NYAN'S

By HaeBoom

58.2K 6.9K 1K

Own Characters More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပ်ိုင်း(၃၃)အဆက်
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)

အပိုင်း(၁၃)

1.1K 151 14
By HaeBoom

ကားမီးရောင်ခပ်စူးစူးတွေက ပြည်လမ်းတစ်လျှောက် ပြည့်နှက်နေပြီး ည၉နာရီဆိုပေမယ့် ရန်ကုန်မြို့ညအချိန်က စည်ကားနေတုန်းဖြစ်သည်။ စတီယာကိုင်ထားတဲ့ သူ့ရဲ့ လက်ဖြူဖြူဖွေးဖွေးကလည်း ဝတ်ထားသော တန်ဖိုးကြီးနာရီကြိုးမဲလေးဖြင့် သိပ်ကို ပနံသင့်နေသည်။ သတိထားမိသလောက်သူသည် ဒီနာရီကို အမြဲတမ်းဝတ်ဆင်ထားတတ်သည်။

" ဘာစားအုန်းမလဲ ညီ "

" အာ မစားနိုင်တော့ပါဘူး
အခုတောင်ဗိုက်ပြည့်နေလို့ မလှုပ်နိုင်တော့ဘူး"

" ဟက် ဟက် မပိုးထည့်ပေးသမျှအကုန်စားခဲ့တာကို "

" ခွံ့ကျွေးမတက်ဆိုတော့ အားနာလို့ပါဗျာ"

" ဟား ဟား အိမ်ရောက်ရင် ကိုယ် အစာကြေဆေး လာပေးမယ် စောင့်နေနော် "

" အင်း "

တဖန်ပြန်တိတ်ဆိတ်သွားတာကြောင့် ကားမှန်ကနေအပြင်ကို ငေးကြည့်နေမိသည်။ဒီနေ့လ်ို နှစ်ယောက်ထဲ နီးနီးကပ်ကပ်ရှိတဲ့ အချိန်တွေ ထပ်ရှ်ိလာဖို့က မသေချာတော့တာမို့ သက်ပြင်းချလိုက်မိသည်။ ဒီတစ်ခေါက်ရန်ကုန်လာတာ
လာခြင်းမကောင်းခဲ့ဘူး။ သူ့နှလုံးသားရော စိတ်ပါ
ကပြောင်းကပြန်တွေဖြစ်ကုန်ပြီဖြစ်သည်။

" သက်ပြင်းချနေတာ ကိုယ်လွင့်သွားပါအုန်းမယ်
မင်းလို ကလေးက ဘာတွေ တွေးပူစရာရှိနေလို့လဲ  "

" ဒီလိုပါပဲ "

" ဟုတ်ပါပြီကွာ အရင်တစ်ခါ ဝယ်သွားတဲ့ စာအုပ်ဖတ်ပြီးပြီလား ညီ "

" အဲ  ဖတ်တော့မလို့ပဲ "

" မင်းလည်း စည်သူနဲ့ သိပ်မကွာဘူး
ဘယ်စာအုပ်နာမည်ကြီးနေပြီဆိုတာနဲ့ ဖတ်တာလည်းမဟုတ်ဘူး ဝယ်လာတာက အရင် ပြီးရင် ကိုယ်ကဖတ်ပြီး
သူ့ကိုပြန်ပြောပြရသေးတယ်"

" ကျွန်တော်လည်း စာအရမ်းဖတ်တဲ့သူမဟုတ်ပေမယ့် နည်းနည်းပါးပါးတော့ ဖတ်ပါတယ် သူကကောင်းတယ်ဆို အတင်းထိုးပေးပြီး ဖတ်ခ်ိုင်းတော့တာပဲ "

" ကဲ ပြောစမ်းပါအုန်း ညီဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်လောက်"

" ရှေ့စာအုပ်တွေတော့ မမှတ်မိတော့ဘူး
ဟိုတလောကမှ သူဖတ်ခိုင်းလို့ နောက်ဆုံးဖတ်ထားတဲ့
လင်္ကာရည်ကျော်ရဲ့ ငန်းကလေးဆိုတဲ့ စာအုပ်က်ိုပြောပြမယ် "

" မိန်းကလေးတွေ အရက်သောက်မယ်ဆို
ဆင်ခြင်ရမည့် ၃ချက်ပဲ ကိုယ့်ကို အရင်ပြောပါအုန်း"

" ဟမ် သိတယ်လား "

" သိပါတယ် ခင်မျာ ကိုယ်မေးတာလေးဖြေကြည့်ပါအုန်း"

" တိတိကျကျတော့ မသိတော့ဘူး
မှတ်မိသလောက်ပြောပြမယ်
ပထမတစ်ခုက
သောက်တဲ့အဖော်က ယုံကြည်စိတ်ချရလားဆိုတာ ဆင်ခြင်ရမယ်
နောက်တစ်ခုက ပတ်ဝန်းကျင်က သောက်သင့်တဲ့နေရာလား အရင်လေ့လာရမယ်
နောက်ဆုံးတစ်ခုက ကိုယ်ရောက်နေတဲ့ ဒေသက ဒီလိုသောက်စားတာကို လက်ခံတဲ့ဒေသလားဆိုတာ အရင်သိအောင်လုပ်ရမယ်
မှန်တယ်မဟုတ်လား "

" အင်း မှန်တယ် ကိုယ်သာ ညီမလေးရှိခဲ့ရင်
ကိုယ့်ညီမလေးက်ို ဆရာရေးတဲ့ထဲက ညိုမီလေးလို
ကိုယ်ဖြစ်စေချင်တယ် ပြီးတော့ တခြားဘာမှတ်မိသေးလဲ ပြောပါအုန်း ဖတ်ပြီး ပြီးပြီးရောဆိုတာထပ် ဒီလိုလေးပြန်ပြောတော့မှတ်မိတာပေါ့"

" လိင်တူချင်းသဘောကျတာကို နားလည်ပေးဖို့လည်း ပါတယ် Sex preference is a choice,not a disease ,more important thing in human personality is empathy ဆိုတာလေ အစက ကျွန်တော်က LGBTကို အများနည်းတူ သိပ်သဘောမကျခဲ့ဖူး အဲ့တာကြောင့် ဟန်နေက ဒီစာအုပ်ဖတ်ကြည့်ဖို့ပြောတာ သူအဓိကပြောချင်တာက အဲ့ဒီ စာကြောင်းတဲ့ "

" အင်း မင်း စည်သူ့အကြောင်းသိတယ်မလား "

"ဟုတ်"

" သူဘာကြောင့် ဒီလို Come outလုပ်သလဲဆိုတာ
သူတစ်ယောက်ပဲ သိတယ် သူ့privacy မို့
ကိုယ့်ကိုတောင် အခုထိ မဖွင့်ပြောဘူး စည်သူပထမနှစ်တက်တော့ မေဂျာက Princeအဖြစ်အရွေးခံရတယ် အဲ့တော့
ကောင်မလေးတွေကလည်း စိတ်ဝင်စားကြတာပေါ့
ကောင်မလေးတစ်ယောက်က ရဲရဲတင်းတင်းဖြစ်လာတော့
အဲ့ဒီကောင်မလေးကို ငြင်းချင်တာကြောင့် သူcome outလုပ်လေသလားလို့ ကိုယ်မေးတော့ သူရင်စခုန်ဖူးတာ
ယောကျာ်းတစ်ယောက်ကြောင့်ပါတဲ့ အခုထိ အဲ့ဒီလူက
သူစိတ်မှာရှိနေတုန်းပဲတဲ့ အဲ့ဒီနောက်ပိုင်း ကိုယ်LGBTနဲ့ပတ်သတ်တာတွေ အများကြီးလေ့လာခဲ့တယ် စည်သူရဲ့ရွေးချယ်မှုကို ကိုယ်လက်ခံလိုက်ရပေမယ့် အဲ့ဒီရွေးချယ်မှုလေးထဲကနေပဲ ကိုယ်အကောင်းဆုံးသူ့က်ို ကူညီစောင့်ရှောင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ် "

" ဒါဆို အစ်ကိုကိုယ်တိုင်ရော ယောကျာ်းလေးတစ်ယာက်ကို ချစ်သွားခဲ့ရင်ဆိုတာမျိုး တွေးဖူးလား"

" မတွေးဖူးဘူး ဒါပေမယ့် ကြုံလာခဲ့ရင်လည်း ကိုယ်အတွက် ကြောက်စရာလို့ကိုယ်တွေးမှာ မဟုတ်ဘူး လူတစ်ယောက်ဟာ လူသားဆန်နေဖို့က အဓိကလို့ ကိုယ်ထင်တယ်လေ"

"အင်း "

