အပိုင်း(၅)

1.2K 162 24
                                    


ဘေးပတ်ဝန်းကျင်က စိမ်းစိုပြီး ပန်းတွေကလည်း
ရောင်စုံဖူးပွင့်နေသည်။ ကန်ရေပြင်ကျယ်ကြီးပေါ်
ဘဲငန်းဖြူဖြူလေးတစ်အုပ်ကလည်း ကူးခတ်သွားလာနေသည်။ အာ ဒါ ပြင်ဦးလွင်ကန်တော်ကြီးထဲမှာပဲ။
ငါဘာလို့ ဒီရောက်နေတာပါလိမ့်။

ဘေးဘီကိုလှည့်ကြည့်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရဘဲ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်။ မေမေတို့က ဘယ်ရောက်နေတာလဲ။ မတ်တပ်ရပ်ဖို့ လုပ်လိုက်ပေ
မယ့် ဘယ်လိုမှ ထလို့မရတာကြောင့် စိတ်တိုလာရသည်။

" ဉာဏ် "

ခေါ်သံတစ်ခုနဲ့အတူ သူ့ဘယ်လက်ဖမိုးက အညိုရောင်
အမာရွတ်ကို မြတ်မြတ်နိုးနိုး ပွတ်သပ်နေတဲ့ လက်တစ်ဖက်ကြောင့် မျက်ခုံးတို့ပင် တွန့်ချိုးသွားမိသည်။ ထူးဆန်းတာက ခေါင်းငုံ့နေတဲ့ထိုလူကြောင့် မျက်နာကိုမမြင်ရတဲ့ အပြင် လက်တို့ကလည်းခြေထောက်တွေအတိုင်း လုံးဝရွေ့လျားလို့မရ။

"အားးးးးး"

ရုတ်တရက်မော့လာတဲ့ မျက်နာတစ်ခုကြောင့်
သွေးပျက်မတတ်လန့်သွားတာကြောင့်
အကျယ်ကြီး အော်မိသွားသည်။ ဆက်ခနဲ မျက်လုံးတွေဖွင့်လိုက်တာနဲ့ အမှောင်ထုကြီးက
အရင်ဆီးကြိုသည်။ မာရသွန်အပြေးပြိုင်ပွဲမှာ ဝင်ပြေးထားသည့် အပြေးသမားသလို ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ ရင်ဘတ်နဲ့အတူ လည်ပင်းတစ်ဝိုက် ချွေးတွေလည်း
ရွဲနှစ်နေသည်။ အဲယားကွန်းကလည်း 25ဆိုတဲ့
နံပါတ်မီးလေး လင်းနေတာကြောင့်
အဲယားကွန်းလည်းဖွင့်ထားမိပါတယ်။

-ဘာ အိပ်မက်ကြီးလဲ ပေါက်တက်ကရတွေ ။

ဘေးက စားပွဲအသေးလေးပေါ်က ရေပုလင်းကိုဆွဲယူကာ
အားရပါးရ မော့ချပစ်လိုက်ပြီးမကြာ တုန်ယင်နေတဲ့
ရင်ဘတ်က နည်းနည်းတည်ငြိမ်သွားသည်။
ခေါင်းအုံးဘေးက ဖုန်းကို ဆွဲယူပြီးကြည့်လိုက်တော့
2:10AM ဆိုတာက Lock Screen မှာ အထင်းသား။
ဆက်အိပ်လို့မရတော့အောင် သူ့ရဲ့အာရုံတွေ စိတ်တွေက
လှုတ်ခတ်သွားခဲ့သည်မို့ အပေါ့ထသွားလိုက်သည်။

 NYAN'SWhere stories live. Discover now