အပိုင်း(၄၂)

579 85 15
                                    

FaceTime မပြောနဲ့ massage တောင် မပို့တော့တဲ့ ဉာဏ်က စိတ်ကောက်နေတာအသေအချာပါပဲ။ LDRSဆိုတဲ့ ကာလကြီးကို ဖြတ်သန်းပြီးသွားချိန်မှာတော့ paid internship အတွက် documentary workshopက
ဖိလစ်ပိုင်နိုင်ငံက ရေတံခွန်တွေများစွာရှိတဲ့ မြို့ဖြစ်သည့် lligan cityကို  ၂လခန့်သွားလိုက်ရပြီးနောက်မှာတော့  နောက် project မစခင် ဉာဏ်က ခနပြန်လာရတော့မည်ဖြစ်သည်။  အဲ့ဒီအထိက ဘာပြသာနာမှာ မရှိသေး။ ပြသာနာစတာက လွန်ခဲ့တဲ့ ၂ရက် ဖုန်းပြောကြသည့်အချိန်မှ ဖြစ်သည်။

သကြင်္န်မရောက်ခင် ရှေ့တစ်လဆို ၁၀ရက်ခန့် နယ်မြို့တွေမှာရှိတဲ့ ရွာတွေဆီကို Volunteer သွားတတ်တာ နှစ်တိုင်းမဟုတ်တောင် ကိုယ်တို့သူငယ်ချင်းတွေ ကျောင်းပြီးကတည်းက အသင်းတစ်ခုဖွဲ့ပြီး လုပ်နေကြ အစဉ်အလာတစ်ခု။ အဲ့ဒီအချိန် ခွင့်ရက်ရတဲ့လူ သို့မဟုတ် လိုက်ဖို့ အဆင်ပြေတဲ့လူတွေက မဖြစ်မနေလိုက်ရပြီး လုံးဝ လိုက်ဖို့ အခြေအနေမပေးတဲ့ သူတွေသာ ကျန်နေခဲ့ရတာမျိုး။

ဒီအကြောင်းကို ဉာဏ်နဲ့စတွေ့ကတည်းက ထားဖြစ်တဲ့လယ်ကွင်းထဲမှ Facebook က profile အကြောင်းဉာဏ်မေးလာတုန်းက ပြောပြထားလို့ ဉာဏ်လည်းသိထားပြီးသားပင်။ နောက်ဆုံးတစ်ခေါက် Volunteer သွားပြီးပြန်လာတဲ့အခါက မှတ်မှတ်ရရ ဉာဏ်နဲ့ဆုံတဲ့နှစ်ဖြစ်သည်။ ဒီနှစ်တွေလည်း သွားဖြစ်ကြပေမဲ့ ကိုယ်ကမလိုက်ဖြစ်ခဲ့ခြင်းသာ။

ဒီနှစ်တော့ လိုက်မည်ဆိုကာ အားလုံးစီစဉ်ပြီးသား။ သွားမည့် ရက်ကလည်း Marchလ ၂၀ရက်နေ့ အဖြစ် သူငယ်ချင်းတွေနဲ့ အစီအစဉ်ဆွဲရင်း confirmed လိုက်ပြီဖြစ်သည်။ ကိုယ်တိုင်လည်း လိုက်ဖို့ အကုန် စီစဉ်ပြီး သူငယ်ချင်းတွေကိုလည်း ပြောလိုက်ပြီးနှင့်နေပြီ။ ပြီးတော့ ဒီနှစ်က ရန်ကုန်ကနေ ကားစီစဉ်ပြီးသွားရမည့် ခရီးဖြစ်လို့ ဦးဆောင်ပြီး စီစဉ်ရသည့်ကိုယ်က မလိုက်ဖြစ်တော့ဆိုရင်လည်းမဖြစ်ပြန်။ဉာဏ့်ကိုလည်း ဖုန်းပြောရင်း ပြောပြမလို့ တွေးထားပြီးသား။ ဒါကို ဉာဏ်က ဘာမှမပြောရသေးခင်ဘဲ သူ ၂၃ရက်နေ့ ပြန်ရောက်မည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အကုန်စီစဉ်ထားပြီးကြောင်း "Surprise "ဆ်ုပြီး ပြောလာတော့ ကိုယ့်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိ။

 NYAN'SWhere stories live. Discover now