လမ်းချိုးလေးထဲ ကားကွေ့ဝင်လိုက်ပြီမို့ သူတို့တိုက်ရဲ့လမ်းထဲရောက်နေပြီဆိုတာ သိလိုက်သည်။ သူလည်း တိတ်ဆိတ်သွားသလို ကိုယ်တိုင်လည်း တိတ်ဆိတ်သွားမိသည်။

မချစ်သင့်ဘူးလို့ နောက်ဆုတ်နေရတဲ့ခြေလှမ်းတွေက
အခုလိုအတူတူရှိနေရရင်ကို ပျော်နေတော့ ကျွန်တော် ဘာဆက်လုပ်ရပါ့မလဲ ။ ဖြစ်နိုင်ခဲ့ရင် အကို့ဆီ တကယ်ပဲ
ပြေးလာလိုက်ချင်ပါတယ်။ အကိုက အမြဲအေးချမ်းနေတတ်တာမို့ပါ။

" ရောက်ပြီ ကိုယ်ဆေးလာပေးမယ် ရေချက်ချင်းမချိုးနဲ့ အစာမကြေဖြစ်အုန်းမယ် "

" ဟုတ်ကဲ့"

ရိုးရိုးလှေကားကပဲ တက်လာကြတာမို့ အခန်းရှေ့ရောက်တော့ သူက ဆေးလာပေးမည့်အကြောင်းပြောကာ အပေါ်ကို ဆက်တက်သွားသည်။ အခန်းထဲ မဝင်သေးပဲ သူတက်သွားသည့် လှေကားကို ငေးကြည့်နေမိသည်။

အကို လက်ခံနိုင်တယ်ဆိုတာ လူသားဆန်ခြင်းလေ
သစ္စာဖောက်ခြင်းမှ မဟုတ်လေတော့ သစ္စာဖောက်မိသူ
ကိုယ်က ဘာဆက်လုပ်ရမှန်းမသိ ။ ဝဋ်ဆိုတာ နောက်ဘဝမကူးဘူးဆိုတာလည်း ကျွန်တော်သိတယ် ။ သစ္စာဖောက်တာကို မသိစေချင်လို့ လိမ်လည်ထားရင် ပိုငရဲကြီးမယ်ထင်တယ် အကို။

" အပြင်မှာ ရပ်စောင့်နေရလား
ကိုယ်လာပေးမှာပေါ့"

ဘယ်လောက်တောင် တွေးနေမိတယ် မသိတော့။ သူကဆေးကဒ်အဖြူလေးကိုင်ကာ အပေါ်က ပြန်ဆင်းလာပြီဖြစ်သည်။

" ရော့ တစ်လုံးကို ဒီအတိုင်းဝါးစားလိုက် မခါးဘူးသိလား
ဝင်တော့ အပြင်မှာ ခြင်ကိုက်တယ် "

ခေါင်းဆီ ဖွဖွလေး ပုတ်ခတ်လာတဲ့ လက်ကြောင့်
ရင်တွေက တသိမ့်သိမ့်မို့ ခေါင်းငုံ့ကာ ပြုံးမိသွားသည်။  ဆရာဝန်တစ်ယောက်ဖြစ်လို့
ဂရုစိုက်ပေးတတ်တာလား မသိပေမယ့် ကျွန်တော်တကယ်သဘောကျပါတယ် ။

"ဦးလေး"

ရုတ်တရက် ကိုစည်သူ့အသံကြောင့် ခေါင်းပေါ်က သူ့လက်တွေ လေထဲ ရပ်တန့်သွားသည်။ အောက်နေတက်လာနေတဲ့ ကိုစည်သူနဲ့ မသုန်က သူတို့ကို အထူးအဆန်းမော့ကြည့်နေကြသည်။

"ပြန်လာကြပြီလား ငါက မင်းတို့နောက်ကျမယ်ထင်နေတာ "

" အင်း ဟုတ်တယ် ဦးလေးတို့က ဘယ်သွားထားကြတာလဲ"

အိမ်မှာကျန်နေခဲ့တယ်လို့ သိထားတဲ့ ကိုစည်သူနဲ့
မသုန်က အပြင်ကပြန်လာပြီး အဝတ်အသားမလဲရသေးတဲ့ သူတို့ကို တစ်နေရာရာသွားထားမှန်း ချက်ချင်းသိလိုက်သည်။

"နှစ်ယောက်တည်းသွားတာလား"

ကိုယ့်ကို ကြည့်လာသည့် ကိုစည်သူမျက်ဝန်းတွေကြောင့်
ထိတ်လန့်သွားရသည်။ မဟုတ်မှ ကိုစည်သူရိပ်မိနေခဲ့တာလား။

" ဘယ်နှစ်ယောက် သွားသွားပေါ့ နင်က စစ်ဆေးနေရအောင် နင်က ဦးလေး အဖေလား "

ရုတ်တရက် ဝင်ပြောလာတဲ့ မသုန်ကြောင့် ကိုစည်သူအကြည့်တွေက မသုန်ဆီရောက်သွားပြီး သူကတော့ အသံထွက်အောင် ရယ်လာသည်။

" သမီးတို့ဝင်တော့မယ်နော် ဦးလေး
လာ သားငယ် "

ရုတ်ရက်လက်ကိုဆွဲကာ အထဲကို ဆွဲခေါ်လာတဲ့ မသုန်ကြောင့် သူ့ကိုတောင် နှုတ်မဆက်ခဲ့ရပဲ တရွတ်တိုက် အိမ်ထဲလိုက်ဝင်လာရသည်။

ဦးလေးနဲ့ သားငယ် မရိပ်မ်ိအောင် အသံတိတ်လှုပ်ရှား
လိုက်တဲ့ အကြည့်တစ်စုံလည်းရှိနေခဲ့သည်။

_____
သုန်သုန်ရေချိုးအဝတ်အစားလဲကာ ထွက်လာတော့ ဖေဖေနဲ့မေမေက အိပ်နေပြီမို့ ဧည့်ခန်းထဲက အသံတိုးတိုးသာဖွင့်ထားတဲ့ တီဗီရှေ့ ဝင်ထိုင်လိုက်သည်။
အချိန်က ၉နာရီခွဲပြီး ငါးမိနစ်ခန့်သာရှိသေးသည်။

ညနေက ရုံးကလူတွေကို စောင့်နေတုန်း စည်သူပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်မိသည်နှင့်တစ်ပြိုင်နက် လှေကားထိပ်ကပုံရိပ်တို့ကလည်း
အတွေးဆီချက်ချင်းရောက်လာသည်။ အဲ့ဒီစကားတွေအပြီး သူနဲ့စည်သူကြားတိတ်ဆိတ်သွားခဲ့သည်မှာ သူငယ်ချင်းဖြစ်စကနေ အခုထိ ပထမဆုံးအကြိမ်ပင်။

" သုန် ငါနင့်ကို ပြောစရာရှိတယ်
ငါနင့်ကို ပြောသင့်ရဲ့လား မသိပေမယ့် နင့်ကိုမှမပြောရင်
ငါနေလို့ရမယ် မထင်ဘူး"

" ဘာလဲ နင် ငါ့ကို ရည်စားစကားပြောမလို့လား"

မျက်လုံးကြီးပြူးကာ ပြန်စတာတောင် ရန်ပြန်မတွေ့နိုင်တဲ့ စည်သူက အလေးအနက်ပြောမည့်ပုံပေါက်တာမို့ သူစနောက်နေတာကို ရပ်တန့်လိုက်သည်။

" ကဲပြောပြော ငါကစတာပါဟဲ့"

" သားငယ်မှာ ကောင်မလေးရှိတယ်မလား
သူတို့relationship က အဆင်ပြေနေလား"

တစ်ခါမှ စကားတောင် မစပ်ဘူးသည့် အခြင်းအရာမို့
သူန်သုန်ကိုယ်တိုင်လည်း အံ့ဩသွားရပြီး
စိတ်ဝင်တစားရှိသွားသည်။

" အင်း ရှိတယ်လေ သူတို့ပထမနှစ်မတက်ခင်ကတည်းကတွဲနေတာပဲ နင်နဲ့တောင် ဟန်နေက Facebook မှာ friend မဟုတ်လား "

" အင်း ငါက gayတစ်ယောက်မို့ အတင်းလိုက်စွပ်စွဲနေတာမဟုတ်ဖူးနော် သုန် ငါ့အထင် သားငယ်နဲ့ ဦးလေးကြား
တစ်ခုခု "

"စည်သူ "

နည်းနည်းကျယ်လောင်စွာ ဟန့်တားမိလေတော့ ဘေးပတ်ဝန်းကျင်ကပါ ကွက်ကြည့်လာကြသည်မို့ အသံကိုပြန်လျော့လိုက်ရသည်။

