Rewrite the Stars

Af khinnyeinchanwai

60.5K 5.2K 883

ကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... Mere

အခန်း / ၁(z&u)
အခန်း / ၂(z&u)
အခန်း / ၃(z&u)
အခန်း / ၄(z&u)
အခန်း / ၅(z&u)
အခန်း / ၆(z&u)
အခန်း / ၇(z&u)
အခန်း / ၈(z&u)
အခန်း / ၉(z&u)
အခန်း / ၁၀(z&u)
အခန်း / ၁၁(z&u)
အခန်း / ၁၂(z&u)
အခန်း / ၁၃(z&u)
အခန်း / ၁၄(z&u)
အခန်း / ၁၅(z&u)
အခန်း / ၁၆(z&u)
အခန်း/ ၁၇(z&u)
အခန်း / ၁၈(z&u)
အခန်း / ၁၉(z&u)
အခန်း / ၂၀(z&u)
အခန်း /၂၁(z&u)
အခန်း /၂၂(z&u)
အခန်း /၂၃(z&u)
အခန်း /၂၄(z&u)
အခန်း /၂၅(z&u)
အခန်း/ ၂၆(z&u)
အခန်း/ ၂၇(z&u)
အခန်း /၂၈(z&u)
အခန်း / ၂၉(z&u)
အခန်း / ၃၀(z&u)
အခန်း / ၃၁(z&u)
အခန်း / ၃၂(z&u)
အခန်း / ၃၃(z&u)
အခန်း / ၃၄(z&u)
အခန်း / ၃၅(z&u)
အခန်း / ၃၆(z&u)
အခန်း / ၃၇(z&u)
အခန်း / ၃၈(z&u)
အခန်း/ ၃၉ (z&u)
အခန်း/ ၄၀(z&u)
အခန်း / ၄၁(z&u)
အခန်း / ၄၂(z&u)
အခန်း / ၄၃
အခနျး ၄၃(unicode)
အခန်း / ၄၄
အခန်း / ၄၄( အဆက်)
အခနျး/ ၄၄(unicode)
အခန်း / ၄၅
အခနျး / ၄၅(unicode)
အခန်း / ၄၆(z&u)
အခန်း/ ၄၇(z&u)
အခန်း / ၄၈
အခနျး ၄၈(unicode)
အခန်း / ၄၉(z&u)
အခန်း /၅၀(z&u)
အခန်း/ ၅၁
အခနျး / ၅၁(uni)
အခန်း / ၅၂
အခနျး/၅၂(uni)
အခန်း / ၅၃
အခနျး /၅၃ (uni)
အခန်း / ၅၄
အခန်း / ၅၅
အခနျး / ၅၅(uni)
အခန်း / ၅၆
အခနျး/၅၆(unicode)

အခန်း / ၅၄ (uni)

414 39 2
Af khinnyeinchanwai


"""""""""""

""""""""""""""

သုံးပတ်လောက်ကြာပြီးမှပြန်ရောက်လာခဲ့ပြီး ရောက်ရောက်ချင်းရှာသည်က Austin )ကိုဖြစ်သည်...
ဖုန်းအကြိမ်ကြိမ်ဆက်နေလည်း တပ်ဆင်ထားခြင်းမရှိပါဆိုတဲ့အဖြေသာပြန်ရသည်..
သူနဲ့အတူနေသည့်တိုက်ခန်းမှာလည်းမရှိပဲ အိမ်ကလည်းလူမနေတာကြာတဲ့ပုံမျိုးဖြစ်နေသည်
ရေခဲသေတ္တာထဲအစားအစာတွေပင်ပုပ်ပြီးအနံ့ထွက်နေပြီ..
ဤသည်က Austin အိမ်မှာမရှိတာကြာပြီဆိုတဲ့အနေအထား...
အိမ်မှာမရှိဘူးဆိုရင်ရှိနိုင်တာက Kit ရဲ့အိမ်မှာပဲဖြစ်သည်..

ကံဆိုးစွာပင် Austin က Kit ရဲ့အိမ်မှာရှိမနေခဲ့ပေ...
ကြီးနွန်ကိုမေးကြည့်တော့ Austin ကိုမတွေ့သည်မှာကြာပြီလို့ပြောလာသည်...
ဆိုမှတော့ သိနိုင်သူက Kit တစ်ယောက်သာရှိတော့သည်မလား..
Austin မှာ အသိမိတ်ဆွေဟူ၍လည်းKit နဲ့သူ့အိမ်ကလူတွေကလွဲပြီးရှိမှမရှိလေပဲ..

