အပိုင်း(၂၃)

1.2K 180 20
                                    

လေယာဉ်ဆိုက်မည့်အချိန်က ညနေ၅နာရီမှဆိုပေမယ့်
မနက်ပိုင်းဖြေရသည့်စာမေးပွဲခန်းထဲမှာတောင် ဖင်တကြွကြွဖြစ်နေသည့် ကိုယ့်အဖြစ်ကို ဘော်ဒါတွေက မျက်စောင်းတထိုးထိုးဖြစ်နေပေမယ့် ဂရုမစိုက်အား။ ၁၂နာရီမှ
စာမေးပွဲချိန်ပြီးသော်လည်း ၁၁နာရီ ၁၅မိနစ်ကတည်းက
ဉာဏ်က အပြင်ရောက်နေပြီဖြစ်သည်။လိုက်ချင်ပေမယ့်အချိန်ပြည့်မှ အခန်းထဲက ထွက်လာမည့်ဖွေးအား စိတ်မရှည်တာကြောင့် မစောင့်တော့ဘဲ စိုင်းဟတ်နဲ့အတူထားခဲ့ကာ ဟဲဟိုးဆင်းဖို့ လောနေသည် ကိုယ့်ကို အားဝေက
ကြိမ်ဆဲနေသည်။

"နေ့လည်စာတော့ အရင်စားပါရစေ ငထက်ရာ
ဗိုက်ထဲက အော်နေပြီဟ"

" ကျောင်းရှေ့မှာပဲ စားလိုက်တော့ မြန်တယ်"

" အခုမှ ၁၁နာရီတောင်မခွဲသေးဘူး
ဟဲဟိုးနဲ့ဒီကလည်း ငါမောင်းရင် ၁နာရီကျော်လောက်ပဲကြာတယ် မင်းက လေယာဉ်ကွင်းမှာ ၄နာရီလောက်သွားထိုင်စောင့်မလို့လား"

" နောက်ကျနေမှာစိုးလို့ကွ"

" ဟိုကဖြင့် အခုမှ အိမ်ကနေထွက်အုန်းမှာ
မဟုတ်ဘူး မင်းကိုက သောက်ပိုတွေလုပ်နေတာ လဒရဲ့
ငါနေ့လည်စာစားအုန်းမှာ မင်းဘာသာမင်း
စောင့်ချင်စောင့် မစောင့်ချင်နေ"

" အေးပါကွာ ငါစိတ်လောနေလို့ပါ
စားစား အေးဆေးစား"

မနေ့က ဖုန်းထဲမှာ လာမကြိုလည်းရတယ် စာကျက်ပါလို့ပြောလာတဲ့ ချစ်နေရသူသည် တကယ်ကို သူစိမ်းဆန်သည်။ ကိုယ်က ဘယ်လိုမှ သွားမကြိုဘဲမနေနိုင်တာကို အသိသိနဲ့ ပြောတတ်လိုက်လေခြင်းလို့သာ တွေးမိတော့သည်။
သူလာမည့်အကြောင်းပြောတော့လည်း အစစအရာရာ
သူ့ဘာသာသူအကုန်စီစဉ်ပြီးမှ ကိုယ့်ကိုအသိပေးခြင်းထြစ်သည်။ အကြောင်းပြချက်က ကိုယ့်စာကျက်ချိန်တွေ
အနှောင့်အယှက်ဖြစ်မည်စိုးလို့တဲ့။

စာမေးပွဲအတွင်း တစ်နေ့ဖုန်းတစ်ခါသာဆက်ပြီး
ကြာကြာလည်းဖုန်းပြောခွင့်မရ။ ကိုယ်က ညည်းတွားတော့လည်း " ဉာဏ်က လာခဲ့ဆ်ိုလို့ ကိုယ်လိုက်လျောထားတယ်လေ"ဆိုတဲ့စကားနဲ့ ချုပ်သည်။ မတတ်နိုင် အရာအားလုံး သူ့သဘောပေါ့ မသက်ဆိုင်သေးခင်အချိန်ကာလလေးမှာ သူငြိုငြင်သွားမှာ ကိုယ်မှ မလိုလားပဲ။

 NYAN'SWhere stories live. Discover now