"နေဦး သုန် ငါပြောတာမပြီးသေးဘူး
သားငယ် ဒီတစ်ခေါက် စင်ကာပူကပြန်လာတော့
ဦးလေးအတွက် adidas capတစ်လုံးပါလာတယ်
ငါပြောချင်တာက ငါ့အတွက် ပါတာ မပါတာ မဟုတ်ဖူးနော် ငါနဲ့ ခင်မင်တဲ့အတိုင်းအတာနဲ့
ဦးလေးနဲ့ သားငယ်ရဲ့ ခင်မင်မှုအတိုင်းအတာက
အချိန်တွေ အခြေအနေတွေနဲ့ ယှဉ်လိုက်ရင် အကွာကြီးကွာတယ်ဆိုတာ နင်သိပြီးသားပါ သားငယ်နဲ့ ငါဆိုတာ
ညီအကိုလိုဖြစ်နေပြီ အဲ့တာတွေထားပါတော့ ဦးလေးက
အဲ့ဦးထုပ်ကို sensitive ဖြစ်နေလို့ ငါ့အတွက်ပိုထူးဆန်းနေရာကနေ ငါတို့ တုတ်ထိုးသွားစားတဲ့နေ့က သားငယ်ဆောင်းလာတဲ့ ဦးထုပ်က ဦးလေးဆီကနဲ့ အရောင်ပဲကွဲတယ်
ဦးလေးက ဘယ်တော့မှ အဲ့လိုစျေးကြီးပေးရတဲ့ ဦးထုပ်တစ်လုံးဝယ်မှာ မဟုတ်ဘူးလေ
ပြီးတော့ ဦးလေးအကြောင်းပြောလို့ သားငယ် ခေါင်းငုံ့ပြီး
ပြုံးသွားတာကို ငါတွေ့လိုက်ရတယ် ဒီလောက်နဲ့ ဘာကို
အသေအချာပြောနိုင်ရတာလည်းလို့ ငါ့ကိုမမေးနဲ့
ငါ့စိတ်ထဲ သိနေတယ်"

"ဒီတော့ နင်ပြောချင်တာက ငါ့မောင်က သူ့ကောင်မလေးကို cheating လုပ်ပြီ gayနေတယ်ပေါ့ ဟုတ်လား "

"သားငယ်တစ်ယောက်ထဲ ငါ ပြောနေတာမဟုတ်ဖူး
သုန် နင်ငါ့ကို စိတ်ဆိုးသွားလည်း ငါမတက်နိုင်ဘူး
စိတ်ကစားတာဆိုရင်တော့ မဖြစ်သင့်ဘူးလေ ဒါက
စိတ်ကစားလို့ ပျော်စရာကောင်းတဲ့ အရာမဟုတ်လို့
ငါနင့်ကို ပြောပြတာ သားငယ်ဆိုတာ ငါ့အတွက် ညီလေးတစ်ယောက် ဦးလေးဆိုတာလည်း ငါ့အတွက် မိဘပြီးရင်
ကိုးကွယ်ရမယ့် ကျေးဇူးရှင်ပဲ "

"ဆောရီး စည်သူ
ငါလက်မခံနိုင်တာမဟုတ်ပေမယ့် အတင်းအားပေးအားမြောက်တဲ့အထဲက မဟုတ်တော့
နည်းနည်းစိတ်ရှုပ်သွားလို့ ဒါပေမယ့် ငါနင့်ကို ဘယ်တော့မှ
အထင်မသေးခဲ့ဘူးနော် နင်က ငါ့အတွက် အကိုလိုရော
သူငယ်ချင်းလိုရော ငါယုံကြည်ရတဲ့သူပဲ"

" အင်းပါ ငါတို့နည်းနည်း စောင့်ကြည့်ကြတာပေါ့"

အဲ့ကတည်းက အခုပြန်တဲ့အထိ စည်သူနဲ့ သုန်သုန်ကြားတိတ်ဆိတ်သွားသည်။ စိတ်ဆိုးသွားကြတာမဟုတ်ပေမယ့်
ကိုယ်စီ အတွေးများနေခြင်းသာ။

တကယ်ပဲ သားငယ်က စည်သူပြောသလို စိတ်ကစားနေခြင်းလား ။ မဟုတ်ပဲ သူတို့အထင်မှားနေလေသလား ဆိုတာ
သူတို့ သေချာသိဖို့လိုပါသည်။ ရင်းနှီးရမည့် အရာတွေများလွန်းသည့် ကိစ္စတစ်ခုမို့ မလွန်ခင်သေချာသိထားမှ ရမည်မဟုတ်လား။

" မအိပ်သေးဘူးလား"

အခုမှ ရေချိုးခန်းထဲကထွက်လာသည့် သားငယ်က ဘေးမှာဝင်ထိုင်ရင်း channels တွေ တစ်ခုပြီး တစ်ခုပြောင်းနေသည်။

" ဟန်နေနဲ့ အဆင်ပြေရဲ့လား သားငယ် "

ရိီမုတ်ကိုနှိပ်နေတဲ့ သားငယ်လက်တွေ ရပ်တန့်သွားသည်။

" ပြေပါတယ် why?"

"ဒီအတိုင်းမေးကြည့်တာ "

" အော် "

Sport channel တစ်ခုကလာတဲ့ F1 ကားပြိုင်ပွဲက်ို
သားငယ်က စိတ်ဝင်တစားကြည့်နေတဲ့အခါ သူဘာမှ ထပ်မမေးမိတော့ဘဲ မောင်ဖြစ်သူ မျက်နာလေးကို ငေးကြည့်နေမိသည်။

ဘေးတိုက်မို့ နှာတံမြင့်မြင့်နဲ့ နှာခေါင်းချွန်ချွန်လေးကလည်း သိသိသာသာမြင်နေရသည်။ မျက်ခုံးမထူတထူကလည်း မျက်နာချောချောထပ် တင့်တယ်နေသည်။ကိုကြီးလောက်မဖြူပေမယ့် ဝါဝင်းဝင်းအသားအရေကြောင့်
ပိုပြီး ကြည့်ကောင်းနေသည်။ ဟိုဘက်အမျိုးကို သွားတူသည့်မို့ မျက်တောင်တွေကလည်း ယောကျာ်းလေးဖြစ်ပြီး
သုန်သုန်ထက်တောင် ရှည်ပါသေးသည်။ သားနှစ်ယောက်လုံးက ချောတာမို့ လေးလေးနဲ့ တီသွယ်တို့ကို
သုန်သုန် သူငယ်ချင်းမလေးတွေရဲ့မိဘတွေကတောင်
ကြုံရင် စနောက်မြဲမဟုတ်လား။

" သွားအိပ်တော့လေ မနက်ထရမှာ မလား"

" အင်း ဝင်တော့မယ် ချစ်တယ် ငါ့မောင်လေး"

ခေါင်းကဆံပင်တွေကို ဖွကာ အခန်းထဲပြေးဝင်သွားသည့် အစ်မဖြစ်သူကိုကြည့်ကာ ခေါင်းသာခါမိသည်။

____________

အိပ်နေတုန်း ကြီးမေရဲ့ ပျော်ရွှင်နေတဲ့ အသံကျယ်ကျယ်ကြောင့် သားငယ် နိုးလာမိသည်။ ဒီနေ့နေမြင့်တဲ့အထိအိပ်မည့် သားငယ်ရဲ့ အစီအစဉ်ကတော့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားပြီဖြစ်သည်။

" ဒါဆို အန်တီတို့ ဒီည ၃နာရီလောက် ထသွားကြမယ်လေ
ဟိုက်ို မိုးလင်းတာနဲ့အရောက်ပေါ့ ညနေ ၃နာရီလောက်ပြန်
ဒီကို ညရောက်တော့ နောက်နေ့အလုပ်လည်း မပျက်တော့ဘူး မကောင်းဘူးလားဖေကြီး "

မျက်နာသစ်ပြီးထွက်လာသည့်တိုင် ကြီးမေရဲ့ စကားသံတွေက မပျက်သေးတာမို့ သူအခန်းထဲက ထွက်လာလိုက်သည်။ကြီးမေနဲ့ ဘဘကြီးတို့နဲ့ အတူတူထိုင်ကာ စကားပြောနေတဲ့ ကျောပြင်ကို မြင်တော့ ခြေလှမ်းတွေ အလိုလို
ရပ်တန့်မိသွားသည်။

" သားငယ်လေး နိုးပြီးလား လာ ကြီးမေ မနက်စာပြင်ပေးမယ် သာကီ သားရော တစ်ခါထဲ ဝင်စားလိုက် စည်သူနဲ့ သုန်သုန်ကတော့ စားပြီး ထွက်သွားကြပြီ"

ထမင်းစားပွဲပေါ် မျက်နာချင်းဆိုင်ထိုင်နေကြပေမယ့်
ဘာစကားမှ မပြောဖြစ်။ ကော်ရည်ခေါက်ဆွဲချက်စားတယ်ဆိုပေမယ့် မကြ်ုက်တာကြောင့် ကော်ဖီသာ သောက်ဖို့တွေးလိုက်သည်။

