အပိုင်း(၃၁)

972 134 21
                                    

ဒီနေ့က နှစ်တစ်ခုရဲ့ ပထမဆုံးရက်။

နေ့ရက်တိုင်းနီးပါး ဉာဏ်နဲ့တွေ့ရုံတွေ့ရတဲ့ ရက်တွေရှိသလို
တနေကုန်နီးပါးအတူတူရှိနေခဲ့တဲ့ ရက်တွေကို ဖြတ်ကျော်ပြီးနောက်ပိုင်း အခုလို ဉာဏ်မရှိတဲ့ရက်ပိုင်းလေးက အရမ်းပျင်းဖို့ကောင်းသည်။

ဘန်ကောက်ကို မောင်နှမနှစ်ယောက် အဒေါ်ဖြစ်သူနဲ့ New Yearပိတ်ရက်မှာ လည်ပတ်ရင်းသွားရမည့်အကြောင်းပြောလာတော့ ကိုယ်စိတ်ကူးထားသမျှ အစီအစဉ်တွေဟာ တစ်စစီ။ ဒါပေမယ့် အပြစ်မဆိုရက်ပါ ။ဉာဏ်က မသွားချင်နေတာ အသိသာကြီးပဲ မဟုတ်လား။ ဒီတစ်ခါတော့ ဉာဏ်က အရင်လို ဉာဏ်များလိုက်ဖ်ို့​တွေးပေမယ့် ခေါင်းခါပြီး ငြင်းပစ်သူက ကိုယ်တိုင်သာ။ ဒီကိစ္စတွေဖြစ်သွားပြီးတဲ့နောက် ဉာဏ်က ကိုယ်နဲ့ပတ်သတ်ပြီး insecurity တစ်ခုကိုပြသတယ် ။ အဲ့ဒါကတော့ "ကိုယ်က သူ့ကို ဆွဲထားမှာမဟုတ်ဘူး"ဆိုတဲ့ စိတ်ရှိနေခြင်းပဲ။

မနေ့ညက စည်သူက Count down partyတစ်ခုကိုအတူလိုက်ဖို့ ခေါ်ပေမယ့် ခေါင်းခါရင်း အိမ်မှာပဲ နေလိုက်တယ် ။ ညစာစားပြီးကတည်း dataဖွင့်ကာ စောင့်နေခဲ့ပေမယ့် ဉာဏ်က ဖုန်းဆက်ဖို့နေနေသာသာ ကိုယ့်စာတွေကိုလည်း seenပင် မပြပါ။  ဒါနဲ့များ ဉာဏ်က သူက ပိုမခွဲနိုင်သူပါတဲ့။ ကိုယ်က မင်းလိုထုတ်မပြောတာပဲရှိတာပါ ဒီရင်ခွင်ကိုဝင်ကြည့်ရင် မင်းနဲ့ပတ်သတ်တဲ့ ခေါင်းစဉ်တွေက အပြည့်ပါ။

မနေ့ညက ၁နာရီကျော်မှ ပြန်လာတဲ့စည်သူကို တံခါးထဖွင့်ပေးပြီးကတည်း ပြန်အိပ်မပျော်တာမလို့ အခုနိုးတော့ မနက်၁၀နာရီ။ နားရက်မလို့ စိတ်ချလက်ချအိပ်ပစ်လိုက်တာ ဒီအချိန်တောင်ရှိသွားပြီဖြစ်သည်။ နိုးနိုးချင်း ရှုပ်ထွေးလာတဲ့ စိတ်တွေကြောင့် ခေါင်းခါကာအကြောဆန့်ရင်း ထဖို့ပြင်လိုက်သည်။

ရေချိုးပြီး တနေကုန် အပြင်ပတ်သွားမယ်လို့ တွေးမိတော့ ပြုံးမိသည်။ အင်း...ဟုတ်တယ် ဒါ မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ သူရဲ့အချိန်ဖြုန်းနည်းတစ်ခုပဲ။ တနေကုန် YBSပေါ် တက်လိုက်ဆင်းလိုက် ရောက်တက်ရာရာတွေသွားရတာ ။
ဖုန်လည်းမယူသွားပဲ ဘယ်သူ့ကိုမှလည်း အဆက်အသွယ်မလုပ်ပဲ တစ်ယောက်တည်း မြို့ထဲပတ်ရတာ တကယ်သဘောကျဖို့ကောင်းတယ်။ ကျောင်းတက်တုန်းကဆို ထီးတစ်ချောင်းကိုင်ပြီး တနေကုန် တိုးကြပ်နေတဲ့ ဘတ်စ်ကားတွေ လိုက်စီးတာ။

 NYAN'SWhere stories live. Discover now