ထို့ကြောင့် Kit အလုပ်လုပ်နေမယ့်ရုံးခန်းဆီသာအားကိုးတကြီးပြေးလာရတော့သည်...

"Kit.....Kit.....''

ရုံးခန်းထဲမှာပဲ
နေ့လည်စာစားဖို့လုပ်နေတဲ့ Kit ကသူတစ်ယောက်ထဲမဟုတ်ပဲ
Phi Sing ပါရှိနေသည်....
သို့ပေမယ့် သိပ်ဂရုမထားမိ...
သူ့အတွက် Bing Er (Austin) ကိုတွေ့ရဖို့သာခုချိန်မှာအရေးကြီးနေသည်..
တခြားသူတွေနဲ့ရန်ဖြစ်စကားများနေဖို့အချိန်မရှိ...

"အို့...ဘာကိစ္စလဲ သတို့သားလောင်းကြီးရဲ့...''

"Kit.....Aus..Austin ဘယ်မှာလဲ...''

"Austin ဘယ်မှာလဲ...အဲ့ဒါမင်းသိရမှာလေ..သူ့ကိုမင်းခေါ်သွားတာမဟုတ်လား..''

Phi Sing နွင်ပြီးထည့်ပေးထားတဲ့ ပန်းကန်ထဲကငါးတစ်ဖတ်ကိုပါးစပ်ထဲပစ်ထည့်ရင်းနဲ့အမူအရာမပျက်စေရပဲခပ်တည်တည်တုံ့ပြန်သည်....

"မဟုတ်ဘူး Kit....ငါ ...သူဒီမှာကျန်နေခဲ့တာမင်းသိပါတယ်...သူရှိတဲ့နေရာမင်းသိတယ်မလား...''

"ဘာလဲ Jade ရာ....မင်းစေ့စပ်ပွဲအတွက်တောင် ဂုဏ်မပြုရသေးဘူး..အရေးမပါတဲ့ကိစ္စတွေထားလိုက်..''

Krist ရဲ့ပုံစံက တကယ်ကိုဘာမှမသိသလိုပင်..
အေးအေးဆေးဆေးပဲရှိနေပြီး Jade ကို တကယ်ကြီးဂုဏ်ပြုချင်နေသေးသည့်ပုံ...

" Kit....Austin ဘယ်မှာရှိလဲ မင်းသိတယ်မလား..ငါ သူနဲ့တွေ့ရမှဖြစ်မယ် ကျေးဇူးပြုပြီးတော့ပါကွာ..ငါ့ကိုသူရှိမယ့်နေရာကိုပြောပြပေးပါ...''

Jade ရဲ့ ဆောက်တည်ရာမရဖြစ်နေတဲ့ပုံက Krist အတွက်တော့စိတ်ကျေနပ်စရာပင်..
Sing ကသာ ကိုယ်ချင်းစာမိနေပြီး Jade အခုဖြစ်နေမယ့်ခံစားမှုကိုနားလည်နေသည်...
ဘယ်လိုပဲပြောပြော Jade နဲ့ Austin ဆိုတာကလည်းနှစ်တွေအကြာကြီးအတူရှိခဲ့တဲ့လူတွေပဲကို..
နက်ရှိူင်းတဲ့ဆက်သွယ်မှုတစ်ခုကသူတို့ကြားမှာရှိနေခဲ့ပြီးသားဖြစ်သည်....

"ငါ တကယ်မသိဘူး Jade...ငါ ဒီရက်ပိုင်းနှစ်ကုန်စာရင်းတွေနဲ့အလုပ်ရှုပ်နေတာ..တခြားလူတွေကိုဂရုစိုက်ဖို့မပြောနဲ့ကိုယ့်ကိုကိုယ်တောင်စားချိန်အိပ်ချိန်မမှန်ဘူး..ပြီးတော့ Austin ကို မင်းနဲ့အတူပါသွားတယ်လို့ပဲငါထင်တာ..ခါတိုင်းလည်း မင်းတရုတ်ကိုသွားရင် သူ့ကိုခေါ်သွားနေကြပဲကို...''