" ကြီးမေ သား ကော်ဖီပဲသောက်မှာ "

" ခေါက်ဆွဲမကြိုက်ဘူးလား"

" အင်း ကော်ရည်ခေါက်ဆွဲမကြိုက်ဖူး"

" ကြီးမေသိပါတယ် ဒီမှာ ကော်ဖီလည်း အဆင့်သင့်
ကိတ်မုန့်လည်း လှီးထားပြီးပြီ "

ကော်ဖီခွက်လာချပေးတဲ့ ကြီးမေကို ခေါင်းမော့ပြီးရယ်ပြတော့ ဆံပင်တွေ ဖွကာ " ကြီးမေအသဲလေးအကြိုက် အကုန်အလွတ်ရတယ်"ဟု ပြောသည်။

ထွက်ပေါ်လာတဲ့ ဘောင်းဘီအိတ်ထဲကဖုန်းသံ ကျယ်ကျယ်ကြောင့် ကြည့်လိုက်မိတော့ ခေါ်ဆိုသူနေရာမှာ
အနီရောင်အသဲပုံလေးက ထင်ထင်ရှားရှားမို့ ဖုန်းကိုင်လိုက်ကာ စားပွဲမှ ထထွက်လာပြီး အခန်းဆီပြန်ဝင်လိုက်သည်။

သွားချွန်ချွန်လေးတွေပေါ်အောင် ရယ်ပြနေတဲ့ ဉာဏ်က
လူချောလေးဆိုတာ တကယ်ငြင်းစရာမရှိ ။ ရုပ်တည်လေးနဲ့ နေတတ်ပေမယ့် ကြီးမေတို့ သူ့မိသားစုတွေရှေ့ဆို အငယ်ဆုံးဆိုတဲ့အတိုင်း တကယ်ကလေးလို ချွဲနေတတ်သည်။  အခုလည်း ဉာဏ်ရဲ့ ကောင်မလေးဖုန်းမှန်း
အမှတ်မထင်မြင်လိုက်တဲ့ contact လေးကြောင့် သိလိုက်ပါသည်။ အခုတလော ဒီကောင်လေးကို ခင်တွယ်နေမိလို့လားတော့မသိဘူး အတူတူထိုင်နေရင်း အခုလိုထထွက်သွားတော့ စိတ်ထဲ ဘာမှန်းမသိတဲ့ခံစားချက်ကြီး ဝင်လာသည်။

" ကြီးမေတို့ကသာ ကလေးလေးတွေလို့ထင်နေတုန်း သူတို့က ချစ်သူတွေဘာတွေ ထားတဲ့အရွယ်တောင်ရောက်နေကြပြီ"

ကြီးမေစကားကို သူရယ်ရင်းသာတုံ့ပြန်လိုက်သည်။
လက်ရာကောင်းတဲ့ ကြီးမေရဲ့ ကော်ရည်ခေါက်ဆွဲက
ဒီတစ်ခေါက် သိပ်စားလို့မကောင်းဘူးဖြစ်နေသည်။
ရုတ်တရက် စိတ်တွေ ထိုင်းမိုင်းသွားတာ ဘာကြောင့်မှန်းလည်းမသိပါ။ ခေါက်ဆွဲပန်းကန်ကို မွှေနှောက်နေရင်း
မျက်နာချင်းဆိုင်မှာ ပြန်ဝင်ထိုင်လာတဲ့ အရိပ်လေးကြောင့်
မော့ကြည့်မိလိုက်သည်။

" သားငယ် ကြီးမေတို့ ညကျရင် ကျိုက်ထီးရိုးသွားရအောင် မနက်ဖြန် ကြီးမေမွေးနေ့လေ "

" ဟုတ်"

" သားငယ်လေးမပြန်ခင် သွားရအောင် နေ့ချင်းပြန်ပဲ
ဒီနေ့  ဟိုဘက်အိမ်ကြီးမေလိုက်ပို့ရင်း တစ်ခါထဲ
ပြောခဲ့မယ် နှင်းထက်နဲ့ မေမေကိုလည်း လိုက်ရင်လိုက်ခဲ့ဖို့ခေါ်မလို့လေ "

ကြီးမေပြောသမျှကို ခေါင်းငြိမ့်နေတဲ့ ဉာဏ်က ကိန်မုန့်တစ်တုံးသာ နှိက်စားပြီး ကော်ဖီပဲသောက်နေတာမို့ ဒီကောင်လေး မနက်စာ စားတာနည်းတာပဲဟု တွေးနေမိသည်။
ဆေးရုံသွားရမည့် အချိန်လည်း ကပ်နေပြီမို့ စားနေတာကို
လက်စသတ်လိုက်သည်။

"အန်တီရေ စားလို့ကောင်းတယ်ဗျာ
ပန်းကန်တစ်ခါထဲ ဆေးခဲ့လိုက်မယ်"

" အမလေး မဆေးပါနဲ့ရှင် အဝတ်တွေလည်း ပေကုန်လို့
တို့ဒေါက်တာကြီး ရှိုးပဲ့နေပါအုန်းမယ်"

အန်တီက ဝတ်ထားတဲ့ အပြာနုရောင်ရှပ်ကို မေးငေါ့ပြရင်း
လက်ထဲက ပန်းကန်ကို ဆွဲယူသွားသည်မို့ အားနာနာနဲ့ လက်လျော့လိုက်ရသည်။

" အားနာလိုက်တာ အန်တီရာ "

" ဒီကောင်လေး ဘာအားနာတာတုန်း တူဝရီးတွေကြား
အားနာစရာလား"

" ဟုတ်ကဲ့ဗျာ ဒါဆို သွားပြီ အန်တီ
ဉာဏ် ကိုယ်သွားပြီ "

အိမ်ထဲကလူတွေအကုန်လုံးကို နှုတ်ဆက်ကာထွက်သွားတဲ့ သာကီကတော့ ဉာဏ်လို့​ခေါ်လိုက်လို့ ကျောက်ရုပ်ကြီးလို့ကျန်ခဲ့တဲ့ ကောင်လေးရဲ့အဖြစ်ကို မသိလိုက်ပါ။
ကော်ဖီခွက်ကြီးကိုင်ကာ ငြိမ်နေတဲ့သူ့ကို ကြီးမေက လှမ်းတို့မှ အသိပြန်ဝင်လာလို့ ကြီးမေကတောင် စနောက်သွားသေးသည်။

အဲ့ဒီ ဉာဏ်ဆိုတဲ့ခေါ်သံက
အသိစိတ်လွတ်ကာ ရင်တွေခုန်လာတတ်သည်အထိ
ထူးခြားတယ်။

_________

နောက်တပိုင်း ကျိုက်ထီးရိုးမှာတွေ့မယ် 😁

တကယ်တော့ ကိုယ်က အရင်က လင်္ကာရည်ကော် စာအုပ်တွေ အကုန်ဖတ်ခဲ့တဲ့သူပါ။ ဒီအပိုင်းက အခုမှ editပြီး တင်ပေမယ် အရင်သောက်ဂျပု ခွေးဇာတ်မခင်းခင်ကတည်းက nov 13 2020က updatedခဲ့တာမို့ နားလည်ပေးစေလိုပါတယ်ရှင့်


ကားမီးေရာင္ခပ္စူးစူးေတြက ျပည္လမ္းတစ္ေလၽွာက္ ျပည့္ႏွက္ေနၿပီး ည၉နာရီဆိုေပမယ့္ ရန္ကုန္ၿမိဳ႕ညအခ်ိန္က စည္ကားေနတုန္းျဖစ္သည္။ စတီယာကိုင္ထားတဲ့ သူ႔ရဲ့ လက္ျဖဴျဖဴေဖြးေဖြးကလည္း ဝတ္ထားေသာ တန္ဖိုးႀကီးနာရီႀကိဳးမဲေလးျဖင့္ သိပ္ကို ပနံသင့္ေနသည္။ သတိထားမိသေလာက္သူသည္ ဒီနာရီကို အျမဲတမ္းဝတ္ဆင္ထားတတ္သည္။

" ဘာစားအုန္းမလဲ ညီ "

" အာ မစားနိုင္ေတာ့ပါဘူး
အခုေတာင္ဗိုက္ျပည့္ေနလို႔ မလွုပ္နိုင္ေတာ့ဘူး"

" ဟက္ ဟက္ မပိုးထည့္ေပးသမၽွအကုန္စားခဲ့တာကို "

" ခြံ႕ေကၽြးမတက္ဆိုေတာ့ အားနာလို႔ပါဗ်ာ"

" ဟား ဟား အိမ္ေရာက္ရင္ ကိုယ္ အစာေၾကေဆး လာေပးမယ္ ေစာင့္ေနေနာ္ "

" အင္း "

