အပိုင်း(၂၂)

1.4K 183 21
                                    

နေ့လည်စာစားဖို့ ခနနားကြတဲ့အချိန်မို့ ထည့်လာတဲ့
ထမင်းဘူးအိတ်လေးကို ယူကာ ကိုမျိုးတို့အတွဲဆီ ဦးတည်လိုက်သည်။ သုံးယောက်လုံးအတွက် ထည့်လာတတ်တဲ့ မပိုးက ကိုယ်တိုင်ဟင်းမချက်တတ်ပေမယ့် သူ့အိမ်ကနေတော့ အမြဲစုံစုံလင်လင်ဖွယ်ဖွယ်ရာရာထည့်လာတတ်သည်။

" လာ သာကီ မင်းအစ်မက ဒီနေ့ ဘဲပေါင်းထည့်လာတယ်ကွ"

ဇွန်းတပြင်ပြင်နဲ့ကိုမျိုးက ဗိုက်အတော်ဆာနေတဲ့ပုံမို့
သူရယ်လိုက်မိသည်။ ကိုမျိုးက တော်တော်စားနိုင်တဲ့အထဲပါသည်။ ကြေးအိုးတစ်ပွဲဆိုလည်း မဝတတ်တာမို့ တစ်ခါတလေအတူတူစားဖြစ်တဲ့အခါ မကုန်နိုင်တဲ့ကိုယ်က ဦးဦးဖျားဖျားသူ့အတွက် ဖယ်ပြီးမှ စားရသည်။
တခြားသူအပေါ်လည်း မနှမြောတတ်သူမို့ HSလေးတွေကိုဆို အမြဲမုန့်ဝယ်ကျွေးနေတတ်တဲ့သူမျိုး။

"ဘဲပေါင်းတကူးတကခေါ်ကျွေးရတာပေါ့
ငါတို့မောင်လေးက ဘဲရတော့မှာလေ"

"ဟာ အစ်မရာ ပေါက်တက်ကရ"

" အမယ် ကြည့်စမ်း ဒါက လူပျိုလေး ရှက်နေတာပေါ့"

မပိုးစနေတာကို ကိုမျိုးကလည်း ဘေးကနေ ရယ်ကာ
နှစ်ယောက်ပေါင်း လူကို ဝိုင်းနောက်နေကြသည်။ ဒီဆေးရုံမှာ မပိုးက ကျောင်းတက်ကတည်းက စီနီယာမို့ ရင်းနှီးပြီးသားဆိုပေမယ့် အလုပ်စဆင်းကတည်းက ညီတစ်ယောက်လို ဂရုစိုက်ပြီး လက်တွဲခေါ်တဲ့ ကိုမျိုးကတော့ တကယ်
စိတ်သဘောထားပြည့်ဝသူမျိုးဖြစ်သည်။

မပိုးက ဉာဏ့်ကိုတကယ်သဘောကျနေရှာတာ။
"လူကလက်တောက်လောက်လေး ရုပ်က နင့်ကိုနိုင်စားမည့်ရုပ်"ဟု သဘောတကျရယ်ကာ ခနခနပြောတတ်သည်။
နှစ်ယောက်လုံးက စည်သူနဲ့တိုင်ပင်ရမှာ မျက်နာပူတာကြောင့် ပွင့်ပွင့်လင်းလင်းဖွင့်ပြောတဲ့အခါ ကိုမျိုးက မေးရိုးကြီး ပြုတ်ကျမတတ် အံ့ဩနေပေမယ် မပိုးကတော့
"ထင်သားပဲ"ဆိုကာ ပြုံးတုံ့တုံ့။ စနောက်တာမျ်ူးရှိပေမယ့် ရှေ့ရေးမှာ ရင်ဆိုင်ရမှာတွေပါ သတိပေးပြီး ဆင်ခြင်တွေးတောတတ်တဲ့ အရွယ်မို့ ငါ့မောင် ပျော်သလိုသာ ဆုံးဖြတ်ပါဆိုကာ ကိုယ့်ဖက်မှာရှိနေပေးသည်။

 NYAN'SWhere stories live. Discover now