ep 25(uni&zg)

527 31 2
                                    

uni

"ဟျောင့် ဟိုလူက အခြောက်သာ ပြောသေးတယ် six packနဲ့ကွ bodyကလည်းအမိုက်စားပဲ ငါတို့အကိုလေးက တောင့်တောင့်ဖြောင့်ဖြောင့်ဆိုတော့ ငါက သူ့ကို ထမီတွေ ဆံပင်တုတွေနဲ့ထင်နေတာ"

"အေးကွ အခြောက်လဲဆိုသေး ငါတို့ကိုလည်း လိုက်မကြည့်ဘူး ပုံမှန်ဆိုကွာ မိန်းခလေးတွေတောင် ယောကျ်ားတွေမြင်ရင် နှစ်ခါလောက်တော့ မတော်တဆလိုလို အတည်လိုလိုနဲ့ မျက်လုံးချင်းဆုံ ကြသေးတာပဲ"

"သူကျတော့ ဘယ်လိုကြီးလဲကွာ"

"အေးလေ"

ဟိုဘက်ဝိုင်းက ​ပြော​နေတာ​တွေကို မသိတယ့် ဧကရာဇ်က​တော့ laptopသုံးရင်းနဲ့ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ဖိုးသားအကောင့်က လိုင်းစိမ်းနေ၏။ မေ့ပြီး လိုင်းမပိတ်မိတာလား။

"စစ် အိပ်မပျော်ဘူးလား"

စာကို seenပြလာတာမလို့ စစ် မအိပ်သေးတာ သေချာ၏။

"စစ် အိပ်မပျော်ရင် ကိုယ်သီချင်းဆိုပြထားတယ့် audio fileရှိတယ်မလား အဲ့တာလေးနားထောင်နေလိုက်လေ"

"စစ် ကိုယ်ပြောတာ နားလည်တယ်မလား"

"စစ်"

"စစ်လို့"

သူ့စာတွေ အကုန်seenပြပေမယ့် ပြန်တော့မပို့ပေ။ ခဏကြာတော့ သူဘာမှမပြောတော့လို့ထင် လိုင်းပိတ်သွား၏။

"ဟင်း"

သူ laptopပြန်သုံး လိုက်ပြီး4နာရီတီးတော့ သူတို့ကွင်းထဲကို ကားတစ်စီးဝင်လာ၏။

ဧကရာဇ်က laotopကိုအိတ်ထဲ ပစ်ထည့်လိုက်ကာ ကားနားကိုသွားလိုက်၏။

မဏ္ဌပ်လုပ်ဖို့ လိုအပ်တာတွေ လိုက်ကြီးကြပ်​ပေး​နေလိုက်သည်။

တစ်နာရီ​လောက်ကြာ​တော့ 'မောင် သားစစ်ထွဋ် (ခေါ်) ဖိုးသား နှင့် ​မောင်ညဧကရာဇ် တို့၏ မင်္ဂလာဧည့်ခံပွဲ ဆိုတယ့် စားသားက ထင်းခနဲ အပြင်အဆင်ကလည်း အဆင်​ပြေတာမလို့ ဧကရာဇ် ​ကျေနပ်သွားကာ 5000ထုတ်ပေးလိုက်သည်။

မဏ္ဌပ်အလှဆင်တယ့် သူ​တွေ ပြန်သွားတာနဲ့ ဟင်းချက်မယ့် အဖွဲ့​တွေ​ရောက်လာ၏။

PhoeNyaWhere stories live. Discover now