တဖန္ျပန္တိတ္ဆိတ္သြားတာေၾကာင့္ ကားမွန္ကေနအျပင္ကို ေငးၾကည့္ေနမိသည္။ဒီေန႔လ္ို ႏွစ္ေယာက္ထဲ နီးနီးကပ္ကပ္ရွိတဲ့ အခ်ိန္ေတြ ထပ္ရွ္ိလာဖို႔က မေသခ်ာေတာ့တာမို႔ သက္ျပင္းခ်လိုက္မိသည္။ ဒီတစ္ေခါက္ရန္ကုန္လာတာ
လာျခင္းမေကာင္းခဲ့ဘူး။ သူ႔ႏွလုံးသားေရာ စိတ္ပါ
ကေျပာင္းကျပန္ေတြျဖစ္ကုန္ၿပီျဖစ္သည္။

" သက္ျပင္းခ်ေနတာ ကိုယ္လြင့္သြားပါအုန္းမယ္
မင္းလို ကေလးက ဘာေတြ ေတြးပူစရာရွိေနလို႔လဲ  "

" ဒီလိုပါပဲ "

" ဟုတ္ပါၿပီကြာ အရင္တစ္ခါ ဝယ္သြားတဲ့ စာအုပ္ဖတ္ၿပီးၿပီလား ညီ "

" အဲ  ဖတ္ေတာ့မလို႔ပဲ "

" မင္းလည္း စည္သူနဲ႔ သိပ္မကြာဘူး
ဘယ္စာအုပ္နာမည္ႀကီးေနၿပီဆိုတာနဲ႔ ဖတ္တာလည္းမဟုတ္ဘူး ဝယ္လာတာက အရင္ ၿပီးရင္ ကိုယ္ကဖတ္ၿပီး
သူ႔ကိုျပန္ေျပာျပရေသးတယ္"

" ကၽြန္ေတာ္လည္း စာအရမ္းဖတ္တဲ့သူမဟုတ္ေပမယ့္ နည္းနည္းပါးပါးေတာ့ ဖတ္ပါတယ္ သူကေကာင္းတယ္ဆို အတင္းထိုးေပးၿပီး ဖတ္ခ္ိုင္းေတာ့တာပဲ "

" ကဲ ေျပာစမ္းပါအုန္း ညီဖတ္ဖူးတဲ့ စာအုပ္တစ္အုပ္ေလာက္"

" ေရွ႕စာအုပ္ေတြေတာ့ မမွတ္မိေတာ့ဘူး
ဟိုတေလာကမွ သူဖတ္ခိုင္းလို႔ ေနာက္ဆုံးဖတ္ထားတဲ့
လကၤာရည္ေက်ာ္ရဲ့ ငန္းကေလးဆိုတဲ့ စာအုပ္က္ိုေျပာျပမယ္ "

" မိန္းကေလးေတြ အရက္ေသာက္မယ္ဆို
ဆင္ျခင္ရမည့္ ၃ခ်က္ပဲ ကိုယ့္ကို အရင္ေျပာပါအုန္း"

" ဟမ္ သိတယ္လား "

" သိပါတယ္ ခင္မ်ာ ကိုယ္ေမးတာေလးေျဖၾကည့္ပါအုန္း"

" တိတိက်က်ေတာ့ မသိေတာ့ဘူး
မွတ္မိသေလာက္ေျပာျပမယ္
ပထမတစ္ခုက
ေသာက္တဲ့အေဖာ္က ယုံၾကည္စိတ္ခ်ရလားဆိုတာ ဆင္ျခင္ရမယ္
ေနာက္တစ္ခုက ပတ္ဝန္းက်င္က ေသာက္သင့္တဲ့ေနရာလား အရင္ေလ့လာရမယ္
ေနာက္ဆုံးတစ္ခုက ကိုယ္ေရာက္ေနတဲ့ ေဒသက ဒီလိုေသာက္စားတာကို လက္ခံတဲ့ေဒသလားဆိုတာ အရင္သိေအာင္လုပ္ရမယ္
မွန္တယ္မဟုတ္လား "

" အင္း မွန္တယ္ ကိုယ္သာ ညီမေလးရွိခဲ့ရင္
ကိုယ့္ညီမေလးက္ို ဆရာေရးတဲ့ထဲက ညိဳမီေလးလို
ကိုယ္ျဖစ္ေစခ်င္တယ္ ၿပီးေတာ့ တျခားဘာမွတ္မိေသးလဲ ေျပာပါအုန္း ဖတ္ၿပီး ၿပီးၿပီးေရာဆိုတာထပ္ ဒီလိုေလးျပန္ေျပာေတာ့မွတ္မိတာေပါ့"

" လိင္တူခ်င္းသေဘာက်တာကို နားလည္ေပးဖို႔လည္း ပါတယ္ Sex preference is a choice,not a disease ,more important thing in human personality is empathy ဆိုတာေလ အစက ကၽြန္ေတာ္က LGBTကို အမ်ားနည္းတူ သိပ္သေဘာမက်ခဲ့ဖူး အဲ့တာေၾကာင့္ ဟန္ေနက ဒီစာအုပ္ဖတ္ၾကည့္ဖို႔ေျပာတာ သူအဓိကေျပာခ်င္တာက အဲ့ဒီ စာေၾကာင္းတဲ့ "

" အင္း မင္း စည္သူ႔အေၾကာင္းသိတယ္မလား "

"ဟုတ္"

" သူဘာေၾကာင့္ ဒီလို Come outလုပ္သလဲဆိုတာ
သူတစ္ေယာက္ပဲ သိတယ္ သူ႔privacy မို႔
ကိုယ့္ကိုေတာင္ အခုထိ မဖြင့္ေျပာဘူး စည္သူပထမႏွစ္တက္ေတာ့ ေမဂ်ာက Princeအျဖစ္အေရြးခံရတယ္ အဲ့ေတာ့
ေကာင္မေလးေတြကလည္း စိတ္ဝင္စားၾကတာေပါ့
ေကာင္မေလးတစ္ေယာက္က ရဲရဲတင္းတင္းျဖစ္လာေတာ့
အဲ့ဒီေကာင္မေလးကို ျငင္းခ်င္တာေၾကာင့္ သူcome outလုပ္ေလသလားလို႔ ကိုယ္ေမးေတာ့ သူရင္စခုန္ဖူးတာ
ေယာက်ာ္းတစ္ေယာက္ေၾကာင့္ပါတဲ့ အခုထိ အဲ့ဒီလူက
သူစိတ္မွာရွိေနတုန္းပဲတဲ့ အဲ့ဒီေနာက္ပိုင္း ကိုယ္LGBTနဲ႔ပတ္သတ္တာေတြ အမ်ားႀကီးေလ့လာခဲ့တယ္ စည္သူရဲ့ေရြးခ်ယ္မွုကို ကိုယ္လက္ခံလိုက္ရေပမယ့္ အဲ့ဒီေရြးခ်ယ္မွုေလးထဲကေနပဲ ကိုယ္အေကာင္းဆုံးသူ႔က္ို ကူညီေစာင့္ေရွာင့္ေပးဖို႔ ဆုံးျဖတ္လိုက္တယ္ "

" ဒါဆို အစ္ကိုကိုယ္တိုင္ေရာ ေယာက်ာ္းေလးတစ္ယာက္ကို ခ်စ္သြားခဲ့ရင္ဆိုတာမ်ိဳး ေတြးဖူးလား"

" မေတြးဖူးဘူး ဒါေပမယ့္ ၾကဳံလာခဲ့ရင္လည္း ကိုယ္အတြက္ ေၾကာက္စရာလို႔ကိုယ္ေတြးမွာ မဟုတ္ဘူး လူတစ္ေယာက္ဟာ လူသားဆန္ေနဖို႔က အဓိကလို႔ ကိုယ္ထင္တယ္ေလ"

"အင္း "

လမ္းခ်ိဳးေလးထဲ ကားေကြ႕ဝင္လိုက္ၿပီမို႔ သူတို႔တိုက္ရဲ့လမ္းထဲေရာက္ေနၿပီဆိုတာ သိလိုက္သည္။ သူလည္း တိတ္ဆိတ္သြားသလို ကိုယ္တိုင္လည္း တိတ္ဆိတ္သြားမိသည္။

မခ်စ္သင့္ဘူးလို႔ ေနာက္ဆုတ္ေနရတဲ့ေျခလွမ္းေတြက
အခုလိုအတူတူရွိေနရရင္ကို ေပ်ာ္ေနေတာ့ ကၽြန္ေတာ္ ဘာဆက္လုပ္ရပါ့မလဲ ။ ျဖစ္နိုင္ခဲ့ရင္ အကို႔ဆီ တကယ္ပဲ
ေျပးလာလိုက္ခ်င္ပါတယ္။ အကိုက အျမဲေအးခ်မ္းေနတတ္တာမို႔ပါ။

