အပိုင်း(၃၇)

1K 150 21
                                    

ခြံထဲ ကားဝင်လိုက်တာနဲ့ ပြောင်လတ်နေတဲ့ အိမ်က
ဘောစိပေါက်စစည်သူရဲ့ ကားကိုတွေ့လိုက်တာကြောင့် မျက်ခုံးပင့်မိသည်။ ကြည့်ရတာ ပါပါးဆီလာတာဖြစ်ပုံရသည်။ ယူစရာရှိတာတွေကို လက်တဖက်ကဆွဲကာ ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်လာမှ ဧည့်ခန်းမှာ လူစုံတက်စုံထိုင်နေကြတာကို မြင်လိုက်ရသည်။

" လူစုံနေပါလား"

မိဘနှစ်ပါးနှင့်အတူ အစ်မတို့ မိသားစုသုံးယောက်လည်း
ရှိနေသည်။ ကိုယ့်အသံကြားတော့ အိမ်က မားရဲ့ လက်တိုလက်တောက်ခိုင်းဖို့ခေါ်ထားတဲ့ အစ်မကြီးက မီးဖိုခန်းထဲက ထွက်လာကာ ကိုယ့်လက်ထဲက ထမင်းချိုင့်ခြင်းကို လာယူပေးသည်။

" ဒီနေ့စောသားပဲ သား"

" ဟုတ်တယ် ဂျူဒီချိန်းပေးမယ့် ဒေါက်တာကလည်း ကြ်ုရောက်နေတာနဲ့"

မားရဲ့ဘေးက နေရာလွတ်မှာ ဝင်ထိုင်ပြီး အိတ်ထဲက hand sanitizer ကို လက်မှာပွတ်ရင်း ဖြေလိုက်သည်။

" သားကို ပြောစရာရှိလို့စောင့်နေကြတာ"

"အော် ဘာပြောမလို့လဲ  ပြောလေ"

"သိမ့်ရဲ့ အဖေ သွေးတိုးပြီး ဦးနှောက်သွေးကြောပေါက်လို့
ရုတ်တရက် ဆေးရုံတင်လိုက်ရတယ် ဦးခေါင်းခွံ
ခွဲလိုက်ရတယ်တဲ့ ခွဲပြီးလည်း အခြေအနေက မပြောတတ်သေးဘူးပေါ့သားရယ် အဲ့တာ သားကို အကူအညီတောင်းချင်လို့တဲ့"

"သွေးကြောပေါက်သွားတာကို အချိန်မှီခွဲစိတ်နိုင်တယ်ဆို
မျှော်လင့်လို့ရပါတယ် သားက ဘာကူညီပေးရမှာလဲ မား"

" ဟိုမှာ ခွဲစိတ်ပြီးတာနဲ့ ပြန်ကောင်းလာဖို့ကြား လိုအပ်တဲ့ အချိတ်အဆက်တွေ သားကို စီစဉ်ပေးဖို့ အကူအညီ
တောင်းတယ် သားရဲ့ အသိထဲ ခေါင်းခွဲထားတဲ့ လူနာအတွက် ဦးနှောက် အာရုံကြော သီးသန့်ဆရာဝန်လိုမျိုးကအစပေါ့သားရယ်"

" ငါ့ညီ အဆင်ပြေမှပါ အစ်ကိုတို့ထပ် သာကီက
ပိုတက်ကျွမ်းတဲ့ နယ်ပယ်ဆိုတော့ ဟိုမှာ တစ်ရက်
နှစ်ရက်လောက်ပါပဲ"

ကိုယ့်ကို အားတုံ့အားနာဖြစ်နေတဲ့ ယောက်ဖမျက်နာအပြင် အစကတည်းက ငြင်းဖို့ စိတ်ကူးကလည်း မရှိလေတော့ ခေါင်းသာငြိမ့်ရတော့သည်။

 NYAN'SWhere stories live. Discover now