Krist ရဲ့ပြီးပြည့်စုံလှတဲ့သရုပ်ဆောင်ချက်က Jade ကိုအယုံသွင်းနိုင်သွားလေသည်လား..
ဆိုဖာအလွတ်တစ်ခုမှာဝင်ထိုင်လိုက်ရင်း လက်တွေကသူ့ဆံပင်နဲ့သူဆွဲဖွနေသေးသည်...
ပခုံးထိရှည်လျားတဲ့ဆံပင်တွေက မဖြီးမသင်ထားသလိုကပိုကရိုနဲ့ စုတ်ဖွာဖွာဖြစ်နေကာ မျက်လုံးတွေကလည်းရက်ပေါင်းများစွာမအိပ်ရသေးတဲ့လူလိုမျိုးနီကြောင်ကြောင်ဖြစ်နေသေးသည်...

"ဒီတစ်ခေါက် ငါသူ့ကိုခေါ်မသွားခဲ့ဘူး..ဖေဖေကတစ်ယောက်ထဲပဲလာခဲ့ဆိုလို့ ငါတစ်ယောက်ထဲသွားခဲ့တာ...ဟိုရောက်တော့.....ငါ့ဖုန်းတွေရောအကုန်သိမ်းပြီးစေ့စပ်ပွဲကိုဇွတ်စီစဉ်ခဲ့တာ...Austin သိပြီး တစ်နေရာကိုထွက်သွားပြီထင်တယ်...ငါ သူ့ကိုတွေ့ချင်တယ် တွေ့ရမှဖြစ်မယ်...''

Jade ရဲ့အဖြစ်ကိုကြားရတော့လည်းဂရုဏာသက်စရာပင်...
တဖက်လူက ဒီလိုဖြစ်ပျက်နေတာကိုမြင်ရတော့ Austin ရှိနေတဲ့နေရာကိုပြောပြလိုက်ချင်သည်...
Krist ကိုအကဲခတ်ကြည့်တော့ ဘာကိုမှမမှုသလိုပင်ရှိနေတုန်း...
Jade ရဲ့ဝိဉာဏ်ပျောက်သလိုဖြစ်နေသည့်ပုံကပင် သူ့ကိုစိတ်ကျေနပ်စေသည်လားမသိ..

"Jade....မင်းဘာဖြစ်နေလဲဆိုတာငါမသိဘူး...Austin က မင်းအတွက်ဘာမှမဟုတ်တဲ့လူတစ်ယောက်ပဲလေ..ဘာလို့တွေ့ချင်နေတာလဲ..ပြီးတော့ မင်းကစေ့စပ်ပြီးတဲ့သူဖြစ်နေပြီ...
နောက်ဆိုလက်ထပ်ရတော့မှာ...
ဘာဖြစ်ဖြစ် Austin ကိုမင်းစွန့်ပစ်ရမှာပဲ အခု အဆင်သင့်သွားတယ်လို့ပဲတွေးလိုက်..''

Krist ကတော့ အစားအသောက်ပင်မပျက်ပါချေ...
Jade ကို ပညာပေးဖို့အကွက်ဆိုက်လာမှတော့သူကဘာလို့မလုပ်ရမှာလဲ..
Aus ကို မချစ်ဘူးလို့ပြောခဲ့တယ်မလား..
ပြီးတော့သူ့ကိုချစ်ပါတယ်ဆိုပြီး စိတ်ဒုက္ခပေးခဲ့သေးတယ်လေ...
ဒါ လက်စားချေဖို့အခွင့်အရေးပဲ...

"ငါ လက်မထပ်ဘူး...အဲ့ဒါက စီးပွားရေးချင်းပူးပေါင်းနိုင်အောင်လုပ်တဲ့အယောင်အဆောင်စေ့စပ်ပွဲတစ်ခုပဲ...ငါ တို့တကယ်လက်ထပ်မှာမဟုတ်ဘူး...''

"ဒါပေမယ့် မင်းတို့မိဘတွေကတော့တကယ်လက်ထပ်ပွဲဖြစ်အောင်လုပ်ကြမယ်ဆိုတာသေချာတယ်...''

"ဘာဖြစ်ဖြစ်....ငါ လက်မထပ်ဘူး...''

"Okay လေ..အဲ့ဒါဆိုလည်းပြီးတာပဲ....''

Jade က စိုးရိမ်ပူပန်နေသလောက်
Krist ကတော့လုံးဝအေးဆေးပဲဖြစ်နေသည်..
Sing အသင့်ထည့်ပေးထားတဲ့ဟင်းတွေကိုယူစားလိုက် ရေလေးသောက်လိုက်နှင့်...
Jade ရဲ့ပူလောင်မှုတွေကသူနဲ့ဘာမှမသက်ဆိုင်သလိုမျိုး..

