uni
နာရီဝက်လောက် ကြာတော့ ဧကရာဇ်က ဖိုးသားနားရောက်သွားကာ
"စစ် ပြန်တော့ ကိုယ်တို့အိမ်အသစ်ကိုသွား ကိုယ်ထမင်းလာချက်ပေးမယ် အပေါ်မှာတက်နားနေလိုက်"
ဖိုးသားက ဧကရာဇ်ကို ဘာမှပြန်မပြောပေ။ သဘောကတော့ သူစိတ်မပြေသေးဘူးပေါ့။
"စစ် သွားတော့ကိုယ်ဦးထွဋ်ကို ပြောလိုက်မယ်"
ဖိုးသားက ဧကရာဇ်ကို မျက်နှာသေနဲ့ ကြည့်ကာ ထွက်သွား၏။
"ဟေ့ရောင်! သားစစ်ထွဋ် ဘယ်သွားတာလဲ ပြန်လာစမ်း"
ဖိုးသားထွက်သွားတာကို ဦးထွဋ်ခေါင်မြင်တော့ လှမ်းအော်လေ၏။ ဧကရာဇ်က လှစ်ခနဲ ဦးထွဋ်ခေါင်နား ရောက်လာသည်။
ဖိုးသားကတော့ လှည့်တောင်မကြည့်တော့။
"ဦးထွဋ် စစ်က မနက်အစောကြီး ထလာရတာလေ ပြီးတော့မတ်တပ်လည်း အကြာကြီးရပ်နေရတာ တော်ကြာ အညောင်းမိပြီး နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ"
"မင်းနော် ကာနေလိုက်အဲ့မှာ သူအစောကြီးထတာထက် မင်းကအစောကြီးပို ထရတာမဟုတ်ဘူးလား မတ်တပ်ရပ်နေတာရော သူကတော့ မျက်နှာတစ်ချက် ပျက်တာနဲ့မင်းက ထိုင်ခိုင်းပြီးသား မင်းကျတော့ဧည့်သည်တွေ ဧည့်ခံလိုက် လိုတာတွေပြေးလုပ်လိုက် ဖိုးသားဆီ ပြေးလိုက်နဲ့ရူပ်နေတာပဲ"
ဧကရာဇ်က ဦးထွဋ်ခေါင်ကို ပြုံးပြလိုက်ကာ စီယာတို့ဝိုင်းကို လျှောက်သွားလိုက်၏။
လရိပ်က ဝိုင်းမှာမရှိပေ။ စက်ပိုင်က ဧကရာဇ်လာတာလည်း မြင်ရော
"sorry ဧကရာဇ် "
"ဘာအတွက်လဲ စီနီယာ"
"ငါမင်းလက်ကို ခွင့်မတောင်းဘဲ ဆွဲလိုက်မိလို့ ဒါပေမယ့် ခွင့်တောင်းရင်လည်း မင်းကပေးကြည့်မှာမှ မဟုတ်တာ"
တကယ်တော့ သူ့ဆေးရုံက သူ့ဝန်ထမ်းတစ်ယောက်က ညဧကရာဇ်ကို suicide caseနဲ့ တွေ့လိုက်တယ်ပြောလို့ တကယ်ဟုတ် မဟုတ်သိရအောင် ဧကရာဇ် လက်ကောက်ဝတ်က နာရီကိုချွတ်ပြီး အတည်ပြုလိုက်တာ။
တကယ်လည်း ဧကရာဇ်လက်မှာ ရှရာအကြီးကြီးတစ်ခု။
"ဆေးရုံရောက်တာမှီလို့ဆို "
YOU ARE READING
PhoeNya
Romanceငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...