ep 2(uni&zg)

1.3K 52 2
                                    

uni

လွမ်းရိပ်မြေရွာလေးမှာ မီးရှိတယ့်အိမ်ဆိုလို့ ဥက္ကာ ၊ ဧကရာဇ်နဲ့လရိပ် ဖိုးသားတို့မိဘတွေ အိမ်ရယ် ၊ သူတို့​လေး​ယောက်အတူစု​နေတယ့် အိမ်ရယ်ပဲရှိတယ် ရွာထဲက အိမ်​တွေက​တော့ ပိုက်ဆံမတတ်နိုင်တာ​ကြောင့် မီးမစင်ကြ​တော့​ဘဲ ဘတ်ထရီအိုးတို့ ဆိုလာတို့နှင့်သာ အလင်းရ​အောင်မီးသီး ထွန်းကြ​လေသည်။

်ရွာထဲကလူ​တွေအကုန် ခလုတ်ဖုန်း​လေး​တွေပဲကိုင်ကြ​ပေမယ့် ရွာရဲ့မျက်နှာဖုံး မိသားစု​သုံးခုရဲ့ သား​လေး​ယောက်က​တော့ smart phoneတွေနဲ့ပင်။

ရွာထဲက ရွယ်တူ​ယောကျ်ား ​တွေပဲ သူတို့အဖွဲ့ကိုကြည်မရတာပင် ကျန်တယ့်သူ​တွေက​တော့ ဖူးဖူးမှုတ်ထားမတတ် ဖားကြသည်။
ရွယ်တူ ​ယောကျ်ား​လေး​တွေက ကြည့်မရဘူးဆို​ပေမယ့်လည်း သူတို့အကုန်လုံးကိုမဟုတ် ဧကရာ​ဇ်ကို​တော့ အမြင်ကြည်ကြ​လေသည်။ အာ တစ်ခ်ိဳ့တွေကြတော့လည်း အပြင်မှာမုန်းတယ်လို့ အော်နေကြပေမယ့် ရင်ထဲမှာတော့ ဧကရာဇ်ကိုကြိတ်ကြိုက်နေကြသည်။

ဧကရာဇ်ကလည်း မိန်းခလေးတွေသာမက ယောကျ့ား်လေးတွေပါ သူ့ခြေရင်းမှာပြားပြားဝတ်အောင် ချောလွန်းလေသည်။ မင်းသားတွေထက်ချောပြီး အပြစ်ပြောစရာမရှိတယ့် မျက်နှာလေး ရှပ်အကျီလက်ရှည်ပဲ အမြဲဝတ်တတ်တာကြောင့် လက်မောင်းကိုမမြင်ရပေမယ့် အကြောစိမ်းတွေထောင်ထနေတယ့် လက်တွေ ၊ ခြေထောက်လေးတွေက မြင်တာနဲ့ ဦးညွှတ်ချင်​လောက်​အောင်ကို ဆွဲ​ဆောင်လွန်းသည်။

ဥက္ကာနဲ့လရိပ်က အသားသိပ်မဖြူတယ့်ဘက်သွားတာမလို့ သူတို့အဖွဲ့အတူ ​လျှောက်လာရင် ဧကရာဇ်နဲ့ဖိုးသားက ထင်းခနဲပင်
တော်သေးသည် ဧကရာဇ်က ခပ်တည်တည်နေကာ အရောမဝင်လို့။

"ဧကရာဇ်ရေ ဧကရာဇ်! "

လက်ထဲမှာ နားကြပ်ကိုင်ကာ ​ဆေးခန်းထဲက ​ပြေးထွက်လာတယ့် ဧကရာဇ်သည် သူ့ကိုယ်သူဆရာဝန်မှန်းမေ့နေသည်လား။

"ရန်ဖြစ်ပြီး ဒဏ်ရာရလာလို့လား ဟမ်တော်တော်ပြင်းလား ဟမ် "

"မင်းကလည်းကွာ အားနေငါ့တွေ့တာနဲ့ ရန်ဖြစ်တယ်ပဲထင်နေတာလား"

PhoeNyaWhere stories live. Discover now