"Kit....ငါ တောင်းဆိုတာပါ...Bing Er...Austin ဘယ်မှာရှိနေလဲဆိုတာ မင်းသိတယ်ဆိုရင်...''

"ငါ တကယ်မသိဘူးJade... Aus က ပုံမှန်ဆိုရင်လည်းငါ့ဆီခဏခဏလာတတ်တာမှမဟုတ်ပဲ...မင်းနဲ့ပဲရှိနေတတ်တာလေ...
မင်း မှ မသိဘူးဆိုရင်ငါကသိစရာအကြောင်းမရှိဘူး....''

Jade ရဲ့စေ့စပ်သတင်းကိုသိသိချင်း Austin ကိုဖုန်းဆက်ကာအပြင်ကိုခေါ်ထုတ်ပြီးမှ Phi Sing ရဲ့နေရာကိုလိုက်ပို့လိုက်တာကသူမဟုတ်သလိုပင်...
သူကိုယ်တိုင်Austin ရဲ့တိုက်ခန်းအထိသွားခေါ်ရင် cctv ကနေတဆင့်သိနိုင်တာမို့ ဖုန်းဆက်ပြီးပဲခေါ်ခဲ့တာဖြစ်သည်
လိုအပ်ရင်နိုင်ငံခြားထိသွားဖို့နိုင်ငံကူးလက်မှတ်ကအစအပြည့်အစုံယူခိုင်းခဲ့သည်အထိစေ့စေ့စပ်စပ်လုပ်ခဲ့တာဖြစ်သည်...

ထိုကိစ္စတွေစီစဉ်နေတုန်းမှာပဲ Jade ကသေချာပေါက်လာရှာလိမ့်မည်ဆိုတာပါကြိုမြင်ခဲ့ပြီးသား...

"ဒါဆို....သူ မင်းဆီဖုန်းမဆက်ဘူးလား...''

"ဟင့်အင်း...မဆက်ဘူး...ငါ့ဆီဖုန်းဆက်ရင်မင်းလည်းသိမှာပဲလို့သူတွေးမှာပဲ...ကြည့်ရတာ သူ မင်းနဲ့မပတ်သက်ချင်တော့ဘူးထင်တယ်....''

Krist ရဲ့စကားလုံးတိုင်းက Jade ကိုပိုပြီးနာကျင်စေသည်...
တကယ်လို့များ....
Bing Er က Kit ပြောသလို သူနဲ့တကယ်မတွေ့ချင်တော့ဘူးဆိုရင်....

မဖြစ်ဘူး...
သူ့အတွက် Bing Er ကိုလိုအပ်တယ်...

"ငါ သွားတော့မယ်...ငါ သူ့ကိုသွားရှာလိုက်ဦးမယ်...''

"အေးပါ...ငါလည်းကူရှာပေးပါ့မယ်...''

အလောတကြီးနဲ့ပြန်သွားတဲ့ Jade ကို အရသာရှိရှိကြည့်နေတဲ့ Krist က တကယ့်လူဆိုးကလေးလိုပင်...
စားသောက်နေတာကိုလည်းမပျက်စေပဲ ပျော်ရွင်နေသည့်ပုံပင်တွေ့နေရသေးသည်..

"Jade သူ တကယ်စိတ်ပူနေရှာတာ...
ဘာလို့အမှန်အတိုင်းမပြောလိုက်တာလဲ...''

"ဘာကိုအမှန်အတိုင်းပြောရမှာလဲ...အဲ့ဒါကသူနဲ့ထိုက်တန်တယ်...
သူက Austin ကိုအမြဲတမ်းခပ်ပေါ့ပေါ့သဘောထားခဲ့တာ....လွယ်လွယ်ရတဲ့ပစ္စည်းလိုပဲ တန်ဖိုးမထားဘူးလေ..အခုသူခံစားရမယ့်အလှည့်ပဲ...''

Krist က Jade ကိုပြောဆိုနေတာဖြစ်ပေမယ့်လည်း
ထိုစကားတွေက Sing ကိုပါ သက်ရောက်သည်
အခုJade ဖြစ်နေတာက တစ်ချိန်ကသူ့လိုပဲဖြစ်ပြီး သူ့လောက်တော့အပြစ်ကမများလှပေ....

"အင်းပါ...မင်းကလေး ရဲ့သဘောပါပဲ...''

"ဟွန့်.....''