" ေရာက္ၿပီ ကိုယ္ေဆးလာေပးမယ္ ေရခ်က္ခ်င္းမခ်ိဳးနဲ႔ အစာမေၾကျဖစ္အုန္းမယ္ "

" ဟုတ္ကဲ့"

ရိုးရိုးေလွကားကပဲ တက္လာၾကတာမို႔ အခန္းေရွ႕ေရာက္ေတာ့ သူက ေဆးလာေပးမည့္အေၾကာင္းေျပာကာ အေပၚကို ဆက္တက္သြားသည္။ အခန္းထဲ မဝင္ေသးပဲ သူတက္သြားသည့္ ေလွကားကို ေငးၾကည့္ေနမိသည္။

အကို လက္ခံနိုင္တယ္ဆိုတာ လူသားဆန္ျခင္းေလ
သစၥာေဖာက္ျခင္းမွ မဟုတ္ေလေတာ့ သစၥာေဖာက္မိသူ
ကိုယ္က ဘာဆက္လုပ္ရမွန္းမသိ ။ ဝဋ္ဆိုတာ ေနာက္ဘဝမကူးဘူးဆိုတာလည္း ကၽြန္ေတာ္သိတယ္ ။ သစၥာေဖာက္တာကို မသိေစခ်င္လို႔ လိမ္လည္ထားရင္ ပိုငရဲႀကီးမယ္ထင္တယ္ အကို။

" အျပင္မွာ ရပ္ေစာင့္ေနရလား
ကိုယ္လာေပးမွာေပါ့"

ဘယ္ေလာက္ေတာင္ ေတြးေနမိတယ္ မသိေတာ့။ သူကေဆးကဒ္အျဖဴေလးကိုင္ကာ အေပၚက ျပန္ဆင္းလာၿပီျဖစ္သည္။

" ေရာ့ တစ္လုံးကို ဒီအတိုင္းဝါးစားလိုက္ မခါးဘူးသိလား
ဝင္ေတာ့ အျပင္မွာ ျခင္ကိုက္တယ္ "

ေခါင္းဆီ ဖြဖြေလး ပုတ္ခတ္လာတဲ့ လက္ေၾကာင့္
ရင္ေတြက တသိမ့္သိမ့္မို႔ ေခါင္းငုံ႔ကာ ျပဳံးမိသြားသည္။  ဆရာဝန္တစ္ေယာက္ျဖစ္လို႔
ဂ႐ုစိုက္ေပးတတ္တာလား မသိေပမယ့္ ကၽြန္ေတာ္တကယ္သေဘာက်ပါတယ္ ။

"ဦးေလး"

႐ုတ္တရက္ ကိုစည္သူ႔အသံေၾကာင့္ ေခါင္းေပၚက သူ႔လက္ေတြ ေလထဲ ရပ္တန့္သြားသည္။ ေအာက္ေနတက္လာေနတဲ့ ကိုစည္သူနဲ႔ မသုန္က သူတို႔ကို အထူးအဆန္းေမာ့ၾကည့္ေနၾကသည္။

"ျပန္လာၾကၿပီလား ငါက မင္းတို႔ေနာက္က်မယ္ထင္ေနတာ "

" အင္း ဟုတ္တယ္ ဦးေလးတို႔က ဘယ္သြားထားၾကတာလဲ"

အိမ္မွာက်န္ေနခဲ့တယ္လို႔ သိထားတဲ့ ကိုစည္သူနဲ႔
မသုန္က အျပင္ကျပန္လာၿပီး အဝတ္အသားမလဲရေသးတဲ့ သူတို႔ကို တစ္ေနရာရာသြားထားမွန္း ခ်က္ခ်င္းသိလိုက္သည္။

"ႏွစ္ေယာက္တည္းသြားတာလား"

ကိုယ့္ကို ၾကည့္လာသည့္ ကိုစည္သူမ်က္ဝန္းေတြေၾကာင့္
ထိတ္လန့္သြားရသည္။ မဟုတ္မွ ကိုစည္သူရိပ္မိေနခဲ့တာလား။

" ဘယ္ႏွစ္ေယာက္ သြားသြားေပါ့ နင္က စစ္ေဆးေနရေအာင္ နင္က ဦးေလး အေဖလား "

႐ုတ္တရက္ ဝင္ေျပာလာတဲ့ မသုန္ေၾကာင့္ ကိုစည္သူအၾကည့္ေတြက မသုန္ဆီေရာက္သြားၿပီး သူကေတာ့ အသံထြက္ေအာင္ ရယ္လာသည္။

" သမီးတို႔ဝင္ေတာ့မယ္ေနာ္ ဦးေလး
လာ သားငယ္ "

႐ုတ္ရက္လက္ကိုဆြဲကာ အထဲကို ဆြဲေခၚလာတဲ့ မသုန္ေၾကာင့္ သူ႔ကိုေတာင္ ႏွုတ္မဆက္ခဲ့ရပဲ တရြတ္တိုက္ အိမ္ထဲလိုက္ဝင္လာရသည္။

ဦးေလးနဲ႔ သားငယ္ မရိပ္မ္ိေအာင္ အသံတိတ္လွုပ္ရွား
လိုက္တဲ့ အၾကည့္တစ္စုံလည္းရွိေနခဲ့သည္။

_____
သုန္သုန္ေရခ်ိဳးအဝတ္အစားလဲကာ ထြက္လာေတာ့ ေဖေဖနဲ႔ေမေမက အိပ္ေနၿပီမို႔ ဧည့္ခန္းထဲက အသံတိုးတိုးသာဖြင့္ထားတဲ့ တီဗီေရွ႕ ဝင္ထိုင္လိုက္သည္။
အခ်ိန္က ၉နာရီခြဲၿပီး ငါးမိနစ္ခန့္သာရွိေသးသည္။

ညေနက ႐ုံးကလူေတြကို ေစာင့္ေနတုန္း စည္သူေျပာခဲ့တဲ့စကားေတြကို ျပန္ၾကားေယာင္မိသည္ႏွင့္တစ္ၿပိဳင္နက္ ေလွကားထိပ္ကပုံရိပ္တို႔ကလည္း
အေတြးဆီခ်က္ခ်င္းေရာက္လာသည္။ အဲ့ဒီစကားေတြအၿပီး သူနဲ႔စည္သူၾကားတိတ္ဆိတ္သြားခဲ့သည္မွာ သူငယ္ခ်င္းျဖစ္စကေန အခုထိ ပထမဆုံးအႀကိမ္ပင္။

" သုန္ ငါနင့္ကို ေျပာစရာရွိတယ္
ငါနင့္ကို ေျပာသင့္ရဲ့လား မသိေပမယ့္ နင့္ကိုမွမေျပာရင္
ငါေနလို႔ရမယ္ မထင္ဘူး"

" ဘာလဲ နင္ ငါ့ကို ရည္စားစကားေျပာမလို႔လား"

မ်က္လုံးႀကီးျပဴးကာ ျပန္စတာေတာင္ ရန္ျပန္မေတြ႕နိုင္တဲ့ စည္သူက အေလးအနက္ေျပာမည့္ပုံေပါက္တာမို႔ သူစေနာက္ေနတာကို ရပ္တန့္လိုက္သည္။

" ကဲေျပာေျပာ ငါကစတာပါဟဲ့"

" သားငယ္မွာ ေကာင္မေလးရွိတယ္မလား
သူတို႔relationship က အဆင္ေျပေနလား"

တစ္ခါမွ စကားေတာင္ မစပ္ဘူးသည့္ အျခင္းအရာမို႔
သူန္သုန္ကိုယ္တိုင္လည္း အံ့ဩသြားရၿပီး
စိတ္ဝင္တစားရွိသြားသည္။

" အင္း ရွိတယ္ေလ သူတို႔ပထမႏွစ္မတက္ခင္ကတည္းကတြဲေနတာပဲ နင္နဲ႔ေတာင္ ဟန္ေနက Facebook မွာ friend မဟုတ္လား "

" အင္း ငါက gayတစ္ေယာက္မို႔ အတင္းလိုက္စြပ္စြဲေနတာမဟုတ္ဖူးေနာ္ သုန္ ငါ့အထင္ သားငယ္နဲ႔ ဦးေလးၾကား
တစ္ခုခု "

"စည္သူ "

နည္းနည္းက်ယ္ေလာင္စြာ ဟန့္တားမိေလေတာ့ ေဘးပတ္ဝန္းက်င္ကပါ ကြက္ၾကည့္လာၾကသည္မို႔ အသံကိုျပန္ေလ်ာ့လိုက္ရသည္။

