အပိုင်း(၁၅)

1.2K 160 17
                                    

အိမ်ရှေ့တံခါးတွေ သေချာပိတ်ပြီး အခန်းထဲပြန်ရောက်တော့ ၉နာရီထိုးတော့မည်။ စည်သူကလည်း
သူ့အခန်းထဲမှာ ရေချိုးနေသည်ထင် ရေကျသံတိုးတိုးကိုကြားနေရသည်။ အဝတ်မလဲရသေး၍ ကုတင်ပေါ်
မလှဲချင်တာကြောင့် စာရေးစားပွဲမှာသာ မှီထိုင်ပြီး မျက်လုံးတို့ခနမှိတ်ထားလိုက်သည်။

အတွေးတွေက ဒီနေ့ခရီးစဉ်မှာ ပင်ပန်းနေတဲ့ ဉာဏ်ရဲ့မျက်နာကို ပြန်တွေးနေမိသည်။ တစ်အိမ်လုံးက ဖူးဖူးမှုတ်ထားမှန်းသိသာလောက်အောင် ပင်ပန်းသည့်ဒဏ်မခံနိုင်တဲ့ကောင်လေး ။ ကိုယ်ရှေ့တင် တစ်လကျော်လေးအတွင်း နေမကောင်းဖြစ်နေတာ နှစ်ခါရှိပြီမဟုတ်လား။

နားရွက်တွေနီတွတ်နေတဲ့အထိ အဖျားတက်နေတဲ့အချိန် ၊
ဒီနေ့လို တစ်မျက်နာလုံးဖြူစုတ်ကာ မျက်လုံးတွေမဖွင့်နိုင်တဲ့အချိန်ဆို ဆရာဝန်တစ်ယောက်အနေနဲ့ မစိုးရိမ်ရမှန်းသိသော်လည်း ဝေဒနာ ခံစားနေရတဲ့ သူ့ကိုကြည့်ပြီး
လူက နေရခက်လွန်းလှသည်။

ဒေါက် ဒေါက်

" တံခါးဖွင့်ထားတယ်"

" dryer လာယူတာ ရေမချိုးဘူးလား "

" ချိုးမှာ ညောင်းလွန်းလို့ မလှုပ်ချင်တော့ဘူး"

" တစ်ယောက်က အသွား တစ်ယောက်ကအပြန်
လိုက်လည်းလိုက်တယ်"

"ဘာကိုလဲ "

ဆံပင်မှုတ်နေရင်း ဆူညံနေတာကြောင့် ရော စည်သူခပ်တိုးတိုးပြောတာကို လုံးဝနားမလည်တာမို့
မေးမိသော်လည်း မျက်နာမဲ့ရွဲ့ကာ ပုခုံးတွန့်ပြသည်။ စည်သူ့မျက်နာကိုကြည့်ပြီး တစ်ခုခုမဟုတ်တာတွေပြောတော့မယ်ဆိုတာကို ရိပ်မိလိုက်သည်။

" ပေါက်တက်ကရတွေ မပြောနဲ့ စည်သူ
ခေါင်းခြောက်ရင် သွားအိပ်တော့ "

" ပေါက်တက်ကရ မဟုတ်ဘူး အတည်ပြောမယ်"

Dryer ကို နေရာတကျပြန်ထားပြီး မွေ့ရာပေါ် တက်ထိုင်ကာ စည်သူက မျက်နာကိုတည်လိုက်သည်။ ပြီးတော့
သက်ပြင်းအရှည်ကြီးချလိုက်သေးသည်။

" ဦးလေး သားငယ်ကို ဘယ်လိုမြင်လဲ"

" အင် ဘယ်လိုမြင်ရမှာလဲ  ဒီအတိုင်းပဲပေါ့
Socialတော့ အရမ်းမဆိုးနေပါဘူး
ဒါပေမယ့် အန်တီတို့အိမ်က အငယ်ဆုံးမို့အလိုလိုက်ထားတော့  နည်းနည်း spoiled ဖြစ်နေတယ်  ဒါပဲလေ"

 NYAN'SWhere stories live. Discover now