ကလေးဆိုးကြီးလိုပြုမှုနေမိတာသိပေမယ့် Krist က နည်းနည်းလေးမှဂရုမစိုက်ချေ..
သူကဆိုးတော့ရော ဘာဖြစ်လဲ..
အားလုံးကိုတရားမျှတအောင်လုပ်နေတာလေ...
Austin နာကျင်ရသလို
Jade လည်းနာကျင်ရမှဖြစ်မှာပေါ့....

"နေဦး..ခင်ဗျားပြန်သွားရင် Austin ကို Jade လာရှာတဲ့အကြောင်းမပြောနဲ့နော်..လုံးဝမပြောပြနဲ့... ''

ပြောပြလိုက်ရင် ဟိုအရူးလေးက ပုန်းနေရာကနေ  ဝမ်းသာအားရနဲ့အပြေးပြန်လာမှာ...
Jade ကို သင်ခန်းစာပေးဖို့ကဖြစ်မြောက်လိုက်မှာမဟုတ်တော့ပေ..

"ဟုတ်ပါပြီကွာ....မပြောဘူး ဟုတ်ပြီလား...အခုတော့ ပြီးအောင်စားဦး...''

အခွံခွာထားတဲ့ဂဏန်းအသားတွေကို ပန်းကန်ထဲထည့်ပေးလိုက်ရင်းက ဆက်ပြီးစားဖို့တိုက်တွန်းလိုက်သည်...
သူကိုယ်တိုင်ချက်လာတာမဟုတ်ပေမယ့် ပင်လယ်စာကောင်းကောင်းရသည့်ဆိုင်ကနေဝယ်လာပေးခဲ့တာဖြစ်သည်...
နေ့တိုင်းလုပ်ပေးနိုင်တာတော့လည်းမဟုတ်ပေ...
တစ်ရက်ခြားနှစ်ရက်ခြားလောက်သာ လာပြီးဂရုစိုက်ပေးဖြစ်သည်..
Krist က သူခဏခဏလာနေတာကိုမကြိုက်မှာလည်းပူပင်ရသေးသည်မဟုတ်ပါလား...
စိုက်ခင်းကအလုပ်ကိစ္စတွေကိုJoe နဲ့လွဲထားပြီးရင်တော့ သူလည်းဘန်ကောက်အိမ်မှာသာပြန်နေတော့မည်...
သို့မှသာ ကလေးငယ်ရဲ့အမြင်ကောင်းကိုရနိုင်ဖို့ကြိုးကြိုးစားစားအလုပ်လုပ်ရပေမည်..

""""""""""""""""""""

အလိုလိုက်ခံရလွန်းသည့်ကလေးကပျက်စီးသည် ဆိုတဲ့စကားအတိုင်း
Krist လည်းတဖြည်းဖြည်းနဲ့ပျက်စီးလာနေချေပြီ...
သူ့ကိုကလေးတစ်ယောက်လိုဂရုစိုက်ပေးနေသည့် Phi Sing ကြောင့်
သူ့မှာ စားချိန်အသင့်သောက်ချိန်အသင့်နဲ့.....
Phi Sing မလာနိုင်သည့်ကြားရက်တွေဆို ထမင်းစားရတာအဆင်မပြေတော့သလိုပေ...ဘယ်လောက်ကောင်းတဲ့စားသောက်ဆိုင်ကဟင်းဖြစ်ပါစေ..
တစ်ခုခုလိုနေသလိုခံစားချက်မျိုးခံစားရသည်..

"နေ့လည်စာအတွက်ကျေးဇူးပဲ...''

အပြုံးတစ်ပွင့်ကိုသာအမြဲချိတ်ဆွဲထားတတ်တဲ့
Phi Sing  က သူ့စကားကြောင့် ပိုပြုံးသည်..
သေချာကြည့်မှသတိထားမိမည့် ဘယ်ဘက်ပါးပြင်ကပါးချိုင့်သူခိုးလေးပေါ်လာသည်အထိပင်...

"ကိုယ် Nammon ဆီလည်းသွားပို့ထားတယ်...
ဒီရက်ပိုင်း အားလုံးအလုပ်ရှုပ်နေတယ်မလား..''

"ရှုပ်တာကတော့ပြောမနေနဲ့...နှစ်ကုန်စာရင်းတွေရော...နှစ်ကုန်ဘောနပ်စ်ပေးဖို့တွေရော...Meeting ကလည်းတစ်ရက်ကိုငါးကြိမ်လောက်တက်နေရတယ်..
နောက်နှစ်ရက်လောက်ဆို ခရီး လည်းသွားရဦးမယ်....Phi ကိုပဲသွားခိုင်းလိုက်တာကောင်းမယ်....''