"ေနဦး သုန္ ငါေျပာတာမၿပီးေသးဘူး
သားငယ္ ဒီတစ္ေခါက္ စင္ကာပူကျပန္လာေတာ့
ဦးေလးအတြက္ adidas capတစ္လုံးပါလာတယ္
ငါေျပာခ်င္တာက ငါ့အတြက္ ပါတာ မပါတာ မဟုတ္ဖူးေနာ္ ငါနဲ႔ ခင္မင္တဲ့အတိုင္းအတာနဲ႔
ဦးေလးနဲ႔ သားငယ္ရဲ့ ခင္မင္မွုအတိုင္းအတာက
အခ်ိန္ေတြ အေျခအေနေတြနဲ႔ ယွဥ္လိုက္ရင္ အကြာႀကီးကြာတယ္ဆိုတာ နင္သိၿပီးသားပါ သားငယ္နဲ႔ ငါဆိုတာ
ညီအကိုလိုျဖစ္ေနၿပီ အဲ့တာေတြထားပါေတာ့ ဦးေလးက
အဲ့ဦးထုပ္ကို sensitive ျဖစ္ေနလို႔ ငါ့အတြက္ပိုထူးဆန္းေနရာကေန ငါတို႔ တုတ္ထိုးသြားစားတဲ့ေန႔က သားငယ္ေဆာင္းလာတဲ့ ဦးထုပ္က ဦးေလးဆီကနဲ႔ အေရာင္ပဲကြဲတယ္
ဦးေလးက ဘယ္ေတာ့မွ အဲ့လိုေစ်းႀကီးေပးရတဲ့ ဦးထုပ္တစ္လုံးဝယ္မွာ မဟုတ္ဘူးေလ
ၿပီးေတာ့ ဦးေလးအေၾကာင္းေျပာလို႔ သားငယ္ ေခါင္းငုံ႔ၿပီး
ျပဳံးသြားတာကို ငါေတြ႕လိုက္ရတယ္ ဒီေလာက္နဲ႔ ဘာကို
အေသအခ်ာေျပာနိုင္ရတာလည္းလို႔ ငါ့ကိုမေမးနဲ႔
ငါ့စိတ္ထဲ သိေနတယ္"

"ဒီေတာ့ နင္ေျပာခ်င္တာက ငါ့ေမာင္က သူ႔ေကာင္မေလးကို cheating လုပ္ၿပီ gayေနတယ္ေပါ့ ဟုတ္လား "

"သားငယ္တစ္ေယာက္ထဲ ငါ ေျပာေနတာမဟုတ္ဖူး
သုန္ နင္ငါ့ကို စိတ္ဆိုးသြားလည္း ငါမတက္နိုင္ဘူး
စိတ္ကစားတာဆိုရင္ေတာ့ မျဖစ္သင့္ဘူးေလ ဒါက
စိတ္ကစားလို႔ ေပ်ာ္စရာေကာင္းတဲ့ အရာမဟုတ္လို႔
ငါနင့္ကို ေျပာျပတာ သားငယ္ဆိုတာ ငါ့အတြက္ ညီေလးတစ္ေယာက္ ဦးေလးဆိုတာလည္း ငါ့အတြက္ မိဘၿပီးရင္
ကိုးကြယ္ရမယ့္ ေက်းဇူးရွင္ပဲ "

"ေဆာရီး စည္သူ
ငါလက္မခံနိုင္တာမဟုတ္ေပမယ့္ အတင္းအားေပးအားေျမာက္တဲ့အထဲက မဟုတ္ေတာ့
နည္းနည္းစိတ္ရွုပ္သြားလို႔ ဒါေပမယ့္ ငါနင့္ကို ဘယ္ေတာ့မွ
အထင္မေသးခဲ့ဘူးေနာ္ နင္က ငါ့အတြက္ အကိုလိုေရာ
သူငယ္ခ်င္းလိုေရာ ငါယုံၾကည္ရတဲ့သူပဲ"

" အင္းပါ ငါတို႔နည္းနည္း ေစာင့္ၾကည့္ၾကတာေပါ့"

အဲ့ကတည္းက အခုျပန္တဲ့အထိ စည္သူနဲ႔ သုန္သုန္ၾကားတိတ္ဆိတ္သြားသည္။ စိတ္ဆိုးသြားၾကတာမဟုတ္ေပမယ့္
ကိုယ္စီ အေတြးမ်ားေနျခင္းသာ။

တကယ္ပဲ သားငယ္က စည္သူေျပာသလို စိတ္ကစားေနျခင္းလား ။ မဟုတ္ပဲ သူတို႔အထင္မွားေနေလသလား ဆိုတာ
သူတို႔ ေသခ်ာသိဖို႔လိုပါသည္။ ရင္းႏွီးရမည့္ အရာေတြမ်ားလြန္းသည့္ ကိစၥတစ္ခုမို႔ မလြန္ခင္ေသခ်ာသိထားမွ ရမည္မဟုတ္လား။

" မအိပ္ေသးဘူးလား"

အခုမွ ေရခ်ိဳးခန္းထဲကထြက္လာသည့္ သားငယ္က ေဘးမွာဝင္ထိုင္ရင္း channels ေတြ တစ္ခုၿပီး တစ္ခုေျပာင္းေနသည္။

" ဟန္ေနနဲ႔ အဆင္ေျပရဲ့လား သားငယ္ "

ရိီမုတ္ကိုႏွိပ္ေနတဲ့ သားငယ္လက္ေတြ ရပ္တန့္သြားသည္။

" ေျပပါတယ္ why?"

"ဒီအတိုင္းေမးၾကည့္တာ "

" ေအာ္ "

Sport channel တစ္ခုကလာတဲ့ F1 ကားၿပိဳင္ပြဲက္ို
သားငယ္က စိတ္ဝင္တစားၾကည့္ေနတဲ့အခါ သူဘာမွ ထပ္မေမးမိေတာ့ဘဲ ေမာင္ျဖစ္သူ မ်က္နာေလးကို ေငးၾကည့္ေနမိသည္။

ေဘးတိုက္မို႔ ႏွာတံျမင့္ျမင့္နဲ႔ ႏွာေခါင္းခၽြန္ခၽြန္ေလးကလည္း သိသိသာသာျမင္ေနရသည္။ မ်က္ခုံးမထူတထူကလည္း မ်က္နာေခ်ာေခ်ာထပ္ တင့္တယ္ေနသည္။ကိုႀကီးေလာက္မျဖဴေပမယ့္ ဝါဝင္းဝင္းအသားအေရေၾကာင့္
ပိုၿပီး ၾကည့္ေကာင္းေနသည္။ ဟိုဘက္အမ်ိဳးကို သြားတူသည့္မို႔ မ်က္ေတာင္ေတြကလည္း ေယာက်ာ္းေလးျဖစ္ၿပီး
သုန္သုန္ထက္ေတာင္ ရွည္ပါေသးသည္။ သားႏွစ္ေယာက္လုံးက ေခ်ာတာမို႔ ေလးေလးနဲ႔ တီသြယ္တို႔ကို
သုန္သုန္ သူငယ္ခ်င္းမေလးေတြရဲ့မိဘေတြကေတာင္
ၾကဳံရင္ စေနာက္ျမဲမဟုတ္လား။

" သြားအိပ္ေတာ့ေလ မနက္ထရမွာ မလား"

" အင္း ဝင္ေတာ့မယ္ ခ်စ္တယ္ ငါ့ေမာင္ေလး"

ေခါင္းကဆံပင္ေတြကို ဖြကာ အခန္းထဲေျပးဝင္သြားသည့္ အစ္မျဖစ္သူကိုၾကည့္ကာ ေခါင္းသာခါမိသည္။

____________

အိပ္ေနတုန္း ႀကီးေမရဲ့ ေပ်ာ္ရႊင္ေနတဲ့ အသံက်ယ္က်ယ္ေၾကာင့္ သားငယ္ နိုးလာမိသည္။ ဒီေန႔ေနျမင့္တဲ့အထိအိပ္မည့္ သားငယ္ရဲ့ အစီအစဥ္ကေတာ့ ေပ်ာက္ခ်င္းမလွ ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

" ဒါဆို အန္တီတို႔ ဒီည ၃နာရီေလာက္ ထသြားၾကမယ္ေလ
ဟိုက္ို မိုးလင္းတာနဲ႔အေရာက္ေပါ့ ညေန ၃နာရီေလာက္ျပန္
ဒီကို ညေရာက္ေတာ့ ေနာက္ေန႔အလုပ္လည္း မပ်က္ေတာ့ဘူး မေကာင္းဘူးလားေဖႀကီး "

မ်က္နာသစ္ၿပီးထြက္လာသည့္တိုင္ ႀကီးေမရဲ့ စကားသံေတြက မပ်က္ေသးတာမို႔ သူအခန္းထဲက ထြက္လာလိုက္သည္။ႀကီးေမနဲ႔ ဘဘႀကီးတို႔နဲ႔ အတူတူထိုင္ကာ စကားေျပာေနတဲ့ ေက်ာျပင္ကို ျမင္ေတာ့ ေျခလွမ္းေတြ အလိုလို
ရပ္တန့္မိသြားသည္။

