူအဖို့ ရှေ့ကဆရာဝန်ဆိုတယ့်သူက ideal typeပင်။ အင်း အ​ဖေနဲ့လိုက်လာတာ ဒီတစ်ခါ အဖိုးမဖြတ်နိုင်တယ့်အရာ​ကောက်ရလိုက်သလိုပင်။

PhoeNyaWhere stories live. Discover now