အလုပ်ကိုဖိဖိစီးစီးလုပ်လိုက်တော့မှပဲ အလုပ်ကလူကိုပြန်ဖိနေသည်..
ညဆိုလည်းတော်တော်မအိပ်ရပေ..
Video call နဲ့ Meeting ထိုင်ရသေးသည်..

" ဒါဆို ခဏနားနေဦးလေ...လွယ်တဲ့စာရင်းလေးတွေကိုယ်စစ်ထားပေးမယ်..''

တချိန်ကကိုယ်လုပ်ခဲ့တဲ့အလုပ်တွေမို့ ကလေးငယ်ပင်ပန်းနေမည်ဆိုတာသူသိသည်..
နှစ်တစ်နှစ်ကုန်တော့မည်ဆို အလုပ်တွေကဘယ်လောက်တောင်များလိုက်သလဲ....

"ဒါဆို ကျွန်တော်ခဏအိပ်ဦးမယ်...''

လုပ်တတ်ရဲ့လား လို့တစ်ခွန်းမမေး...
ယုံယုံကြည်ကြည်နဲ့ပဲ Sing ရဲ့လက်ထဲ ဖိုင်အထပ်လိုက်ထည့်ကာ Krist က ဆိုဖာပေါ်အိပ်ဖို့ပြင်သည်..

"Krist...အခန်းထဲမှာသွားအိပ်ပါလား...ဒီမှာကကျဉ်းကျဉ်းကျပ်ကျပ်နဲ့..သက်တောင့်သက်သာမရှိဘူးလေ....''

အမှန်တော့ဆိုဖာကသိပ်တော့လည်းမကျဉ်းပါ..
သူက ကလေးငယ်ကိုကောင်းကောင်းနားစေလိုခြင်းသာဖြစ်သည်..

"တော်ပြီ...နှစ်နာရီဆို Meeting ရှိသေးတယ်...အိပ်ရာထဲမှာဆို ထရခက်နေလိမ့်မယ်...''

ခုပင် တစ် နာရီထိုးတော့မှာမို့ သူလည်းအတင်းမတိုက်တွန်းတော့......
Laptop နဲ့ ဖိုင်တစ်ထပ်ကိုသာ စားပွဲပေါ်ချလိုက်ပြီး စာရင်းတွေကိုစလုပ်လိုက်သည်...
နိုင်ငံတွင်းမှာပဲဖွင့်ထားသည့်ကုမ္မဏီအခွဲတွေက စာရင်းတွေအပြင် ပြည်ပကလက်ခွဲကုမ္မဏီတွေရဲ့စာရင်းတွေပါ တပြိုင်ထဲစုလုပ်ရတာမို့ အမှားအယွင်းမရှိဂရုစိုက်ရပေမည်...
နှစ်သစ်ကူးပြီးသွားရင်တော့ ကလေးငယ်လည်းကောင်းကောင်းနားရလောက်ပါသည်...

ဒီကြားထဲတော့ သူကပဲအစားအသောက်မှန်အောင်ဂရုစိုက်ပေးရမည်..
မဟုတ်ရင်အအိပ်ပျက်အစားပျက်နဲ့
ကျန်းမာရေးထိခိုက်ပေလိမ့်မည်...

ဒီလူသားလေးကို အတတ်နိုင်ဆုံးတော့ နေမကောင်းမဖြစ်ရအောင်ဂရုစိုက်ရမည်...
ဒါမှသာ သူလည်းစိတ်ချမ်းသာရပေမည်မဟုတ်ပါလား....

""""""""""""""""""""

Hello

Jade နဲ့ Austin ရဲ့side storty လေးသပ်သပ်ရှိပါတယ်

Let me be your Fantasy
( မင်းရဲ့စိတ်ကူးယဉ်အိမ်မက်လေးဖြစ်ခွင့်ပေးပါ  )

ဆိုတဲ့ story လေးပါ...



Fortsæt med at læse

You'll Also Like

22.2M 684K 29
"Ethan." Aiden pauses. "I want you." He softly bites my ear. "I want to kiss you more than you will ever know." Trying to avoid the daily beatings of...
14.2K 917 14
Zawgyi Authorသဘောကျတဲ့ စာအုပ်လေးတွေကို Book worm လေးတွေအတွက် မိတ်ဆက်သဘောမျိုးလေး ရေးပေးသွားမှာပါလို့..... #Book Review Unicode Authorသဘောကျတဲ့ စာအုပ်...
15M 459K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
57.9K 7.8K 31
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...