" သားငယ္ေလး နိုးၿပီးလား လာ ႀကီးေမ မနက္စာျပင္ေပးမယ္ သာကီ သားေရာ တစ္ခါထဲ ဝင္စားလိုက္ စည္သူနဲ႔ သုန္သုန္ကေတာ့ စားၿပီး ထြက္သြားၾကၿပီ"

ထမင္းစားပြဲေပၚ မ်က္နာခ်င္းဆိုင္ထိုင္ေနၾကေပမယ့္
ဘာစကားမွ မေျပာျဖစ္။ ေကာ္ရည္ေခါက္ဆြဲခ်က္စားတယ္ဆိုေပမယ့္ မၾက္ုက္တာေၾကာင့္ ေကာ္ဖီသာ ေသာက္ဖို႔ေတြးလိုက္သည္။

" ႀကီးေမ သား ေကာ္ဖီပဲေသာက္မွာ "

" ေခါက္ဆြဲမႀကိဳက္ဘူးလား"

" အင္း ေကာ္ရည္ေခါက္ဆြဲမႀကိဳက္ဖူး"

" ႀကီးေမသိပါတယ္ ဒီမွာ ေကာ္ဖီလည္း အဆင့္သင့္
ကိတ္မုန့္လည္း လွီးထားၿပီးၿပီ "

ေကာ္ဖီခြက္လာခ်ေပးတဲ့ ႀကီးေမကို ေခါင္းေမာ့ၿပီးရယ္ျပေတာ့ ဆံပင္ေတြ ဖြကာ " ႀကီးေမအသဲေလးအႀကိဳက္ အကုန္အလြတ္ရတယ္"ဟု ေျပာသည္။

ထြက္ေပၚလာတဲ့ ေဘာင္းဘီအိတ္ထဲကဖုန္းသံ က်ယ္က်ယ္ေၾကာင့္ ၾကည့္လိုက္မိေတာ့ ေခၚဆိုသူေနရာမွာ
အနီေရာင္အသဲပုံေလးက ထင္ထင္ရွားရွားမို႔ ဖုန္းကိုင္လိုက္ကာ စားပြဲမွ ထထြက္လာၿပီး အခန္းဆီျပန္ဝင္လိုက္သည္။

သြားခၽြန္ခၽြန္ေလးေတြေပၚေအာင္ ရယ္ျပေနတဲ့ ဉာဏ္က
လူေခ်ာေလးဆိုတာ တကယ္ျငင္းစရာမရွိ ။ ႐ုပ္တည္ေလးနဲ႔ ေနတတ္ေပမယ့္ ႀကီးေမတို႔ သူ႔မိသားစုေတြေရွ႕ဆို အငယ္ဆုံးဆိုတဲ့အတိုင္း တကယ္ကေလးလို ခၽြဲေနတတ္သည္။  အခုလည္း ဉာဏ္ရဲ့ ေကာင္မေလးဖုန္းမွန္း
အမွတ္မထင္ျမင္လိုက္တဲ့ contact ေလးေၾကာင့္ သိလိုက္ပါသည္။ အခုတေလာ ဒီေကာင္ေလးကို ခင္တြယ္ေနမိလို႔လားေတာ့မသိဘူး အတူတူထိုင္ေနရင္း အခုလိုထထြက္သြားေတာ့ စိတ္ထဲ ဘာမွန္းမသိတဲ့ခံစားခ်က္ႀကီး ဝင္လာသည္။

" ႀကီးေမတို႔ကသာ ကေလးေလးေတြလို႔ထင္ေနတုန္း သူတို႔က ခ်စ္သူေတြဘာေတြ ထားတဲ့အရြယ္ေတာင္ေရာက္ေနၾကၿပီ"

ႀကီးေမစကားကို သူရယ္ရင္းသာတုံ႔ျပန္လိုက္သည္။
လက္ရာေကာင္းတဲ့ ႀကီးေမရဲ့ ေကာ္ရည္ေခါက္ဆြဲက
ဒီတစ္ေခါက္ သိပ္စားလို႔မေကာင္းဘူးျဖစ္ေနသည္။
႐ုတ္တရက္ စိတ္ေတြ ထိုင္းမိုင္းသြားတာ ဘာေၾကာင့္မွန္းလည္းမသိပါ။ ေခါက္ဆြဲပန္းကန္ကို ေမႊေႏွာက္ေနရင္း
မ်က္နာခ်င္းဆိုင္မွာ ျပန္ဝင္ထိုင္လာတဲ့ အရိပ္ေလးေၾကာင့္
ေမာ့ၾကည့္မိလိုက္သည္။

" သားငယ္ ႀကီးေမတို႔ ညက်ရင္ က်ိဳက္ထီးရိုးသြားရေအာင္ မနက္ျဖန္ ႀကီးေမေမြးေန႔ေလ "

" ဟုတ္"

" သားငယ္ေလးမျပန္ခင္ သြားရေအာင္ ေန႔ခ်င္းျပန္ပဲ
ဒီေန႔  ဟိုဘက္အိမ္ႀကီးေမလိုက္ပို႔ရင္း တစ္ခါထဲ
ေျပာခဲ့မယ္ ႏွင္းထက္နဲ႔ ေမေမကိုလည္း လိုက္ရင္လိုက္ခဲ့ဖို႔ေခၚမလို႔ေလ "

ႀကီးေမေျပာသမၽွကို ေခါင္းၿငိမ့္ေနတဲ့ ဉာဏ္က ကိန္မုန့္တစ္တုံးသာ ႏွိက္စားၿပီး ေကာ္ဖီပဲေသာက္ေနတာမို႔ ဒီေကာင္ေလး မနက္စာ စားတာနည္းတာပဲဟု ေတြးေနမိသည္။
ေဆး႐ုံသြားရမည့္ အခ်ိန္လည္း ကပ္ေနၿပီမို႔ စားေနတာကို
လက္စသတ္လိုက္သည္။

"အန္တီေရ စားလို႔ေကာင္းတယ္ဗ်ာ
ပန္းကန္တစ္ခါထဲ ေဆးခဲ့လိုက္မယ္"

" အမေလး မေဆးပါနဲ႔ရွင္ အဝတ္ေတြလည္း ေပကုန္လို႔
တို႔ေဒါက္တာႀကီး ရွိုးပဲ့ေနပါအုန္းမယ္"

အန္တီက ဝတ္ထားတဲ့ အျပာႏုေရာင္ရွပ္ကို ေမးေငါ့ျပရင္း
လက္ထဲက ပန္းကန္ကို ဆြဲယူသြားသည္မို႔ အားနာနာနဲ႔ လက္ေလ်ာ့လိုက္ရသည္။

" အားနာလိုက္တာ အန္တီရာ "

" ဒီေကာင္ေလး ဘာအားနာတာတုန္း တူဝရီးေတြၾကား
အားနာစရာလား"

" ဟုတ္ကဲ့ဗ်ာ ဒါဆို သြားၿပီ အန္တီ
ဉာဏ္ ကိုယ္သြားၿပီ "

အိမ္ထဲကလူေတြအကုန္လုံးကို ႏွုတ္ဆက္ကာထြက္သြားတဲ့ သာကီကေတာ့ ဉာဏ္လို႔​ေခၚလိုက္လို႔ ေက်ာက္႐ုပ္ႀကီးလို႔က်န္ခဲ့တဲ့ ေကာင္ေလးရဲ့အျဖစ္ကို မသိလိုက္ပါ။
ေကာ္ဖီခြက္ႀကီးကိုင္ကာ ၿငိမ္ေနတဲ့သူ႔ကို ႀကီးေမက လွမ္းတို႔မွ အသိျပန္ဝင္လာလို႔ ႀကီးေမကေတာင္ စေနာက္သြားေသးသည္။

အဲ့ဒီ ဉာဏ္ဆိုတဲ့ေခၚသံက
အသိစိတ္လြတ္ကာ ရင္ေတြခုန္လာတတ္သည္အထိ
ထူးျခားတယ္။

_________

ေနာက္တပိုင္း က်ိဳက္ထီးရိုးမွာေတြ႕မယ္ 😁

တကယ္ေတာ့ ကိုယ္က အရင္က လကၤာရည္ေကာ္ စာအုပ္ေတြ အကုန္ဖတ္ခဲ့တဲ့သူပါ။ ဒီအပိုင္းက အခုမွ editၿပီး တင္ေပမယ္ အရင္ေသာက္ဂ်ပု ေခြးဇာတ္မခင္းခင္ကတည္းက nov 13 2020က updatedခဲ့တာမို႔ နားလည္ေပးေစလိုပါတယ္ရွင့္

Continue Reading

You'll Also Like

1M 53.2K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1M 85.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
427K 22.4K 49
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
242K 9K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...