အပ်ိုင်း(၃၃)အဆက်

992 123 21
                                    

ညနေ ၃နာရီလောက်ရောက်တော့ ဟိုတယ်ကမှာလိုက်တဲ့ အုန်းသီးနှစ်လုံးကိုင်ကာ နှစ်ယောက်သား
ကမ်းခြေဖက်ကို ထွက်လာကြသည်။ ဟိုတယ်က ကျောက်ဆောင်ပေါ်မှာ ဆောက်ထားတာမလို့ လှေကားထစ်တွေကနေ တစ်ဆင့် ကမ်းစပ်ဆီကို ဆင်းလာလိုက်သည်။
ဒီဖက်မှာ ဟိုတယ်မှာတည်းနေတဲ့လူတစ်ချို့သာ ရှိပြီး ကမ်းခြေဖက်နှင့် ယှဉ်ရင် သီးသန့်ဆန်ပြီး လူရှင်းနေသည်

အသားပျော့ပျော့ ရှပ်လက်ရှည်က လေမှာ
တလွင့်လွင့်ဖြစ်နေကာလက်ဖမိုးအထိ နေဒဏ်ကို
ကာကွယ်ထားပေမယ့် အောက်က ဒူးလောက်သာရှိသည့် ဘောင်းဘီတိုကြောင့် တစ်ခါမှ သေချာမမြင်ဖူးသည့် ခြေသလုံးသားဖြူဖြူတွေက အမွေးအမျှင် ခပ်ရေးရေးသာရှိသည်။ 

ရေချိုး နေ့လည်စာစားပြီးကတည်းက ဝရံတာက အမိုးလေးနဲ့ အလှဆင်ထားတဲ့ ခုံမှာ လှဲနေတာ အခုမထွက်လာခင်အထိ။ခုနက သူပဲ စနမ်းပြီး ကိုယ်ပြန်နမ်းတော့ အသားယူတာတဲ့။ ဒေါက်တာကြီးက ဘယ်လိုတောင် ဂျီဂျောင်ကျသလဲဆိုရင် အဲ့ဒါပဲကြည့်။

ရေဆော့ဖို့လည်း ပျင်းနေတာနဲ့ နည်းနည်းနေပူသက်သာတဲ့ နေရာမှာ ထိုင်ချကာ ပင်လယ်ထဲကို ငေးလိုက် သောင်ပြင်ပေါ် ဟိုငေးဒီငေးလုပ်လိုက်ဖြင့် အချိန်ဖြုန်းနေလိုက်သည်။ လည်ပင်းမှာဆွဲလာတဲ့ ကင်မရာကလည်း ဘာကိုမှ အခုထိ မရိုက်ရသေး။သဲပြင်ပေါ် ထိုင်ချလိုက်တော့ ပေါ်လာတဲ့ ပေါင်သားတွေဟာ ကိုယ်နှင့် ဒူးခေါင်းချင်းထိလုနီးပါးအခြေအနေမှာ ဖြူတဲ့အထဲ ပါသည့် ကိုယ့်အသားအရေနှင့် များစွာကွာခြားနေပြန်သေးသည်။

"ဘာရှာနေတာလဲ"

သူ့ရဲ့ ဖြူဖွေးနေတဲ့ ပေါင်သားတွေက်ိုကြည့်လိုက် ရောက်တာတစ်ရက်မပြည့်သေးဘဲ လေဒဏ်ကြောင့် နည်းနည်းအရောင်တက်လာတဲ့ ကိုယ့်အသားအရေကိုကြည့်လိုက် အလုပ်ရှုပ်နေတုန်း ကိုယ်တစ်ခုခုက်ို ရှာနေသည်အထင်နှင့်
မေးလာသည်။

" ဟမ် ဘာမှ မရှာပါဘူး"

" ခုနနေ ကိုယ်တို့အခန်း ဝရံတာကနေ နေဝင်တာကြည့်လို့ရတယ် ညစာစားမယ့်ချိန်မှ အောက်က ဘားကို ဆင်းရအောင်"

အခန်းက sea view roomကိုမှ upper base မလို့ နေဝင်တာကို သေချာမြင်နိုင်ပြီ မနက် အိပ်ရာထတာနဲ့ အိပ်ရာပေါ်ကနေ ပင်လယ်ကို တန်းမြင်နိုင်သည်။

 NYAN'SWhere stories live. Discover now