uni
"မင်းဟာလေးတော့ ကောက်သွားပြီ"
"မဟုတ်ပါဘူး နားချင်လို့ ဖြစ်မှာပါ"
"မင်းကလေ "
"မင်းရော အဆင်ပြေရဲ့လား "
လရိပ် ပါးနှစ်ဖက်ရဲတက်သွားကာ
"ပြေ ပြေပါတယ် "
"အဆင်ပြေရင် ပြီးတာပဲ ငါရေသွားချိုးတော့မယ် မင်းလည်း သွားအိပ်တော့လေ နေလို့မကောင်းရင် ငါ့လာပြောနော် "
"အင်း စိတ်ချ မင်းလည်း အဖေနဲ့အမေကြောင့် သိပ်လည်းစိတ်ဆင်းရဲ မနေပါနဲ့ အချိန်တန်ရင် သူတို့လည်း စိတ်ပြေသွားမှာပါ"
"စိတ်မဆင်းရဲပါဘူး "
"အင်း ရေချိုးမယ်ဆို "
"အွန်း သွားပြီ"
ဧကရာဇ် ရေချိုးပြီးတော့ စစ်အခန်းရှေ့ သွားလိုက်၏။
"ဒေါက် ဒေါက်! "
"စစ် ထမင်းစားတော့မလား"
"စစ် ကိုယ်ပြောတာကြားလား "
"ကျွီ"
စစ်က တံခါးဖွင့်လာပြီး သူ့ကိုမကြည်ကြည့်နဲ့ကြည့်ကာ
"ဘာဖြစ်နေတာတုန်း"
"ထမင်းစားတော့မလား "
"အင်း"
ဖိုးသားက ရှေ့ကဆင်းသွားကာ ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်၏။
ဧကရာဇ်က တီတီ ငါးထည့်ပေးလိုက်တာကြောင့် အရိုးနွှင်ကာ ဖိုးသားဖို့ ဆီနဲ့ဆားနဲ့ နယ်ပေးလိုက်၏။
သူကတော့ ထုံးစံအတိုင်း အသီးအရွက်ကြော်ပဲပေါ့။ သူက ငါးလည်းမကြိုက်သလို၊ ငါးညှီနံ့လည်း မခံနိုင်ပေမယ့် စစ်အတွက်သာဆိုရင်တော့ ငါးညှီနံ့နံလည်း သူဆက်လုပ်ပေးမည်သာ။
စားဖို့ပြင်ပြီးတော့မှ တီတီ့ဆီက ဖုန်းဝင်လာတာမလို့ ဖုန်းကိုင်ကာ ဖိုးသားအနှောက်အယှက်ဖြစ်မှာစိုးလို့ အပြင်ထွက်လိုက်၏။
"ဟယ်လို တီတီ"
"သား ညဧကရာဇ် သားအိမ်အသစ်မှာပဲ ချက်မလား"
"ဟုတ် တီတီ"
ဖိုးသား တီတီနဲ့လိုအပ်တာတွေပြောပြီး ထမင်းစားခန်းထဲ ပြန်ဝင်လာတော့ စစ်က စားပြီသွားပြီဖြစ်၏။
YOU ARE READING
PhoeNya
Romanceငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...