ဒီနေ့ ဆေးရုံနားရက်လည်းဖြစ်တာကြောင့် နေမြင့်တဲ့အထိ အိပ်လိုက်မိတာ နိုးလာတော့ ၈နာရီခွဲနေပြီဖြစ်သည်။ ဘေးကိုလှည့်ကြည့်မိတော့ ဉာဏ်က ငြိမ်ငြိမ်လေးအိပ်နေတုန်းပဲရှိသေးတာမလို့ နိုးသွားမည်စိုး၍
ကုတင်ပေါ်က ခပ်ဖွဖွလေးဆင်းလိုက်ပြီး အိမ်ရှေ့ခန်းထွက်လာတော့ စည်သူက အဖြူ နက်ပြာ ယူနီဖောင်းအပြည့်အစုံဖြင့် ကျောင်းသွားဖို့ ပြင်နေသည်။" အော် နိုးပြီလား အခုပဲ လာနိုးတော့မလို့"
"အင်း ဘာလိုလို့လဲ"
ရေကို ဖန်ခွက်ထဲထည့်နေရင်းမေးတော့ စည်သူက ရေခဲသေတ္တာကိုဖွင့်ပြီး တစ်ခုခုရှာနေသလိူကြည့်နေရင်း
ပြန်ဖြေသည်။"ဒီနေ့ presentation ရှိတယ် အဲ့တာ ကားယူသွားမလို့"
" ယူသွားလေ ဆီလည်း မနေ့ကမှ ထည့်ထားတာ ယူသွား မုန့်ဖိုးလိုသေးလား"
" ရတယ် ရှိသေးတယ် ကြည့်စမ်း ချိုချဉ်တွေတောင် ဝယ်ထည့်လို့ပါလား"
မနေ့က ဉာဏ်ယူလာတဲ့ သံဗူးအပြားလေးနဲ့ ချိုချဉ်ဘူးကို စည်သူက ကိုင်ကြည့်ရင်း လှမ်းစသည်။ စလည်းစချင်စရာပါ အရင်ကဆို အိမ်က ရေခဲသေတ္တာက ဟင်းချက်စရာနည်းနည်းနဲ့ ရေဘူးတွေသာ ပြည့်နေတာမျိုးဖြစ်သည်။ အခုတောင် ဉာဏ်လာနေမည့်တပတ်စာ ရေခဲသေတ္တာထဲ စည်ကားနေတော့ စည်သူတို့ အကြိုက်
စနောက်နေတော့သည်။"မနက်စာ ဘာစားထားလဲ"
" ထမင်းတွေ့လို့ ကြော်စားထားတယ်
ကျန်တော့မကျန်တော့ဘူး ထမင်းပေါင်းအိုးလည်း နှိပ်ထားပြီးပြီ "" အင်း အင်း ညနေ ဘယ်အချိန်ပြန်ရောက်မှာလဲ
အိမ်မှာ တစ်ခုခုလုပ်စားကြရအောင်
သုန်လေးတို့ကောခေါ်ခဲ့"" ၆နာရီလောက်ဆိုပြန်ရောက်လောက်တယ်
ဖုန်းဆက်လိုက်မယ်လေ ဒါရောလား"လက်မကို ပါးစပ်နားတော့ကာ လုပ်ပြလာတဲ့ စည်သူကြောင့်
"သောက်ချင်လို့လား ဆေးခန်းကနေအပြန်ဝင်ဝယ်
လိုက်မယ် ဉာဏ်လည်း ရှိနေတော့ သောက်ချင်သောက်လေ အိမ်မှာပဲ အကုန်လုံးခေါ်လိုက်တော့"